သီတဂူအာရောဂျဒါန ဆေးရုံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ၃၁.၃.၂၀၁၃ နေ့က ဖွင့်လှစ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ကြီးနှင့်အလှူရှင်များ မျက်စိအထူးကုဆရာဝန်ကြီးများ၊ သီတဂူအာယုဒါနဆေးရုံ ဆရာဝန်၊ သူနာပြုများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
မျက်စိကုသမှုများ
ထိုဆေးရုံကြီးမှာပဲ မျက်စိဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ မြအောင်၊ ဒေါက်တာမြသီတာအုန်းနှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာမိမိခင် ဦးဆောင်သော ဆေးရုံဝန်ထမ်း(၁၀)ဦးအဖွဲ့သည် လူနာပေါင်း ၇၄၁ယောက်ကို စမ်းသပ်စစ်ဆေးကာ မျက်စိဝေဒနာရှင်ပေါင်း (၁၃၂)ယောက် မျက်စိအလင်းဒါန လုပ်အားပြုခဲ့ကြပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
မြင်းခြံမြို့ အာယုပါလ ကုသိုလ်ဖြစ်ဆေးခန်း ကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများက သိန်းပေါင်း ၃၅၀၀ (သုံးထောင် ငါးရာ) ကျော် အကုန်ကျခံ၍ ၁၃၇၄ ခု (၁-၉-၂၀၁၂) ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။
(က) ဆေးရုံအဆောက်အဦး- ကျပ်သိန်းပေါင်း (၂၀၀၀) နှစ်ထောင်ကျော်
(ခ) ဆေးပစ္စည်းများ ကျပ်သိန်းပေါင်း (၁၅၀၀) တစ်ထောင့်ငါးရာကျော်
(ဂ) ဆေးရုံအဆောက်အဦး အလှူရှင်- ဦးစွန်တိတ်+ ဒေါ်လွမ် (အာရှတော်ဝင်နှင့် တော်ဝင်ဆေးခန်းပိုင်ရှင်) မိသားစု၊ ရန်ကုန်မြို့
ယခုဖွင့်လှစ်ပြီးသော သီတဂူ အာယုပါလကုသိုလ်ဖြစ်ဆေးခန်း (မြင်းခြံ)သည် သီတဂူသာသနာပြုအဖွဲ့၏ ၁၈ ခုမြောက် ဆေးရုံတော် အလှူဖြစ်သည်။ ထိုဆေးခန်း ဖွင့်အပြီးမှာပဲ နိုင်ငံခြား မျက်စိပါရဂူများနှင့် မြန်မာ မျက်စိပါရဂူများ၊ သီတဂူဆေးရုံဆရာ ဆရာမများက မျက်စိဝေဒနာရှင်ပေါင်း ၃၀၀ ကျော်ကို ခွဲစိပ်ကုသပေးခဲ့သည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူစက္ခုဒါနဆေးရုံတော်သည် ကလေးခရိုင်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည်။ သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်း ရှင် လူ ပြည်သူများ ကောင်းမှုဖြင့် သီတဂူဆရာတော်၊ စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်နှင့် မဟာသန္တာရုံဆရာတော်ကြီးများ သြဝါဒကို ခံယူလျက် ၁၃၇၁ ခုနှစ်(၂၀၀၉)နှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ယခုအခါ ထိုဆေးရုံတော်ကြီးတွင် ပြည်တွင်းပြည်ပမှ ဆရာ၀န်ကြီးများ သူနာပြုများ၏ ကုသိုလ်များဖြင့် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်ပေါင်းများစွာကို မျက်စိအလင်းများ ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
အစီအစဉ်များ
၁။ ပထမအကြိမ်
မျက်စိဝေဒနာရှင် ၁၁၅၄ ဦးကို စမ်းသပ်စစ်ဆေးပြီး ၂၅၁ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
၂။ ဒုတိယအကြိမ်
မျက်စိဝေဒနာရှင်ပေါင်း ၇၃၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကုပေးနိုင်ပြီး မျက်စိအလင်းများ ရရှိသွားနိုင်ကြပါသည်။
၃။ တတိယအကြိမ်
မျက်စိဝေဒနာရှင် ၆၀၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကာ မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
၄။ စတုတ္ထအကြိမ်
မျက်စိဝေဒနာရှင် ၆၁၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၀ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
ဤသို့အားဖြင့် ဤ သီတဂူစက္ခုဒါနဆေးရုံတော်၌ တနှစ်ကျော်အတွင်း လေးကြိမ်တိုင်တိုင် အထူးဆေးခန်းများ ဖွင့်လှစ်ခါ ပြည်တွင်းပြည်ပမှ အထူးကုဆရာ၀န်ကြီးများနှင့် သူနာပြုများ လာရောက် လုပ်အားဒါန ပညာဒါန ပြုကာ ကုသိုလ်ပါ၀င်ခဲ့ကြပါသည်။ ဤ မျက်စိဝေဒနာရှင်များတွင် ဗမာလူမျိုး (၅၅) ရာခိုင်နှုံးသာရှိပြီး (၄၅) ရာခိုင်နှုံးသော မျက်စိဝေဒနာရှင်များမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ဤ သီတဂူစက္ခုဒါနဆေးရုံတော်သည် လူမျိုးမရွေး ဘာသာမရွေး ကုသပေးနေသောကြောင့် ခရစ်ယာန်သီလရှင်များစွာလည်း လာရောက် ကုသမှုကို ခံယူလျက်ရှိကြပါသည်။
လူနာများကို လာရောက်ကုသပေးကြသော အနယ်နယ်အရပ်ရပ်မှ ဆရာ၀န်ကြီးများနှင့် သူနာပြုများ၏ ခရီးစရိတ်၊ စားစရိတ် အ၀အ၀တို့ကို သီတဂူစက္ခုဒါနဆေးရုံတော်စောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ယူပေးကြပါသည်။
ထိုဒေသရှိ မျက်စိဝေဒနာရှင်များသည် ယခုအခါ သူတို့အတွက် များစွာသော အခွင့်ထူးများရရှိကြပါသည်။ ထိုဒေသမှ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစသော မြို့ကြီးများသို့ သွားရမည်ဆိုလျင် သွားစရိတ် စားစရိတ် ခွဲစိတ်ခနှင့် ဆေးဖိုးများအတွက် များစွာ အကုန်အကျ များမည့်အပြင် သွားရ လာရသည့် ခရီးဝေးကြောင့် အလွန်ပင်ပန်းပါလိမ့်မည်။ ထိုအခက်အခဲများကို ထိုဒေသရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးမှ ကျွမ်းကျင်သော ဆရာ၀န်ကြီးများက ခေတ်မီသော စက်များကို အသုံးပြုကာ ဖြေးရှင်းပေးနေသည်မှာ အလွန် ကျေနပ်စရာ ကောင်းလှပါသည်။
တကြိမ်အစီအစဉ် ကုန်ကျမှုပမာဏမှာ ကျပ်သိန်းပေါင်း ၁၀၀ ကျော်ပါသည်။ ဆရာ၀န်ကြီးများ၊ သူနာပြုများနှင့် လုပ်အားပေးများ၏ စားစရိတ်နှင့် ခရီးစရိတ်အတွက် (၃၅) သိန်းနှင့် ဆေးဘိုး ကျပ်သိန်း(၁၀၀) ဖြစ်ပါသည်။
ဘ၀ဆက်တိုင်း မျက်စိအလင်း (မံသစက္ခု)ကောင်းမွန်ခြင်းမှ ဒိဗ္ဗစက္ခု (နတ်မျက်လုံး)၊ ဓမ္မတည်းဟူသော ဉာဏ်မျက်လုံး၊ မဂ်ဉာဏ် (ဓမ္မစက္ခု)ကို ရည်စိတ်သန်ကာ လူသားချင်းကိုယ်ချင်းစာ စာနာစိတ် ကရုဏာ မေတ္တာ တို့ဖြင့် သီတဂူစက္ခုဒါနဆေးရုံတော်သို့ လာရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လိုက်ပါသည်။ ထိုဆေးရုံတော်ကြီး အရှည်တည်တံ့ ရပ်တည်နိုင်ရန်အတွက် မိမိတို့ ကိုယ်အား ဉာဏ်အား သဒ္ဓါအား ရှိသလောက် အောက်ပါ လိပ်စာအတိုင်း တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။
ဘဒ္ဒန္တပုညသေဋ္ဌ
(အုပ်ချုပ်ရေးမှူးဆရာတော်)
သီတဂူစက္ခုဒါနဆေးရုံတော်)
အောင်သစ္စာရပ်ကွက်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း-၀၇၃-၂၁၁၃၀။ ၀၉-၆၄၇၂၀၅၄
ဘ၀မျက်လုံးမှ ဉာဏ်မျက်လုံးအထိ ကိုယ်စီ ရရှိနိုင်ကြပါစေ။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)ကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၇-၁၂-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများက ဖွင့်လှစ်ပေးခဲ့သည်။ ထိုဆေးရုံတွင် နှစ်စဉ်နှစ်တိုင်း ထိုဒေသရှိ ရပ်ဝေး ရပ်နီးမှ မျက်စိအလင်းလိုသူများနှင့် မျက်စိ ဝေဒနာရှင်များကို မြန်မာနိုင်ငံ (အထက်၊အောက်) ရှိ မျက်စိပါရဂူဆရာ၀န်ကြီးများနှင့် ပြည်ပမှ မျက်စိပါရဂူဆရာ၀န်ကြီးများက လာရောက် မျက်စိအလင်းများ ပေးသည်၊ မျက်စိဝေဒနာများ ကုသပေးသည်။
သီတဂူမျက်စိအထူးကုအဖွဲ့သည် ၁၆-၃-၂၀၁၃မှ ၁၉-၃-၂၀၁၃ ရက်အထိ မျက်စိလူနာပေါင်း ၂၇၁၀ကို စမ်းသပ်စစ်ဆေးပြီး (၆၂၈)ယောက်ကိုခွဲစိတ်ပြီး မျက်စိအလင်းများ အလှူဒါနပြုခဲ့သည်။ ထိုအဖွဲ့ကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ မျက်စိဆရာ၀န်ကြီး ဒေါက်တာ သိန်းမြင့်၊ ပရော်ဖက်ဆာဦးမြအောင်၊ ပရော်ဖက်ဆာ ဒေါက်တာဒေါ်မြင့်ခိုင်နှင့် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ ဒေါက်တာမိမိခင်နှင့် ကျွမ်းကျင်သူနာပြု၀န်ထမ်း(၁၃)ယောက်တို့က မျက်စိစမ်းသပ်ခြင်း၊ ဆေးပေးခြင်း စတဲ့ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်ပေးခြင်းဖြင့် လုပ်အားဒါနပြုကြသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူဆရာတော်ကြီးနှင့် သီတဂူသာသနာပြု အဖွဲ့ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံ အနှံ့အပြား၊ဝေးလှံခေါင်သော နေရာပါ မကျန် သီတဂူစက္ခုဒါနဆေးရုံများ၊ သီတဂူအာရောဂျဒါနဆေးရုံများ၊ သီတဂူအထွေထွေရောဂါကု ဆေးရုံကြီးများကို တည်ဆောက် လှူဒါန်းလျှက်ရှိရာ ဤ သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် သီတဂူဆေးရုံများစွာထဲက (၂၁) ခုမြောက် ဆေးရုံဖြစ်သည်။
သီတဂူလှဆန်းယဉ် စက္ခုဒါဆေးရုံသည် ဧရာ၀တီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၉)ရပ်ကွက် ပစ္ဆိမာရုံစာသင်တိုက်တွင် တည်ရှိသည်။
ထိုဆေးရုံကြီးကို ၇-၄-၂၀၁၃ နေ့က သီတဂူဆရာတော်ကြီးနှင့် ဒေသခံ ပစ္ဆိမာရုံဆရာတော်တို့ ဦးဆောင်ပြီးဖွင့်လှစ်ရာ ပင့်သံဃာတော်များ၊ တိုင်းဒေသကြီးရှိ တာ၀န်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ထိုဆေးရုံကြီးကို သီတဂူဆရာတော်ကြီး တစ်ဦးတည်းလှုဒါန်းသော ဆေးရုံးသုံးဆေးပစ္စည်းများ၊ ခွဲစိပ်ခန်းသုံး စက်ပစ္စည်းကိရိယာများ၊ လူနာအသုံးပြုရန် ပစ္စည်းများ၊ မီးစက်များ စုစုပေါင်း ကျပ်သိန်း နှစ်ထောင် (၂၀၀၀ ကျပ်)နှင့် ဒေသခံ ပစ္ဆိမာရုံ ဆရာတော်၊ သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု) နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ စုပေါင်း လှူဒါန်းငွေ ကျပ်သိန်း နှစ်ထောင့်ငါးရာ (၂၅၀၀ကျပ်) နှစ်ရပ်ပေါင်း ကျပ်သိန်းပေါင်း လေးထောင့်ငါးရာ (၄၅၀၀) ဖြင့် အကုန်အကျခံ လှူဒါန်းထားသည်။
သီတဂူဦးမြင့်စိန်+ဒေါ်လှအေး (လှဆန်းယဉ်မိသားစု)က သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ အတွက် ကျပ်သိန်း(၁၀၀) ငွေပဒေသာပင် စိုက်ထူခဲ့သည်၊ ထို့ပြင် ဆေးရုံအတွက် အသုံးပြုရန် Super Custom ဂျပန် ကားတစ်စီးကိုလည်း လှူဒါန်းသည်။ ဒေသခံများနှင့် အေ၀းရောက် အလှူရှင်များကလဲ ဆေးရုံကြီး ရေရှည် ရပ်တည်နိုင်ရန် ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းကြသည်။
ဆေးရုံကြီးမဖွင့်မီ ကြိုတင်ပြီး (၃-၄-၂၀၁၃)နေ့မှ စတင်ပြီး မျက်စိအထူးကု ဆရာ၀န်ကြီး ဒေါက်တာဦးမြအောင်၊ အင်္ဂလန်နိုင်ငံမှ ဒေါက်တာသိန်းမြင့်ခေါင်းဆောင်သော မျက်စိအထူးကု ဆရာ၀န်များက မျက်စေိ၀ဒနာရှင်ပေါင်း (၁၀၉၇)ယောက်တို့အား စမ်းသပ် စစ်ဆေးပေးသည်။ ထိုအထဲမှ(၂၉ရ)ယောက်ကိုတော့ ခွဲစိပ်ကုသပေးသဖြင့် လောကအလင်းများ ပြန်လည်ရရှိကြသည်။
သတင်း-ပန်းစပယ် (လှဆန်းယဉ်) သတင်းကို ကိုးကားသည်။
ဓာတ်ပုံ-သီတဂူထိန်လင်းဦး ထံမှ ရယူသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈