**********
(က) သီတဂူဆရာတော်ကြီးသည် ၂၀၂၁၊ ၂၀၂၂ နှစ်တွေမှာ အိန္ဒိယနိုင်ငံပိုင် ကျွန်းစွယ်တွေပေါ်မှာ နယ်ကျွန်၍ နှစ်ရှည် ထောင်ကျခံရသူ မြန်မာနိုင်ငံသားများအား လေယာဉ်စရိတ်ပေးကာ ၂ ကြိမ် ကယ်ခဲ့သည်။
(ခ) ၂၀၁၅၊ ၂၀၁၆ နှစ်တွေမှာ မလေးရှားရောက် မြန်မာအကျဉ်းသား ၅၀၀ ကျော်အထိ လေယာဉ်စရိတ် ပေးကာ ကယ်ယူခဲ့သည်။
(ဂ) ၂၀၁၁/ ၂၀၁၂ ခုနှစ်တွေလောက်က သီရိလင်္ကာမှာ အခက်အခဲဖြစ်နေသော ကိုရင်လေးများ၊ သီလရှင် ဆရာလေးများအားလည် လေယာဉ်စရိတ် ပေးကာ အမိမြေသို့ ပြန်လည် ခေါ်ဆောင် ပေးခဲ့သည်။
(ဃ) ၂၀၂၁ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလမှာ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှာ ပိတ်မိနေသော မြန်မာနိုင်ငံသား ထောင်ဂဏန်းအထိ ခေါ်ယူပြီး မိမိကျောင်းတိုက်မှာ ရက် ၂၀ ကျွေးမွေးခဲ့သည်။
မိမိမှတ်မိသလောက်သာ မုဒိတာပွါးရအောင် တင်ပြပါသည်။
သီတဂူစတား






We have 25 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈