Hospitals

Chin State Hospital

သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်မြို့) မျက်စိအလှူတော်


သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)ကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၇-၁၂-၂၀၁၁ နေ့က သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့် ဒကာ ဒကာမများက ဖွင့်လှစ်ပေးခဲ့သည်။ ထိုဆေးရုံတွင် နှစ်စဉ်နှစ်တိုင်း ထိုဒေသရှိ ရပ်ဝေး ရပ်နီးမှ မျက်စိအလင်းလိုသူများနှင့် မျက်စိ ဝေဒနာရှင်များကို မြန်မာနိုင်ငံ (အထက်၊အောက်) ရှိ မျက်စိပါရဂူဆရာ၀န်ကြီးများနှင့် ပြည်ပမှ မျက်စိပါရဂူဆရာ၀န်ကြီးများက လာရောက် မျက်စိအလင်းများ ပေးသည်၊ မျက်စိဝေဒနာများ ကုသပေးသည်။

ယခုနှစ်အစီအစဉ်

သီတဂူမျက်စိအထူးကုအဖွဲ့သည် ၁၆-၃-၂၀၁၃မှ ၁၉-၃-၂၀၁၃ ရက်အထိ မျက်စိလူနာပေါင်း ၂၇၁၀ကို စမ်းသပ်စစ်ဆေးပြီး (၆၂၈)ယောက်ကိုခွဲစိတ်ပြီး မျက်စိအလင်းများ အလှူဒါနပြုခဲ့သည်။ ထိုအဖွဲ့ကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ မျက်စိဆရာ၀န်ကြီး ဒေါက်တာ သိန်းမြင့်၊ ပရော်ဖက်ဆာဦးမြအောင်၊ ပရော်ဖက်ဆာ ဒေါက်တာဒေါ်မြင့်ခိုင်နှင့် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)မှ ဒေါက်တာမိမိခင်နှင့် ကျွမ်းကျင်သူနာပြု၀န်ထမ်း(၁၃)ယောက်တို့က မျက်စိစမ်းသပ်ခြင်း၊ ဆေးပေးခြင်း စတဲ့ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်ပေးခြင်းဖြင့် လုပ်အားဒါနပြုကြသည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

min-dat01 min-dat02 min-dat03 min-dat04 min-dat05 min-dat06

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈