Gazette

သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ သီရိလင်္ကာရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) လှူဒါန်း

**********

(ရန်ကုန်၊ ဒီဇင်ဘာ ၆၊ ၂၀၂၅)

သက်တော်ရှည် အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် သီရိလင်္ကာနိုင်ငံတွင် ရေဘေးဒဏ်သင့်၍ ဒုက္ခရောက်နေကြသော ပြည်သူများအတွက် ရည်ရွယ်၍ ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၅ ခုနှစ် ညနေပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သီတဂူဆရာတော်ဘုရားကြီးသည် သီရိလင်္ကာပြည်သူများ ရေဘေးဒဏ်ခံစားနေရကြောင်း ကြားသိရသည့်အတွက် များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း မိန့်ကြားခဲ့ပြီး၊ ဆရာတော်ဘုရားကြီးကိုယ်စား သီတဂူသာသနာပြုအဖွဲ့ လူကြီးများမှ သီရိလင်္ကာသံအမတ်ကြီး (မြန်မာနိုင်ငံဆိုင်ရာ) ထံသို့ သွားရောက်ကာ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ကို လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ဘေးဒုက္ခကြုံတွေ့နေရသော ကမ္ဘာအရပ်ရပ်မှ ပြည်သူများအတွက် စေတနာရှေ့ထား၍ ကူညီထောက်ပံ့မှုများကို အစဉ်အမြဲ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ထင်ရှားသည့် သာသနာပြုပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...

Sitagu Sayadaw Abhidhaja Maharatthaguru Donates US$ 10,000 for Sri Lanka Flood Victims (Yangon, December 6, 2025) The Long-Lived, Abhidhaja Maharatthaguru Sōḷasama Shwegyin Sasana-paing, Sitagu Sayadawgyi (Chief Abbot), made a monetary donation this evening, December 6, 2025, for the people of Sri Lanka who are suffering from the recent floods. The Sitagu Sayadawgyi expressed his profound sadness upon hearing about the flood disaster affecting the Sri Lankan people. On behalf of the Sayadawgyi, senior members of the Sitagu Missionary Group visited the Sri Lankan Ambassador (to Myanmar) and presented the donation of US$ 10,000. The Sitagu Sayadawgyi is a prominent religious figure and missionary in Myanmar, who consistently provides compassionate aid and support to people around the world facing various calamities. May you be as peaceful and prosperous as the Sitagu moon... May the Dhamma (virtue) shine everywhere...

20251208-01

20251208-01

20251208-01

သီတဂူဆရာတော်ကြီး ဗုဒ္ဓအဖြစ် ဖွားမြင်ရာ မြေမြတ်မဟာမှာ ဩဝါဒစကား ပြော

**********

သောဠသမ ရွှေကျင်နိကာယသံဃရာဇာ သက်တော်ရှည် သီတဂူဆရာတော်ကြီးသည် ဗုဒ္ဓဘူမိ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်မှာ အကြိမ် ၂၀ မြောက်ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ တိပိဋကရွတ်ဆိုပူဇော်ပွဲဖွင့်ပွဲအခမ်းအနားမှာ (၂-၁၂-၂၀၂၅) ဟောကြားခြင်းဖြစ်ပါသည်။

20251203-01

20251203-01

20251203-01

20251203-01

20251203-01

20251203-01

20251203-01

20251203-01

20251203-01

သီတဂူဆရာတော်ကြီးအထံ Tomsk State University က ပရော်ဖက်ဆာများ ရောက်လာ

**********

ရုရှားနိုင်ငံ ဆိုက်ဘေရီးယားဒေသမှ ရုရှားနိုင်ငံ အဆင့် ၄ ရှိတက္ကသိုလ်မှာ ဗုဒ္ဓစာပေဌာနတစ်ခု တိုးချဲ့ သင်ကြားလိုသည်ဖြစ်၍ ဆရာတော်ကြီးအထံ အကြံဉာဏ် တောင်းခံခြင်းဖြစ်သည်။

ဆရာတော်ကြီးက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအကြောင်း၊ သင်ကြားပုံစနစ်၊ ဘာသာရပ်များနှင့် လက်ရှိအလုပ်လုပ်နေကြသော ပါမောက္ခ ကထိကများနှင့် မိတ်ဆက်ပေးသည်။

လောလောဆယ် သင်ကြားရေးမှာ အွန်လိုင်းစနစ်ဖြင့် အစပျိုးပါ၊ နောက်ပိုင်း ပါမောက္ခ ၂ ပါးစီ အလှည့်ကျ ပို့ပေးမည်၊ လေယာဉ် လက်မှတ်နှင့် လစာ ပေးစရာ မလိုကြောင်း၊ နေစရာ စားစရ ဆေးစသည်တို့ကိုသာ စီမံပေးရန် မိန့်သည်။

20251022-01

20251022-01

20251022-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 58 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈