Hospitals

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်

ပြည်ခရိုင် သဲကုန်းမြို့တွင် ၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ  ကျင်းပခဲ့သည်။

ထိုဆေးရုံးဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပြည်၊ သဲကုန်းဒေသမှ ဆရာတော် သံဃာတော်များ၊ သမ္မတရုံး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအမှူးပြုသော အရာရှိများ၊ ဒေသခံမြို့မှ သီတဂူအထောက်ကူအဖွဲ့များ၊ အထက်-အောက် မြန်မာပြည်ရှိ သီတဂူကပ္ပိယများ၊ ဆေးရုံတော် အလှူရှင် ရွှေဥရာစုသစ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥနှင့် ဖိတ်ကြားထားအပ်သော ဧည့်သည်တော်များ၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ စည်းကားစွာ တက်ရောက်ကြသည်။

ထိုဆေးရုံကြီးဖွင့်ပွဲအခမ်းအနားမှာပဲ သဲကုန်းမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံးပစ္စည်းများကိုလည်း သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။

 

ဆေးကုသခြင်း

၁၂-၂-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၆-၂-၂၀၁၄ နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၂၅၀၀ ကျော်တို့ကို စမ်းသပ် စစ်ဆေးပေးသည်။ ၃၀၀ ကျော်သော လူနာများကိုတော့  ခွဲစိပ်ကုသပြီး အလင်းရောင်များ ပေးလှူခဲ့သည်။ ၂၀-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ လူနာရှင်များမှာ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်၊ သက်ပုပ်၊ ပေါင်းတည် စသော အနီးတစ်ဝိုက်မြို့နယ်များ၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုပ်ဖိုစသောမြို့နယ်များအပြင် ရခိုင်၊ သထုံ၊ မကွေး၊ အောင်လံ၊ ရေး၊ အဆင် စသော ဝေးလံသော မြို့နယ်များမှ လူနာများ လာရောက် ကုသကြပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

 

thaekhone01 thaekhone02 thaekhone03 thaekhone04

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 72 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈