**********
မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (SIBA) နှင့် ရုရှားဖက်ဒရယ်နိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သုတေသန မြှင့်တင်ရေး ဖောင်ဒေးရှင်း (Foundation for the Promotion of Buddhist Education and Research) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာချုပ် (Cooperation Agreement) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မော်စကိုမြို့၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
သဘောတူညီချက်၏ အဓိက ရည်ရွယ်ချက်များ
နှစ်ဘက်အဖွဲ့အစည်းများအကြား ဗုဒ္ဓဘာသာ စာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် နားလည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။
ပါဝင်မည့် ပူးပေါင်းဆောင်ရွက်မှုများ
ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သမိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း။
သင်ကြားရေး ဆရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများ အပြန်အလှန် လဲလှယ်၍ သင်တန်း ပို့ချခြင်းနှင့် သုတေသနပြုခြင်း။
ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၊ သမိုင်းဝင် နေရာများနှင့် ခေတ်ပြိုင် သင်ကြားမှုများဆိုင်ရာ ပူးတွဲ သုတေသနပြုခြင်းတို့ဖြစ်သည်။
အဆိုပါ စာချုပ်ကို သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးနှင့် ရုရှားဖက်ဒရယ်နိုင်ငံ ဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်၏ သက်တမ်းမှာ (၅) နှစ် ဖြစ်ကြောင်း သိရှိရပါသည်။
Sitagu International Buddhist Academy and the Russian Foundation for the Promotion of Buddhist Education and Research Sign Cooperative Agreement.
*****
On August 11, 2026, a mutual Cooperative Agreement was successfully signed in Moscow between the Sitagu International Buddhist Academy (SIBA) of Myanmar and the Foundation for the Promotion of Buddhist Education and Research of the Russian Federation.
Main Objectives of the Agreement
The agreement aims to strengthen academic cooperation and enhance mutual understanding between the two institutions in the fields of Buddhist literature, research, education, and culture.
Key Areas of Cooperation
Academic Events: Organizing conferences and academic seminars on Buddhist philosophy, history, and practice.
Exchanges: Conducting exchange programs for teaching staff, researchers, and administrators to facilitate lecturing and research.
Joint Research: Carrying out joint research on ancient Buddhist texts, historical sites, and contemporary teachings.
The agreement was signed by the Most Venerable Sitagu Sayadawgyi, the Chancellor of the Sitagu Buddhist Academies, and Mr. Alexey Maslov, President of the Russian Foundation and Asian Studies at a Russian State University. The contract is valid for a period of five (5) years.









We have 25 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈