**********
၂၃-၉-၂၀၂၂ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယ သာသနာပိုင်ဆရာတော် သီတဂူအဓိပတိဆရာတော်ကြီးသည် စစ်ကိုင်းတောင် သီလရှင်ဆရာကြီး ဆရာလေး ၄၅၀၀ ကျော်တို့အား ဆွမ်းဆန်တော်များ လှူဒါန်းပါသည်။
၂၀၁၉-၂၀၂၀ နှစ်များက စစ်ကိုင်း မန္တလေး ရန်ကုန်ရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘာသာမျိုးစုံက ဘိုးဘွားရိပ်သာများ၊ မျက်မမြင်ကျောင်း၊ မသန်စွမ်းကျောင်းများအား ဆန်အိတ်ပေါင်း သောင်းနှင့်ချီ လှူဒါန်းခဲ့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
**********
သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ (ရန်ကုန်)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)
ကျေးဇူးရှင် သီတဂူအဓိပတိဆရာတော်ကြီးသည် အထွေထွေစီမံအုပ်ချုပ်ရေးအဖွဲ့ (ရန်ကုန်) ကို အောက်ပါရဟန်းတော်များပါဝင်စေလျက် ၂၀-၀၈-၂၀၂၂နေ့၊ ညနေပိုင်းတွင် ဖွဲ့စည်းပေးလိုက်သည်။
၁။ ဒေါက်တာ အရှင်ပညောဘာသ(ဥက္ကဋ္ဌ)
၂။ ဒေါက်တာ အရှင်ကောဝိဒသိရီ (အတွင်းရေးမှူး)
၃။ အရှင်ဓမ္မိက (ဘဏ္ဍာရေးမှူး)
၄။ ဒေါက်တာ အရှင်သုနန္ဒ (အဖွဲ့ဝင်)
၅။ ဒေါက်တာ အရှင်ခေမာစာရာလင်္ကာရ (အဖွဲ့ဝင်)
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)
**********
၉-၉-၂၀၂၂ ညနေပိုင်း၊ ရွှေကျင်နိကာယ သံဃရာဇာ၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီး အထံသို့ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ် H.E J.M.J.P Bandara လာရောက်ဂါရဝပြု နုတ်ဆက်ပါသည်။
သီတဂူဆရာတော်ကြီးက သီရိလင်္ကာနိုင်ငံ၏ ငွေကြေးအကြပ်အတည်းကို လူသားချင်း စာနာထောက်ထားသောအားဖြင့်၎င်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအားဖြင့်၎င်း အမေရိကန် ဒေါ်လာ တစ်သောင်း (၁၀၀၀၀) ကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ လှူဒါန်းလိုက်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
We have 27 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈