Gazette

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ ဗုဒ္ဓဘာသာ ပညာရေးနှင့် သုတေသန ဖောင်ဒေးရှင်းတို့ စာချုပ်လက်မှတ်ရေးထိုး

**********

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (SIBA) နှင့် ရုရှားဖက်ဒရယ်နိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သုတေသန မြှင့်တင်ရေး ဖောင်ဒေးရှင်း (Foundation for the Promotion of Buddhist Education and Research) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာချုပ် (Cooperation Agreement) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မော်စကိုမြို့၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သဘောတူညီချက်၏ အဓိက ရည်ရွယ်ချက်များ
နှစ်ဘက်အဖွဲ့အစည်းများအကြား ဗုဒ္ဓဘာသာ စာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် နားလည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။

ပါဝင်မည့် ပူးပေါင်းဆောင်ရွက်မှုများ

ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သမိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း။

သင်ကြားရေး ဆရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများ အပြန်အလှန် လဲလှယ်၍ သင်တန်း ပို့ချခြင်းနှင့် သုတေသနပြုခြင်း။

ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၊ သမိုင်းဝင် နေရာများနှင့် ခေတ်ပြိုင် သင်ကြားမှုများဆိုင်ရာ ပူးတွဲ သုတေသနပြုခြင်းတို့ဖြစ်သည်။

အဆိုပါ စာချုပ်ကို သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးနှင့် ရုရှားဖက်ဒရယ်နိုင်ငံ ဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်၏ သက်တမ်းမှာ (၅) နှစ် ဖြစ်ကြောင်း သိရှိရပါသည်။


Sitagu International Buddhist Academy and the Russian Foundation for the Promotion of Buddhist Education and Research Sign Cooperative Agreement.

*****

On August 11, 2026, a mutual Cooperative Agreement was successfully signed in Moscow between the Sitagu International Buddhist Academy (SIBA) of Myanmar and the Foundation for the Promotion of Buddhist Education and Research of the Russian Federation.

Main Objectives of the Agreement

The agreement aims to strengthen academic cooperation and enhance mutual understanding between the two institutions in the fields of Buddhist literature, research, education, and culture.
Key Areas of Cooperation

Academic Events: Organizing conferences and academic seminars on Buddhist philosophy, history, and practice.

Exchanges: Conducting exchange programs for teaching staff, researchers, and administrators to facilitate lecturing and research.

Joint Research: Carrying out joint research on ancient Buddhist texts, historical sites, and contemporary teachings.

The agreement was signed by the Most Venerable Sitagu Sayadawgyi, the Chancellor of the Sitagu Buddhist Academies, and Mr. Alexey Maslov, President of the Russian Foundation and Asian Studies at a Russian State University. The contract is valid for a period of five (5) years.

20260812-01

20260812-01

20260812-01

20260812-01

20260812-01

20260812-01

20260812-01

20260812-01

20260812-01

သက်တော် ၉၀ သီတဂူအဓိပတိ ဆရာတော်ကြီး ဝါတွင်း စာဝါ စတင်ပို့ချ

**********

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၊ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီး၌ အဘိဓဇမဟာရဋ္ဌဂုရု၊ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးသည် ဉာတိကလဟ ဝူပသမန ဝတ္ထု နှင့် အတ္တဒဏ္ဍသုတ္တန် အပိုင်း (၁) ကို ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်) တွင် စတင်သင်ကြား ပို့ချပါသည်။

20260803-01

20260803-01

20260803-01

အိန္ဒိယမှာ အကြောင်းအမျိုးမျိုးဖြင့်အကျဉ်းကျ မြန်မာနိုင်ငံသားများအား အိမ်အပြန် လမ်းစရိတ်အလှူ တတိယအကြိမ်(၂၃-၇-၂၀၂၆)

**********

(က) သီတဂူဆရာတော်ကြီးသည် ၂၀၂၁၊ ၂၀၂၂ နှစ်တွေမှာ အိန္ဒိယနိုင်ငံပိုင် ကျွန်းစွယ်တွေပေါ်မှာ နယ်ကျွန်၍ နှစ်ရှည် ထောင်ကျခံရသူ မြန်မာနိုင်ငံသားများအား လေယာဉ်စရိတ်ပေးကာ ၂ ကြိမ် ကယ်ခဲ့သည်။

(ခ) ၂၀၁၅၊ ၂၀၁၆ နှစ်တွေမှာ မလေးရှားရောက် မြန်မာအကျဉ်းသား ၅၀၀ ကျော်အထိ လေယာဉ်စရိတ် ပေးကာ ကယ်ယူခဲ့သည်။

(ဂ) ၂၀၁၁/ ၂၀၁၂ ခုနှစ်တွေလောက်က သီရိလင်္ကာမှာ အခက်အခဲဖြစ်နေသော ကိုရင်လေးများ၊ သီလရှင် ဆရာလေးများအားလည် လေယာဉ်စရိတ် ပေးကာ အမိမြေသို့ ပြန်လည် ခေါ်ဆောင် ပေးခဲ့သည်။

(ဃ) ၂၀၂၁ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလမှာ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှာ ပိတ်မိနေသော မြန်မာနိုင်ငံသား ထောင်ဂဏန်းအထိ ခေါ်ယူပြီး မိမိကျောင်းတိုက်မှာ ရက် ၂၀ ကျွေးမွေးခဲ့သည်။

မိမိမှတ်မိသလောက်သာ မုဒိတာပွါးရအောင် တင်ပြပါသည်။

သီတဂူစတား

20260724-01

20260724-01

20260724-01

20260724-01

20260724-01

20260724-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 57 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈