ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ်းခမ်းမြို့၊ ဇေယျသုခကျောင်း သီတဂူစက္ခုဒါနဆေးရုံ (၆)ကြိမ်မြောက် သီတဂူမျက်စိအထူးကုအစီအစဉ်နောက်ဆုံးနေ့ နောက်ကျမှ ရောက်ရှိလာသော အသက်(၁၀၅) နှစ်ရှိ ပလောင်အမျိုးသား အဖိုးအား ခွဲစိတ်ပေးကြပါသည်။
သီတဂူဆရာတော်ဘုရားရဲ့ မေတ္တာ၊ ဆရာဝန်ကြီးများတို့ရဲ့ ပညာ၊ သီတဂူအဖွဲ့ သူနာပြု စောင့်ရှောက်သူများရဲ့ စေတနာ၊ နမ်းခမ်းဆရာတော်နှင့် ဝေယျာဝစ္စအဖွဲ များရဲ့ စေတနာ၊ ညီညွှတ်သော စည်းလုံးသော စောင့်ရှောက်မှုအင်အားဖြင့် (၇၇၉) ယောက်ကို စမ်းသပ်စစ်ဆေးပြိး (၁၆၂) ယောက်ကို ခွဲစိတ်ပြီး အလင်းရောင်ပေးခဲ့ပါသည်။
ပကတိမျက်စိအလင်းနှင့် ဓမ္မမျက်စိအလင်း နှစ်ဖက်မြင် နှစ်ဖက်အလင်း၊ နှစ်ဖက်လှဖြစ်အောင် ကြီးမားသော ကရုဏာ မေတ္တာတို့ဖြင့် စောင့်ရှောက်ပေးပါသော သီတဂူဆရာတော်ကြီးနှင့် သာသနာပြုအဖွဲ့အား ထာဝရဂုဏ်ယူလျက်ပါ။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 9 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈