**********
အထူးကျေးဇူးတင်ရှိပါသည်
ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ မေတ္တာ ကရုဏာတို့ဖြင့် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ ၁၄ ကြိမ်မြောက် မျက်စိအလင်းအလှူမှာ ပါဝင်ကုသိုလ်ယူကြသည့်—
၁။ ၇ ရက်တိုင်တိုင် တနေကုန် အပင်ပန်းခံ၍ မျက်စိဝေဒနာရှင်များအား ကုသပေးသော ဆရာဝန်ကြီးများ၊ အထူးသူနာပြုများ
၂။ နေ့စဉ် အပင်ပန်းလည်းခံ အပြောအဆိုလည်းခံ ဝေယျာဝစ္စကုသိုလ်ယူကြသည့် စေတနာဝန်ထမ်းများ
၃။ မရှိမဖြစ် မပါမဖြစ် လိုအပ်သည့် ကုသိုလ်ရှင်များ အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါသည်။
၁၄ ကြိမ်မြောက်မျက်စိအလင်းအလှူမှာ စမ်းသပ် လူနာ ၂၀၇၆ ဦး၊ ခွဲကု လူနာ ၄၇၅ ဦး ၊ လေဆာပစ်ကု လူနာ ၄၇ ဦး တို့ကို ကုသပေးနိုင်ခဲ့ပါသည်။
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူစက္ခုဒါနဆေးရုံ
ရန်ကုန်







**********
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၁၄ ကြိမ် မြောက် မျက်စိအလင်းအလှူမှာ
၁၇-၉-၂၀၂၅ ပထမနေ့ ၆၈၆ ဦးအား စမ်းသပ် စစ်ဆေးပေးခဲ့ပါတယ်။
၁-၉-၂၀၂၅ နေ့က စာရင်းပေး တုံကင်ရထားသူ ၂၂၀၀ ဦးရေရှိပါသည်။
၁၇-၉-၂၀၂၅ နေ့မှ ၂၅-၉-၂၀၂၅ နေ့အထိ ဖြစ်ပါသည်။









**********
ဘွဲ့တံဆိပ်တော်တွင် သီတဂူဆရာတော်ကြီးသည် မြန်မာနှစ် ၁၃၈၃ နှစ်ကတည်းက သာသနာပိုင်ဖြစ်ကြောင်း၊ ရွှေကျင်သာသနာပိုင် အဆက်ဆက်၊ ဒုတိယသာသနာပိုင် အဆက်ဆက် တင်မြောက်ခြင်း သမိုင်းအကျဉ်းနှင့် ဆက်ကပ်ရခြင်းအကြောင်းကို အကျိုးတော်ဆောင်ချုပ်ဆရာတော် အဝေရာရာမရန်ကင်းဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသက လျှောက်ထားသည်။
ဘွှဲ့တံဆိပ်တော် အပြည့်စုံမှာ “ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ၊ မဟာနာယကဓမ္မသေနာပတိ၊ သောဠသမ” ဟု ဖြစ်ပါသည်။
အကျိုးတော်ဆောင်ဆရာတော်များနှင့် သီတဂူဗုဒ္ဓတက္ကသိုလ် ပါချုပ် ပါမောက္ခ ကထိက စာသင်သားများလည်း တက်ရောက်ပူဇော်ကြသည်။
နေရာ- စစ်ကိုင်း သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီ
နေ့ရက်- ၂၉-၈-၂၀၂၅




We have 59 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈