၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၆)ရက်
၄-၁၀-၂၀၁၅ ရက်နေ့ကစပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သီတဂူအာရောဂျဒါနဆေးရုံတော်၌ မနေ့က (၅-၁၀-၂၀၁၅)အထိ မျက်စိဝေဒနာရှင်များကို ဆက်လက်စမ်းသပ်စစ်ဆေး ခွဲစိပ်ပေးနေရာ ပြင်ပလူနာပေါင်း ၃၁၄ယောက်ဖြစ်၍ စုစုပေါင်း ၆၁၄ယောက်။ ခွဲစိပ်ပေးပြီး လူနာပေါင်း ၄၁ဖြစ်၍ စုစုပေါင်း ၅၂ယောက်၊ ခွဲစိပ်ပေးရန် စမ်းသပ်စစ်ဆေးပြီးလူနာပေါင်း ၁၂၈ဖြစ်သည်။
(၈)ကြိမ်မြောက် အခမဲ့ အလှူတော်
------------------------
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံတော်ကြီးတွင် မျက်စိအထူးကု သမားတော်ကြီး ပါမောက္ခ သီတဂူ DR ဦးမြအောင် ဦးဆောင်သော ခွဲစိတ်အဖွဲ့ဝင်များသည် သီတဂူဆရာတော်ဘုရား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် အကြိမ် ၁၀၀ မြောက်အဖြစ် ၄-၁၀-၂၀၁၅ မှ ၉-၁၀-၂၀၁၅ အထိ မျက်စိဝေဒနာရှင်များအား အခမဲ့ လာရောက် စမ်းသပ် ခွဲစိတ်ကုသပေးမည်။
၂၀၁၄ ဇန္နဝါရီလ (၁၃၇၅-တပိုတွဲလပြည့်)နေ့က သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံကို ဖွင့်လှစ်ပြီး ပထမအကြိမ် မျက်စိကုသမှုများ ပြုလုပ်ခဲ့ရာ စမ်းသပ် လူနာပေါင်း ၅၀၀၀ (ငါးထောင်) ကျော်နှင့် ခွဲစိပ်ပြီး အလင်းရသူများ ၅၉၃ ယောက်ရှိသည်။
ပထမအကြိမ်တွင် ဆရာ၀န်များ အနားပေးခြင်း၊ လူ ၂၀၀၀ကျော် နေ့စဉ်သုံးသည့် ရေချိုးခန်း၊ အိမ်သာများ၊ နေရာများ သန့်ရှင်းရေးအတွက် ပြုလုပ်ခြင်းများ လိုအပ်သည့်အတွက် ပထမအကြိမ် ၅၀၀၀ ကျော်သော လူနာများ စမ်းသပ်ပြီး ဒုတိယအကြိမ်အတွက် ပြင်ဆင်ရန် အနားပေးကြရသည်။
(၁၃-၂-၂၀၁၄ မှ ၁၉-၂-၂၀၁၄)
၁၃-၂-၂၀၁၄ မှ ၁၉-၂-၂၀၁၄ အထိ မျက်စိ ဝေဒနာရှင်ပေါင်း စမ်းသပ်လူနာပေါင်း (၃၀၉၈)။ ခွဲစိပ်လူနာပေါင်း (၅၀၀)ကျော်တို့ကို အလင်းဒါနပေးခဲ့သည်။ လာရောက်ပြသကြသူဦးရေ (၅၀၀၀)ကျော်ထိ ရောက်လာကြသည်။ ၂၂-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်သည်။
Read more: သဲကုန်း သီတဂူရွှေဥရာစုသစ် စက္ခုဒါန မျက်စိအထူးကု အစီအစဉ်
ပြည်ခရိုင် သဲကုန်းမြို့တွင် ၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
We have 8 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈