Hospitals

သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတော် (သံတွဲ)

သီတဂူဆရာတော် ဦးစီးသော သီတဂူ သာသနာပြုအဖွဲ့က သီတဂူ မေတ္တာစက္ခုဒါန ဆေးရုံတော်ကို သံတွဲမြို့တွင် ၂၀၁၃-ခု ဒီဇင်ဘာ ၂၄-၂၅ ရက်က ဖွင့်လှစ် လှူဒါန်းခဲ့သည်။

ယခု ဆေးရုံဖွင့်လှစ်ပြီးပြီးချင်းမှာပဲ ပြင်ပလူနာ (၁၅၇၅)ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့သည်။ (၃၀၂) ဦးကိုတော့ ခွဲစိပ်ကုသပေးခဲ့သဖြင့် အမြင်အာရုံများ ရသွားကြသည်။ နိုင်ငံအနှံ့အပြားရှိ သီတဂူ ဆေးရုံ များစွာမှ ထိုဆေးရုံသည် ၂၅ ရုံမြောက် ဆေးရုံဖြစ်သည်။ ထိုဆေးရုံများတွင် ဘာသာမရွေး လူမျိုးမရေး တက်ရောက် ကုသမှုများ ခံယူနိုင်ပါသည်။

Read more: သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတော် (သံတွဲ)

ဧရာ၀တီတိုင်း သီတဂူမျက်စိအလှူတော်

သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး

သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။

သီတဂူမိုဘိုင်းလ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြု၀န်ထမ်းများ ပါ၀င်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာ၀န်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါ၀င်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။

Read more: ဧရာ၀တီတိုင်း သီတဂူမျက်စိအလှူတော်

သီတဂူစက္ခုဒါနဆေးရုံ (သံတွဲ) ဖွင့်လှစ်

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့တို့သည် မျက်စိအထူးကုဆရာ၀န်များ၊ သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) ဆရာ၀န်များနှင့် အထူးသူနာပြုများ လိုက်ပါလျှက် သံတွဲမြို့သို့ ဒီဇင်ဘာ၂၁ ရက်နေ့က တစ်ဖွဲ့၊ ၂၂ရက်နေ့က တစ်ဖွဲ့ ရောက်ရှိကြသည်။ထိုမြို့တွင် သီတဂူစက္ခုဒါန ဆေးရုံ (သံတွဲ) ၂၅ ခုမြောက်ဆေးရုံတော်အသစ်ကို ဖွင့်လှစ်ခြင်း၊ ၂၆ ရက်နေ့အထိ မျက်စေဝေဒနာရှင်များကို ခွဲစိပ်ကုသပေးခြင်းတို့ဖြစ်သည်။၂၀၁၄ ဇန္နဝါရီလ ၅ ရက်နေ့မှစ၍ ဟုမ္မလင်းမြို့မှာလည်း သီတဂူမျက်စိဆေးရုံဖွင့်ခြင်း၊ မျက်စေဝေဒနာ ကုသပေးခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ

သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲအဖွဲ့တို့ ပူးပေါင်းပြီး သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ဖွင့်လှစ်မည်။
ထိုဆေးရုံတွင် လူမျိုးမရွေး ဘာသာမရွေး ကုသမှုခံယူနိုင်ပါသည်။ ထို့ပြင် အောက်ပါ ဆေးရုံများကိုလည်း ဆက်တိုက်ဖွင့်လှစ်မည်။

(က) ဟုမ္မလင်း သီတဂူစက္ခုဒါန ဆေးရုံကို ၂၀၁၄ နှစ်ဦးပိုင်း ဇန္နဝါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊
(ခ) သဲကုန်း သီတဂူအာရောဂျဒါနဆေးရုံကို ယခုနှစ် တပိုတွဲလပြည့်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်သည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

သီတဂူဆေးရုံတော်များ

သီတဂူဆေးရုံတော်များ (ဖွင့်လှစ်ပြီး)


၁။ သီတဂူအာယုဒါနဆေးရုံ
၁၉၈၉ ခုနှစ် စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ၊ ဖွင့်လှစ်သည်။


၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
၂၀၀၈ ခုနှစ်တွင် ပန်းတနော်၊ ဧရာဝတီတိုင်းဒေသ၊ ဖွင့်လှစ်သည်။


၃။ သီတဂူစက္ခုဒါနဆေးရုံ
၂၀၀၈ နှစ်တွင် သီပေါမြို့၊ ရှမ်းပြည်နယ်၊ ဖွင့်လှစ်သည်။


၄။ သီတဂူစက္ခုဒါနဆေးရုံ
၂၀၀၉ ခုနှစ်တွင် ကလေးမြို့၊ စစ်ကိုင်းတိုင်း၊ ဖွင့်လှစ်သည်။


၅။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၁ နှစ်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ ဖွင့်လှစ်သည်။


၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် နတ်မောက်မြို့၊ မကွေးတိုင်းဒေသ၊ ဖွင့်လှစ်သည်။


၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
၂၀၁၀ ခုနှစ်တွင် ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖွင့်လှစ်သည်။


၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် ရင်းငြိမ်၊ မွန်ပြည်နယ်၊ ဖွင့်လှစ်သည်။


၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
၂၇-၁၂-၂၀၁၀ ခုနှစ်၊ မင်းတပ်မြို့၊ ချင်းပြည်နယ်တွင် ဖွင့်လှစ်သည်။


၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
၁၂-၂-၂၀၁၁ နေ့၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသ ဖွင့်လှစ်သည်။


၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
၂၇-၄ ၂၀၁၁ ခုနှစ် ရန်ကုန်တွင် ဖွင့်လှစ်သည်။


၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။


၁၃။ အမှတ်စဉ် (၁၃) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော် (မြိုင်ကြီးငူ)
၂၀၁၁၊ နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဖွင့်လှစ်ခဲ့သည်။


၁၄။ အမှတ်စဉ် (၁၄) သီတဂူအာယုပါလဆေးခန်း (မြင်းခြံ)
၁၃၇၄ ခု (၁-၉-၂၀၁၂)  မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။


၁၅။ အမှတ်စဉ် (၁၅) သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
 ၀၂-၁၁-၂၀၁၁-ရက်နေ့ ဖွင့်လှစ်သည်ည်။(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို  ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းသည်။


၁၆။ အမှတ်စဉ် (၁၆) သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)  
၂၀-၁၂-၂၀၁၁နေ့၊ ကယားပြည်နယ် လွိုင်ကော်မြို့ ဖွင့်လှစ်သည်။


၁၇။ သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)
၂၇-၁၂-၂၀၁၁ နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။


၁၈။ အမှတ်စဉ် (၁၈) သီတဂူစက္ခုဒါနဆေးရုံ
၁၄-၁၁-၂၀၁၂-နေ့ ၊ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဖွင့်လှစ်သည်။


၁၉။ အမှတ်စဉ် (၁၉) သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)
၃၁.၃.၂၀၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်သည်။

 

၂၀၊ အမှတ်စဉ် (၂၀) သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ
၇-၄-၂၀၁၃ ရက်နေ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဖွင့်လှစ်သည်။

 

၂၁။ အမှတ်စဉ် (၂၁) သီတဂူစက္ခုဒါန ဆေးရုံ (လဟယ်)
၁၉-၄-၂၀၁၃ ရက်၊ ခန္တီးခရိုင်၊ လဟယ် ဒေသ၊ စစ်ကိုင်းတိုင်းဒေသ တွင် ဖွင့်လှစ်သည်။

 

၂၂။ အမှတ်စဉ် (၂၂) သီတဂူသုမေဓာဆေးရုံ
၂၃-၄-၂၀၁၃ ရက်၊ ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဖွင့်လှစ်သည်။

 

၂၃၊ အမှတ်စဉ် (၂၃) သီတဂူ အာရောဂျဒါနဆေးရုံ
၂၈- ၅- ၂၀၁၃ ရက်နေ့ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ သီတဂူအာရောဂျဒါနဆေးရုံ၊ ဖွင့်လှစ်သည်။

 

၂၄။ သဲကုန်း သီတဂူစက္ခုဒါနဆေးရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ပန္နပ်ချမင်္ဂလာကျင်းပခဲ့။

 

၂၅။ သီတဂူ စက္ခုဒါန ဆေးရုံ (သံတွဲ)

 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 43 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈