ပြည်ခရိုင်၊ သဲကုန်းမြို့၊ သီတဂူဆရာတော်ကြီး၏မွေးရပ်မြေတွင် (၂၇) ရုံမြောက် “သီတဂူစက္ခုဒါနဆေးရုံတော်” အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်သည်။
သီတဂူကျန်းမာရေး၊ ပညာရေး စောင့်ရှောက်အဖွဲ့တို့သည် နာဂတောင်တန်းဒေသ၊ ဟုမ္မလင်းတို့ကို ရောက်ရှိ၍ ၃၁-၁၂-၂၀၁၃ မှ ၁၅-၁-၂၀၁၄ ရက်နေ့အထိ မျက်စိခွဲစိပ်ကုသခြင်း၊ သွားခံတွင်းကုသပေးခြင်း၊ နုတ်ခမ်းကွဲ အာခေါင်ကွဲများ ကုသပေးခြင်းအပြင် အထွေထွေကျန်းမာရေးများကိုပါ စစ်ဆေးကုသလျှက် ရှိရာ ထိုလူနာထဲတွင် သေသူဟုသတ်မှတ်ထားသော မောင်အောင်မင်းဟိန်းတစ်ယောက် သီတဂူဆရာတော်ကြီးနှင့် တွေ့ကြုံရသဖြင့် သူ့အတွက် မဟာ့မဟာကံထူးရှင် ဖြစ်ခဲ့ရသည်။
သူ့အပြင် သူ့လို ကံထူးရှင် ကလေးများကို နယ်ဒေသဆေးရုံတွေတွင် အဆင်မပြေသဖြင့် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံသို့ ခေါ်ဆောင်ကာ ဂရုတစိုက် ကုသပေးခြင်း စောင့်ရှောက်ပေးလျှက်ရှိသည်။ သီတဂူအာယုဒါနဆေးရုံမှ ဆရာ ဆရာမများ၏ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် ထိုကလေးများ စစ်ကိုင်းမှာ ပျော်နေကြသည်၊ စစ်ကိုင်းမှ မပြန်ချင်ဘဲ ရှိနေကြသည်။
ကျောက်ခဲကဲ့သို့မာကျောပြီး ဖောင်းကားနေသော မောင်အောင်မင်းဟိန်း၏ ဗိုက်ကလေးသည်လည်း တဖြည်းဖြည်း ပျော့ပြောင်းလာကာ အခြေအနေမှာ တိုးတက်လျှက်ရှိသည်။
သီတဂူဆရာတော်ကြီးသည် နယ်ဝေးများသို့ ဓမ္မဓူတခရီးကြွနေပေမဲ့ အဝေးကနေ တယ်လီဖုန်းဖြင့် ထိုကလေးများ၏ အခြေအနေများကို နေ့စဉ် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်ထံ မေးလေ့ရှိသည်။ ယခုအခါ စစ်ကိုင်းသို့ရောက်ခိုက် ထိုကလေးများကို သွားရောက်အားပေးသည်၊ သီတဂူအာယုဒါနဆေးရုံသို့ တက်ရောက်ကုသနေကြသော လူနာများကို အခါအားလျှော်စွာ သွားရောက် အားပေးခြင်း၊ ဆေးရုံတွင် သန့်ရှင်းမှုနှင့် လိုအပ်နေသည်များကို ဖြည့်ဆည်းခြင်း၊ မှာကြားခြင်းများ ပြုလုပ်လေ့ရှိသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
၁။ မျက်စိအထူးကု ဆရာ၀န်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိအထူးကု အဖွဲ့မှ ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိ ဝေဒနာရှင်ပေါင်း ၆၉ ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။
၂။ ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာ၀န်ကြီးဒေါက်တာ ပက်ထရစ်တိုးနက်ဦးဆောင်သောဆရာ၀န်/သူနာပြုအဖွဲ့က နှုတ်ခမ်းကွဲ ဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။
၃။ ဒေါက်တာ ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကု ဆရာ၀န်အဖွဲ့က ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး သွားဝေဒနာရှင်ပေါင်း ၁၂၂ ယောက်ကို နှုတ်ခြင်း၊ ဖာထေးခြင်း စသည်ဖြင့် ကုသမှုပေးခဲ့သည်။
ချင်းတွင်းအထက်ပိုင်းဒေသရှိ ဟုမ္မလင်းဒေသခံပြည်သူများက အလွန် ရိုးသား ကြင်နာတတ်ကြပြီး သဒ္ဓါတရားကောင်းကြသည်၊ ယဉ်ကျေးသိမ်မွေ့ကြသည်။ သူတို့တတွေမှာ လိုအပ်နေသည်ကား ကျန်းမာရေးစောင့်ရှောက်မှု၊ ခေတ်မီသည့် ကျန်းမာရေး၀န်ဆောင်မှုများ ကျန်းမာရေးအထောက်ကူပြု ပစ္စည်းများ လိုအပ်လျက်ရှိသည်။ ထိုဒေသရှိ တချို့မှာ လည်ပင်းကြီးရောဂါ၊ အသားပိုထွက်ရောဂါနှင့် ကင်ဆာရောဂါများ ရှိနေကြသဖြင့် စိုးရိမ်ရသည်။ထိုအထဲတွင် အသက်တစ်နှစ်သာရှိသေးသည် မောင်အောင်သက်နိုင်ဆိုသည့် ကလေးတစ်ယောက်လည်း ပါလာသည်။ သူသည် ထူးထူးဆန်းဆန်း မျက်လုံးများ ဖွင့်မရသည့် ရောဂါဖြစ်နေသည်။ မျက်ခွန်ကို လှုပ်ရှားပေးနေသည့် ကြွက်သားများ အားနဲနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ထိုဒေသသို့ သီတဂူကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်ရေးအဖွဲ့တို့ ရောက်ရှိသွားသည်။ ထိုကလေးငယ်လေးကိုလည်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။
သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့ တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံဖြစ်သော သီတဂူစက္ခုဒါနဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်နဝါရီ (၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။
We have 33 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈