(ဖားကန့်သီတဂူစက္ခုဒါနဆေးရုံတော်ကုသမှုစစ်ဆေး)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၈-၁-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်အတွင်း အခမဲ့မျက်စိခွဲစိတ်ကုသပေးနေမှုများအား စစ်ဆေးတော်မူပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ-၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးဦးမြင့်အောင် (လှဆန်းယဉ်) နှင့် ဒေါက်တာပက်ထရစ်တိုးနပ် (Dr. Patrick Tonnard) ဦးဆောင်၍ ဘယ်လဂျီယမ် ပလပ်စတစ်ဆာဂျရီ ဆရာဝန် See & Smile အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မီးလောင်နာ၊ လည်ပင်းကြီးနှင့် နှုတ်ခမ်းကွဲ-အာခေါင်ကွဲ ဝေဒနာရှင်များကို အထူးအစီစဉ်ဖြင့် ကုသပေးလျှက် ရှိပါသည်။
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြအောင်၊ ဒေါက်တာစဂျေလွင်၊ ဒေါက်တာခင်စန္ဒာအောင်၊ ဒေါက်တာအေးချမ်းတို့နှင့်အတူ သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) အထူးသူနာပြုများက ရှမ်းပြည်တောင်ပိုင်း၊ ဟဲယားရွာမအင်းလေး၊ သီတဂူမေတ္တာ အာရောဂျဒါန ဆေးရုံမှာ (၂၀-၁၀-၂၀၁၈) မှ (၂၅-၁၀-၂၀၁၈) အထိ မျက်စိဝေဒနာရှင်များကို စမ်းသပ် ကုသပေးမည် ဖြစ်ပါသည်။
Read more: သီတဂူမေတ္တာ အာရောဂျဒါန ဆေးရုံ (အင်းလေး) မျက်စိကုသမည်
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဂျာမဏီနိုင်ငံမှ Dr. Barun Sarkar ဦးဆောင်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးများအဖွဲ့သည် (၂၃.၉.၂၀၁၈ ) မှ (၂၇.၉.၂၀၁၈) ရက်အထိ သီတဂူအာယုဒါနဆေးရုံတော်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်ကလေးငယ် (၆၇)ဦးတို့ကို အခမဲ့ခွဲစိပ်ကုသပေးခဲ့ပါသည်။
19-9-2018 တတိယမြောက်နေ့အဖြစ် သီတဂူရွှေဥရာစုသစ်စက္ခုဒါနဆေးရုံတော် သဲကုန်းမြို့၌ မျက်စိဝေဒနာရှင်များကို ဆက်လက်စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးလျက်ရှိပါသည်။
Read more: သီတဂူရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ မျက်စိအလှူ (၂၀၁၈)
We have 11 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈