Gazette

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီး ကျပ်သိန်း (၁,၀၀၀) လှူဒါန်း

**********

စက်တင်ဘာ ၁၈၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ အလှူငွေကျပ်သိန်းတစ်ထောင် (ကျပ် ၁၀၀,၀၀၀,၀၀၀) လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလှူရှင်များနှင့် တပည့်ဒကာ၊ ဒကာမများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ဘုရားကြီး၏ ကိုယ်စား အလှူငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီးသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းအတွင်း စိုင်ကလုန်းနာဂစ်မုန်တိုင်း သင့်ခဲ့သည့် ပြည်သူများအတွက် လနှင့်ချီ၍ ကိုယ်တိုင်ကွင်းဆင်းကာ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း ကျပ်သိန်း (၈၅,၉၇၂) အထိ လှူဒါန်းထောက်ပံ့ခဲ့ဖူးသည်။

ထို့အပြင် ကြားကာလများတွင်လည်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့၌ ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများထံသို့လည်း အစဉ်အမြဲ ကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်...

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်တရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...

 

Sitagu Sayadaw Donates 1,000 Lakh Kyats for Flood Victims in Laymyethna Township, Ayeyarwady Region

September 18, 2026

A ceremony was held this morning (September 18) at the Sitagu Cakkhudana Hospital in North Dagon Township, Yangon Region, where the Most Venerable Sitagu Head Sayadaw donated 1,000 lakh kyats (100,000,000 MMK) for flood-affected people in Laymyethna Township, Ayeyarwady Region.

Led by the Most Venerable Sitagu Head Sayadaw, the donation ceremony was attended by the Chief Minister of Yangon Region, the Chief Minister of Ayeyarwady Region, donors, and disciples. During the ceremony, the Chief Minister of Yangon Region presented the financial aid on behalf of the Sayadaw, and the Chief Minister of Ayeyarwady Region accepted it.

Back in 2008, the Sitagu Sayadaw personally visited the affected areas in Ayeyarwady Region for months to conduct relief, aid, and rehabilitation operations for the victims of Cyclone Nargis, donating a total of 85,972 lakh kyats.

Furthermore, during the intervening years, the Sayadaw has continuously provided relief and support to flood victims in Ayeyarwady Region, Yangon Region, Kayin State, Rakhine State, and Sagaing Region.

May everyone be peaceful and happy like the cool Sitagu moon...

May the virtues of the good and noble shine everywhere..

20260921-01

20260921-01

20260921-01

20260921-01

20260921-01

20260921-01

သီတဂူဆရာတော်ကြီး နီပေါလ် ရေဘေးအတွက် ဒုတိယအကြိမ် အမေရိကန်ဒေါ်လာ ၁ သောင်းလှူ

**********

သီတဂူဆရာတော်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်အား ၂၆-၈-၂၀၂၆ နေ့က ဖြစ်ပွါးခဲ့သော တောင်ကျရေဘေးကြောင့် အသက် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးသွားသူတို့အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ တစ်သောင်း (ကျပ်သိန်း ၄၅၀)ကို ၁၃-၉-၂၀၂၆ ညနေခင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ နီပေါလ် သံအမတ် H.E Mr. Harishchandra Ghimire အား လှုဒါန်းခဲ့ပါသည်။

၂၀၁၅ ခုနှစ်ကလည်း မြေငလျင်ကြောင့် ဆုံးရှုံးသွားသူတို့အတွက် အမေရိကန်ဒေါ်လာ ၃ သောင်း လှူခဲ့သည်။

၂၀၁၉ ခုမှာတော့ နီပေါလ် သံအမတ်အား ဗုဒ္ဓရုပ်ပွါးဆင်းတုတော် အဆူ ၃၀ ကို လှူဒါန်းခဲ့သည်။

၂၀၁၄ ခုနှစ်က နီပေါလ်နိုင်ငံ လုမ္ဗိနီဥယျာဉ်မှာ စပွန်ဆာပေးပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီး ကျင်းပပေးခဲ့သည်။

202060915-01

202060915-01

202060915-01

202060915-01

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၁၉ ကြိမ်မြောက် မျက်စိအလင်းအလှူ စတင်

**********

၁-၉-၂၀၂၆ ပထမနေ့ ၆၁၈ ဦးအား စမ်းသပ်ပေးခဲ့သည်။

၂-၉-၂၀၂၆ နေ့မှာ စာရင်းပေးထားသူများအနက် ကျန် ၆၀၀ ကျော်ဦးအား ဖုန်းဖြင့် ဆက်သွယ်ပြီး ဖြစ်သည်။

ယခုအကြိမ်မှာ ၁၃၀၀ ကျော်ဦးရေ လက်ခံထားသည်။

စာရင်းပေးထားသူများ
အကယ်၍ ဖုန်း မရခဲ့သည်ရှိသော်
၂-၉-၂၀၂၆ နေ့ နောက်ဆုံးနေ့မှာ လာရပါမည်။

၃-၉-၂၀၂၆ နေ့မှ ၇-၉-၂၀၂၆ နေ့အထိ စမ်းသက်ပြီး မျက်စိဝေဒနာရှင်များအား ခွဲကုမှာဖြစ်ပါသည်။

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)
မြောက်ဒဂုံမြို့ ဘေလီတံတား၊ ဦးဝိစာရလမ်း ပင်လုံလမ်းဆုံ မီးပွိုင့် နာရီစင်မှတ်တိုင်

20260902-01

20260902-01

20260902-01

20260902-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 23 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈