Gazette

ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ကျောင်းဖွင့်ပွဲ

**********

၉-၆-၂၀၂၄ နေ့ မနက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄/၂၀၂၅ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုခြင်း၊ ၂၀၂၃/၂၀၂၄ ပညာသင်နှစ် ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ကျောင်းစတင်ဖွင့်ခြင်းတို့ကို ပြုလုပ်ရာ သီတဂူအဓိပတိဆရာတော်ကြီး ကိုယ်တိုင် ချီးမြောက်သည်။

ဒေါက်ဝင်းမြင့်+ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး မြတ်မေတ္တာမွန် ကုမ္ပဏီလီမီတက် မိသားစုတို့က စာသင်သား ရဟန်း သီလရှင် ၁၅၀ တို့အား နဝကမ္မ ၅ သောင်းကျပ်စီနှင့် သင်္ကန်းဒွိစုံစီတို့ကို၎င်း၊ စာချဆရာတော် ၁၇ ပါးတို့အား ၂ သိန်းကျပ်စီတို့ကို၎င်း လှူဒါန်းပါသည်။

ဘွဲ့ယူကြသော ဗုဒ္ဓဓမ္မပါဒကကျောင်းသား/သူတို့က စာသင်သား တို့အား စာရေးကိရိယာများနှင့် စာချဆရာတော် ၁၇ ပါးတို့အား ၁ သိန်းကျပ်စီတို့ကို လှူဒါန်းကြပါသည်။

ဧည်ပရိသတ် ၄၀၀ ခန့်အား မြတ်မေတ္တာမွန်ကုမ္ပဏီလီမီတက် မိသားစုက ကျွေးမွေးဧည့်ခံပါသည်။

ဓာတ်ပုံ။ သီတဂူအောင်သန်းဝင်း
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20240610-01

20240610-01

20240610-01

20240610-01

20240610-01

20240610-01

20240610-01

20240610-01

သီတဂူဆရာတော်ကြီး နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံသို့ ရောက်

**********

(၂၀၂၄ ဇန္နဝါရီလ ၁၇/၁၈) အပြည်ပြည်ဆိုင်ရာသာသနာပြု အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ABCPအဖွဲ့၏ ဖိတ်ကြားချက်အရ အိန္ဒိယအစိုးရမှကြီးမှုးကျင်းပသော နယူးဒေလီမြို့ရှိ Asian Buddhist Conference for Peace (ABCP) အဖွဲ့၏အစည်းအဝေးသို့ကြွရောက်ချီးမြင့်အားပေးတော်မူပါသည်။

ABCP အဖွဲ့သည် Mongolia နှင့် အိန္ဒိယနိုင်ငံရှိသံဃာများမှဦးဆောင်ဖွဲ့စီးထားပြီး ၁၆ နိုင်ငံမှဗုဒ္ဓဘာသာခေါင်းဆောင်းများအဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။ ABCP မှ အိန္ဒိယအစိုးရ၏အထောက်အပံ့ဖြင့် ၁၂ ကြိမ်မြောက် General Conference ကိုကျင်းပရာဆရာတော်ကြီးအပါအဝင် နိုင်ငံ ၂၀ ကျော်မှဘာသာရေးခေါင်းဆောင်များ၊ အိန္ဒိယနိုင်ငံဒုတိယသမ္မတကြီးအမှုးပြုသောဝန်ကြီးများနှင့် ဗုဒ္ဓဘာသာနိုင်ငံများမှသံအမတ်များတက်ရောက်ခဲ့ကြပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20240119-01

20240119-01

20240119-01

20240119-01

20240119-01

20240119-01

သီတဂူဝန်ဆောင် သံဃာ့အဖွဲ့ တွေ့စုံပွဲ ပြုလုပ်

**********

၄-၁-၂၀၂၄ လွတ်လပ်ရေးနေ့မှာ ကျေးဇူးရှင်ဆရာတော်ကြီး ဦးဆောင်၍ တွေ့စုံ ဆွေးနွေးကြပါတယ်။
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ လုပ်ငန်းကြီးများ၏ သြဝါဒါစရိယ နှစ်ပါးအောက်မှာ သီတဂူဝန်ဆောင်သံဃအဖွဲ့သည် သာသနာပြုလုပ်ငန်းများ၏ ဦးဆောင်အဖွဲ့ဖြစ်ပါတယ်။

သီတဂူသာသနာပြုအဖွဲ့၏ အဓိက လုပ်ငန်းကြီးများမှာ
သီတဂူရေအလှူတော်
သီတဂူဆေးရုံများ
သီတဂူဗုဒ္ဓတက္ကသိုလ်များ
ပြည်တွင်းပြည်ပ သာသနာပြုကျောင်းများ စသည်ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230601-02 20230601-02 20230601-02

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 11 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈