Hospitals

သီတဂူစက္ခုဒါန ဆေးရုံ (ကလေး)

သီတဂူစက္ခုဒါနဆေးရုံတော်သည်  ကလေးခရိုင်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည်။ သီတဂူစက္ခုဒါနဆေးရုံတော်ကို ရဟန်း ရှင် လူ ပြည်သူများ ကောင်းမှုဖြင့် သီတဂူဆရာတော်၊ စကားလှဓမ္မာရုံဆရာတော်၊ နေသာပညာဒါနဆရာတော်နှင့် မဟာသန္တာရုံဆရာတော်ကြီးများ သြဝါဒကို ခံယူလျက် ၁၃၇၁ ခုနှစ်(၂၀၀၉)နှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ယခုအခါ ထိုဆေးရုံတော်ကြီးတွင် ပြည်တွင်းပြည်ပမှ ဆရာ၀န်ကြီးများ သူနာပြုများ၏ ကုသိုလ်များဖြင့် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်ပေါင်းများစွာကို မျက်စိအလင်းများ ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။


အစီအစဉ်များ


၁။ ပထမအကြိမ်
မျက်စိဝေဒနာရှင် ၁၁၅၄ ဦးကို စမ်းသပ်စစ်ဆေးပြီး ၂၅၁ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
၂။ ဒုတိယအကြိမ်
မျက်စိဝေဒနာရှင်ပေါင်း ၇၃၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကုပေးနိုင်ပြီး မျက်စိအလင်းများ ရရှိသွားနိုင်ကြပါသည်။
၃။ တတိယအကြိမ်
မျက်စိဝေဒနာရှင် ၆၀၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၅ ဦးကို ခွဲစိတ်ကာ မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။
၄။ စတုတ္ထအကြိမ်
မျက်စိဝေဒနာရှင် ၆၁၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၇၀ ဦးကို ခွဲစိတ်ကုသပေးပြီး မျက်စိအလင်းများ ပေးနိုင်ခဲ့သည်။

ဤသို့အားဖြင့် ဤ သီတဂူစက္ခုဒါနဆေးရုံတော်၌ တနှစ်ကျော်အတွင်း လေးကြိမ်တိုင်တိုင် အထူးဆေးခန်းများ ဖွင့်လှစ်ခါ ပြည်တွင်းပြည်ပမှ အထူးကုဆရာ၀န်ကြီးများနှင့် သူနာပြုများ လာရောက် လုပ်အားဒါန ပညာဒါန ပြုကာ ကုသိုလ်ပါ၀င်ခဲ့ကြပါသည်။ ဤ မျက်စိဝေဒနာရှင်များတွင် ဗမာလူမျိုး (၅၅) ရာခိုင်နှုံးသာရှိပြီး (၄၅) ရာခိုင်နှုံးသော မျက်စိဝေဒနာရှင်များမှာ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ ဤ သီတဂူစက္ခုဒါနဆေးရုံတော်သည် လူမျိုးမရွေး ဘာသာမရွေး ကုသပေးနေသောကြောင့် ခရစ်ယာန်သီလရှင်များစွာလည်း လာရောက် ကုသမှုကို ခံယူလျက်ရှိကြပါသည်။

ကုသိုလ်ယူ

လူနာများကို လာရောက်ကုသပေးကြသော အနယ်နယ်အရပ်ရပ်မှ ဆရာ၀န်ကြီးများနှင့် သူနာပြုများ၏ ခရီးစရိတ်၊ စားစရိတ် အ၀အ၀တို့ကို သီတဂူစက္ခုဒါနဆေးရုံတော်စောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ယူပေးကြပါသည်။

လူနာများအတွက် အခွင့်ကောင်း

ထိုဒေသရှိ မျက်စိဝေဒနာရှင်များသည် ယခုအခါ သူတို့အတွက် များစွာသော အခွင့်ထူးများရရှိကြပါသည်။ ထိုဒေသမှ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစသော မြို့ကြီးများသို့ သွားရမည်ဆိုလျင် သွားစရိတ် စားစရိတ် ခွဲစိတ်ခနှင့် ဆေးဖိုးများအတွက် များစွာ အကုန်အကျ များမည့်အပြင် သွားရ လာရသည့် ခရီးဝေးကြောင့် အလွန်ပင်ပန်းပါလိမ့်မည်။ ထိုအခက်အခဲများကို ထိုဒေသရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးမှ ကျွမ်းကျင်သော ဆရာ၀န်ကြီးများက ခေတ်မီသော စက်များကို အသုံးပြုကာ ဖြေးရှင်းပေးနေသည်မှာ အလွန် ကျေနပ်စရာ ကောင်းလှပါသည်။

ကုန်ကျစရိတ်များ

တကြိမ်အစီအစဉ် ကုန်ကျမှုပမာဏမှာ ကျပ်သိန်းပေါင်း ၁၀၀ ကျော်ပါသည်။ ဆရာ၀န်ကြီးများ၊ သူနာပြုများနှင့် လုပ်အားပေးများ၏ စားစရိတ်နှင့် ခရီးစရိတ်အတွက် (၃၅) သိန်းနှင့် ဆေးဘိုး ကျပ်သိန်း(၁၀၀) ဖြစ်ပါသည်။

နှိုးဆော်

ဘ၀ဆက်တိုင်း မျက်စိအလင်း (မံသစက္ခု)ကောင်းမွန်ခြင်းမှ ဒိဗ္ဗစက္ခု (နတ်မျက်လုံး)၊ ဓမ္မတည်းဟူသော ဉာဏ်မျက်လုံး၊ မဂ်ဉာဏ် (ဓမ္မစက္ခု)ကို ရည်စိတ်သန်ကာ လူသားချင်းကိုယ်ချင်းစာ စာနာစိတ် ကရုဏာ မေတ္တာ တို့ဖြင့် သီတဂူစက္ခုဒါနဆေးရုံတော်သို့ လာရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လိုက်ပါသည်။ ထိုဆေးရုံတော်ကြီး အရှည်တည်တံ့ ရပ်တည်နိုင်ရန်အတွက် မိမိတို့ ကိုယ်အား ဉာဏ်အား သဒ္ဓါအား ရှိသလောက် အောက်ပါ လိပ်စာအတိုင်း တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။


ဘဒ္ဒန္တပုညသေဋ္ဌ
(အုပ်ချုပ်ရေးမှူးဆရာတော်)
သီတဂူစက္ခုဒါနဆေးရုံတော်)
အောင်သစ္စာရပ်ကွက်၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း-၀၇၃-၂၁၁၃၀။ ၀၉-၆၄၇၂၀၅၄

ဘ၀မျက်လုံးမှ ဉာဏ်မျက်လုံးအထိ ကိုယ်စီ ရရှိနိုင်ကြပါစေ။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

kalay01 kalay02 kalay03 kalay04 kalay05 kalay06

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈