ယနေ့ဟာ တို့များရဲ့အကယ်ဒမီက တပည့်တို့ရဲ့ဘဝတစ်ခုနဲ့ တို့နိုင်ငံတော်အတွက် လှပတဲ့မှတ်တမ်းတင် လက်မှတ်ကလေးများ ပေးအပ်လိုက်တဲ့ မှတ်သားဘွယ် နေ့တစ်နေ့ပါပဲ။ နောက်ခံသမိုင်း ကြောင်းအရ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရာဇဝင် အမွေအနှစ်တို့၏ စုဝေးရာ ဤစစ်ကိုင်းတောင်မှာ တို့များရဲ့ သီတဂူသာသနာပြုအဖွဲ့ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ပညာရေးအဖွဲ့တို့ (Buddhist Academic Senate)က ဤသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်ခဲ့ကြတာဟာ စစ်ကိုင်းတောင်၏ ရှေးပညာရှိ သူတော်ကောင်းများ၏ ကျေးဇူးတော်အစုံကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ““ရေကြည်ရာ မြက်နုရာ”” ဟူသော နိမ့်ကျသောစိတ်ဓာတ်မျိုးကို တွန်းလှန်၍ ““မကြည်သောရေကို ကြည်အောင်လုပ်မည်၊ မနုသောမြက်ကို နုအောင်လုပ်မည်”” ဟူသော လူစွမ်းကောင်းစိတ်ဓာတ်တို့ ထွန်းကားစေလိုသော ရည်ရွယ်ချက်နဲ့ တက္ကသိုလ်ကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်တယ်။
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈