ပြည်ခရိုင်၊ သဲကုန်းမြို့၊ သီတဂူဆရာတော်ကြီး၏မွေးရပ်မြေတွင် (၂၇) ရုံမြောက် “သီတဂူစက္ခုဒါနဆေးရုံတော်” အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်သည်။
ပြည်တွင်း ပြည်ပရှိ မျက်စိအထူးကုဆရာဝန်ကြီးများက (13- 2- 2014)နေ့မှ (19- 2- 2014)နေ့အထိ စမ်းသပ် စစ်ဆေး၊ ခွဲစိပ်ကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
တပိုတွဲလဆန်း (၁၄) ရက်နေ့မှ တပိုတွဲ လပြည့်ကျော် (၅)ရက်နေ့အထိ သီတဂူဓမ္မကထိကများဖြစ်ကြသော
၁။သီတဂူကြယ်တစ်ပွင့်
၂။ သီတဂူကြာတစ်ပွင့်
၃။ဦးတိက္ခသာရ
၄။ဒေါက်တာ ကိတ္တိဗလ
၅။ဒေါက်တာဣန္ဒက
၆။ဒေါက်တာဣ န္ဒာ စရိယ
၇။ ဦးဒေဝိန္ဒာဘိဝံသ တို့က ညစဉ်ဟောကြားပေးမည်ဖြစ်သည်။
၈။ ဖျော်ဖြေ ရေးအစီအစဉ်
ကြွရောက်လာကြသော အလှူရှင်များ၊ ဆရာ၀န်များ၊ လူနာများ၊ ဒေသခံပြည်သူများအတွက် အောက်ပါ အနုပညာရှင်များက ဖျော်ဖြေပေးကြမည် ဖြစ်သည်။
(13- 2- 14) နေ့ ည မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်း
(17- 2- 14) (18- 2- 14) နေ့ (၂) ညတိုင်တိုင် ဇာတ်မင်းသားဖိုးချစ်ဇာတ်သဘင်
(19- 2- 14)နေ့ည အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့တို့က တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 50 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈