Gazette

စစ်ကိုင်းတောင်ရိုး ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော ဘုရားများ ပြုပြင်မွမ်းမံနေမှုများ (အပိုင်း၂) မှတ်တမ်း (၁၄.၈.၂၀၂၅)

**********

၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စေတီတော်၊ ပုထိုးတော်များ ပြိုကျပျက်စီးခဲ့ရပါသည်။ ငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးခဲ့ရပါသည်။

ယခု ၁၄.၈.၂၀၂၅ ရက်နေ့အထိ ၄ လတာအတွင်း စစ်ကိုင်းတောင်ရိုးရှိစေတီတော်များကို သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်ကာ တမ္ပဝတီဦးဝင်းမောင်မှ ဒီဇိုင်းရေးဆွဲကာ ပြုပြင်မွမ်းမံလျှက်ရှိပါသည်။

ယခု ၄လ တာအတွင်း ပြုပြင်မွမ်းမံခဲ့သော စေတီတော်ကြီးများ၏ ပြုပြင်ပြီးစီးမှုမှတ်တမ်းအား အလှူရှင်များ ဝမ်းမြောက်ကြည်ညို သဒ္ဓါပွားများစေရန် ရည်ရွယ်ကာ ဖော်ပြလိုက်ပါသည်။

၅။ မင်္ဂလာမဟာစေတီတော် မင်္ဂလာမဟာစေတီတော်ကြီး၏ ပထမပစ္စယံ၊ ဒုတိယပစ္စယံ၊ တတိယပစ္စယံ များတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် အက်ကွဲများကို ပြုပြင်မွမ်းမံပြီးပါပြီ။ ယခုအခါစေတီတောကြီး၏ ပစ္စယံအပေါ်ခေါင်းလေးတော်မှ စကာ ပြုပြင်မွမ်းမံနေပါသည်။

၆။ ထူပါရုံစေတီတော် ထူပါရုံစေတီတော်ကြီးတွင် ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် ပစ္စယံအပေါ်ရှိအက်ကွဲကြောင်းများကို မကြာမီ ငြမ်းများထိုးကာ ပြုပြင်မွမ်းမံမည်ဟု သိရပါသည်။

၇။ မဟာစည်းခုံကြီးစေတီတော် မဟာစည်းခုံကြီးစေတီတော်ကြီး၏ ပစ္စယံအပေါ်ခေါင်းလောင်းအောက်ခြေမှစကာ ဝါးငြမ်းများ ထိုးထားပါပြီ။ မကြာမီ ပြုပြင်မွမ်းမံမှုစတင်မည်ဟု သိရပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...

 

A record of the renovation of pagodas destroyed by the Sagaing Hills earthquake. (14.8.2025)

 

The Sagaing Hills earthquake that struck on 28.3.2025 destroyed the pagodas and pagodas in the Sagaing Hills. The earthquake destroyed the cultural heritage of the Sagaing Hills. Until now, as of 14.8.2025, the pagodas in the Sagaing Hills have been renovated for 4 months under the leadership of the Sitagu Adhipati Sayadaw and designed by Tampawadi U Win Maung. The completion of the renovation of the pagodas that have been renovated in the past 4 months is presented with the aim of increasing the joy and devotion of donors.

5. Mingalar Maha Pagoda The first, second, The cracks in the third pagoda that were damaged by the earthquake have been repaired. Now, the renovation work is starting from the top of the pagoda.

6. Thuparyon Pagoda It is known that the cracks in the pagoda that were damaged by the earthquake in Thuparyon Pagoda will soon be repaired with scaffolding.

7. Maha Sikongyi Pagoda Bamboo scaffolding has been installed starting from the bottom of the bell tower of the Maha Sikongyi Pagoda. It is known that the renovation work will start soon.

 

May the Sita Gu San Lapa live in peace...
May the good Dhamma shine everywhere...

20250815-01

20250815-01

20250815-01

20250815-01

20250815-01

20250815-01

20250815-01

20250815-01

20250815-01

20250815-01

ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ ကျပ်သိန်း(၁၀၀၀)ကရုဏာအလှူတော်

**********

၅.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးညွှန်ကြားမှုဖြင့် သီတဂူဆရာတော်ကြီး၏ ကပ္ပိယ ဆရာငြိမ်းဦးဆောင်သော သီတဂူကပ္ပိယများမှ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ (ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေးဩဝါဒစရိယ) စိတ္တဝိဝေကတောရကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တဆရာတော်အား ကရင်ပြည်နယ်ရေဘေးသင့် ပြည်သူများအတွက် အလှူတော်ငွေ ကျပ်သိန်း(၁၀၀၀)ကရုဏာအလှူတော်ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ကရင်ပြည်နယ်ရှိရေဘေးသင့်ဒုက္ခသည်များ အမြန်ဆုံးလွတ်မြောက်ပါစေ...


သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..

20250806-05

20250806-01

20250806-01

သီတဂူဆရာတော်ကြီးက သီပေါသီတဂူစက္ခုဒါနဆေးရုံအတွက် ကျပ်သိန်း ၅၀၀ လှူ

**********

သီတဂူစက္ခုဒါနဆေးရုံများ၏ အဓိပတိဆရာတော်ကြီးရှမ်းပြည်နယ် မြောက်ပိုင်း သီပေါသီတဂူစက္ခုဒါနဆေးရုံမှာ ဆိုလာလျှပ်စစ်မီးတပ်ဆင်ရာတွင် လွယ်ကူချောမောစွာ ပြီးမြောက်နိုင်ပါရန် သိန်းငါးရာကျပ်တိတိ စွန့်ကြဲလှူဒါန်းပေးပါသည်။

ဓာတ်ပုံ သတင်း= သီပေါစက္ခုဒါနဆေးရုံ ဆရာတော်

20250530-01

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 27 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈