**********
၁၄-၃-၂၀၂၆ နေ့ ညနေ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
သီတဂူဆရာတော်ကြီးနှင့်တကွ ပါမောက္ခ ကထိက ဆရာများက ရုရှားနိုင်ငံမှ Tomsk State University ပါမောက္ခချုပ်နှင့်အဖွဲ့ အား လက်ခံ တွေ့ဆုံပါသည်။
နှလုံးအထူးကုဆရာဝန်ကြီး၊ ခွဲစိပ်ဆရာဝန်ကြီး၊ ဗိသုကာပညာရှင်ပါမောက္ခတို့လည်းပါလာကြသည်။
ရုရှားနိုင်ငံမှာ ထိုတက္ကသိုလ်က လက်ခံ၍ ဗုဒ္ဓဘာသာဆိုင်ရာ ဖိုရမ်တစ်ခု ပြုလုပ်ဖို့လည်း ဆွေးနွေးပါသည်။




**********
၁။ သံဃာတော် အပါး ၁၀၀၀ နှင့်
၂။ သီလရှင်အပါး ၁၀၀၀ တို့အား
၂၄ ပြည်ပါ ဆန်အိတ် တစ်အိတ်စီ
ဆီ ၃ ပိဿာစီ ပဲ ဆား ဆေး
သင်္ကန်း တဘက် နဝကမ္မစသော လှူဖယ်များစွာတို့ကို လောင်းလှူပါသည်။
(၃-၃-၂၀၂၆) တပေါင်းလပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်







သီတဂူစက္ခုဒါနဆေးရုံ ၁၆ကြိမ်မြောက် အောင်မြင်စွာ ပြီးဆုံးပါပြီ။
၂၀၂၆ ဇန္နဝါရီလ ၂၇ ရက်မှာ စာရင်းသစ်ဖွင့် လက်ခံရရခဲ့ရာမှ
၂၀၂၆ ဖေဖော်ဝါရီ ၃၊၄၊၅ တို့မှာ ၁၅၃၀ဦးအား စမ်းသပ်စစ်ဆေးပေးပြီး
၂၀၁၆ ဖေဖော်ဝါရီ ၄၊၅၊၆၊၇၊၈ နေ့များမှာ ၄၅၀ ဦးအား ခွဲကုပေးသည်။
ဤကဲ့သို့ အောင်မြင်သော ကုသိုလ်ပြုပွဲမှာ ပါဝင်ကြသည့်
၁။ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေကု ဆရာဝန်ကြီးများနှင့် သူနာပြု အကူသူနာပြုများ
၂။ နယ်နယ်အရပ်ရပ်မှ အလှူရှင်များ
၃။ စေတနာ့ဝန်ထမ်းများဖြစ်ကြသော သီတဂူအထောက်ကူပြုအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အထွေထွေ ကာယဒါနလုပ်သားများ၊
၄။ သီတဂူကိုအားကိုးပြီး ရောက်လာကြသည့်မျက်စိဝေဒနာရှင်များ အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
လောကအလင်း အမြင်ရှင်း၊
ကြည်လင် အေးချမ်းကြပါစေ။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မိသားစု
၉-၂-၂၀၂၆





We have 58 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈