Gazette

သီတဂူဆရာတော်ကြီး နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံသို့ ရောက်

**********

(၂၀၂၄ ဇန္နဝါရီလ ၁၇/၁၈) အပြည်ပြည်ဆိုင်ရာသာသနာပြု အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ABCPအဖွဲ့၏ ဖိတ်ကြားချက်အရ အိန္ဒိယအစိုးရမှကြီးမှုးကျင်းပသော နယူးဒေလီမြို့ရှိ Asian Buddhist Conference for Peace (ABCP) အဖွဲ့၏အစည်းအဝေးသို့ကြွရောက်ချီးမြင့်အားပေးတော်မူပါသည်။

ABCP အဖွဲ့သည် Mongolia နှင့် အိန္ဒိယနိုင်ငံရှိသံဃာများမှဦးဆောင်ဖွဲ့စီးထားပြီး ၁၆ နိုင်ငံမှဗုဒ္ဓဘာသာခေါင်းဆောင်းများအဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။ ABCP မှ အိန္ဒိယအစိုးရ၏အထောက်အပံ့ဖြင့် ၁၂ ကြိမ်မြောက် General Conference ကိုကျင်းပရာဆရာတော်ကြီးအပါအဝင် နိုင်ငံ ၂၀ ကျော်မှဘာသာရေးခေါင်းဆောင်များ၊ အိန္ဒိယနိုင်ငံဒုတိယသမ္မတကြီးအမှုးပြုသောဝန်ကြီးများနှင့် ဗုဒ္ဓဘာသာနိုင်ငံများမှသံအမတ်များတက်ရောက်ခဲ့ကြပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20240119-01

20240119-01

20240119-01

20240119-01

20240119-01

20240119-01

သီတဂူဝန်ဆောင် သံဃာ့အဖွဲ့ တွေ့စုံပွဲ ပြုလုပ်

**********

၄-၁-၂၀၂၄ လွတ်လပ်ရေးနေ့မှာ ကျေးဇူးရှင်ဆရာတော်ကြီး ဦးဆောင်၍ တွေ့စုံ ဆွေးနွေးကြပါတယ်။
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ လုပ်ငန်းကြီးများ၏ သြဝါဒါစရိယ နှစ်ပါးအောက်မှာ သီတဂူဝန်ဆောင်သံဃအဖွဲ့သည် သာသနာပြုလုပ်ငန်းများ၏ ဦးဆောင်အဖွဲ့ဖြစ်ပါတယ်။

သီတဂူသာသနာပြုအဖွဲ့၏ အဓိက လုပ်ငန်းကြီးများမှာ
သီတဂူရေအလှူတော်
သီတဂူဆေးရုံများ
သီတဂူဗုဒ္ဓတက္ကသိုလ်များ
ပြည်တွင်းပြည်ပ သာသနာပြုကျောင်းများ စသည်ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230601-02 20230601-02 20230601-02

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စာမေးပွဲကျင်းပ

**********

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ၂၀၂၃/၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို တချိန်တည်း ကျင်းပသည်။ M.A တန်း B.A တန်း Diploma တန်းများ အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ၄ ရက် ကျင်းပသည်။

20230601-02 20230601-02 20230601-02 20230601-02

ဆရာတော်ကြီးရဲ့ ကရုဏာဖြင့် အကျဉ်းသားများကို ကယ်တင်ခြင်း

**********

၁၉ အောက်တိုဘာလ ၂၀၂၃၊
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသား ၅၇ ဦးတို့ကို အိန္ဒိယနိုင်ငံ Port Blair ကျွှန်းမှမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် လွှတ်မြောက်နိုင်ခဲ့ပါသည်။

ထိုမြန်မာအကျဉ်းသားများသည် အိန္ဒိယနိုင်ငံတွင် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျခံနေရသူများဖြစ်ပြီး ဆရာတော်ကြီးဦးဆောင်သော သီတဂူအဖွဲ့က ခရီးစရိတ်ကျသင့်ငွေအားလုံး လှုဒါန်းကာ ၂ နိုင်ငံတာဝန်ရှိသူများက ကူညီဆောင်ရွက်ပြီး လွှတ်မြောက်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုသို့မြန်မာနိုင်ငံသို့ပြန်ရောက်ရာတွင်လည်း သီတဂူအဖွဲ့က လမ်းစရိတ်နှင့်ညစာထပ်မံလှုဒါန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တည်းခိုရေးနှင့်ပြန်လည်ပို့ဆောင်ရေးတို့အတွက် ပါဝင်လှုဒါန်းခဲ့ပါသည်။

သီတဂူဆရာတော်ကြီးနှင့်သီတဂူအဖွဲ့သည် ယခုကဲ့သို့ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသားဦးရေ ၂၀၀၀ ကျော်ခန့်ကို တာဝန်ရှိသူများနှင့်ပူပေါင်း ကယ်တင်ကုသိုလ်ယူခဲ့နိုင်ကြောင်း သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။


ဓာတ်ပုံ။ အောင်သန်းဝင်း
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။

 

20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02

သီတဂူဆရာတော်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနမ်ပြည်နယ် ရောက်

**********

အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လော့ရန်မြို့တွင်တည်ရှိသော ဗုဒ္ဓဘာသာအစောဆုံးရောက်ရှိသည့် မြင်းဖြူကျောင်းတိုက်သို့ (၂၂.၆.၂၀၂၃)ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

ရှေးဦးစွာ မြင်းဖြူကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ဘုန်းတော်ကြီးများက သီတဂူဆရာတော်ကြီးနှင့်အဖွဲ့ကို နွေးထွေးစွာကြိုဆိုခဲ့ပါသည်။

ထို့နောက် မြင်းဖြူကျောင်းတွင်တည်ထားကိုးကွယ်ထားသော ရွှေတိဂုံပုံတူစေတီတော်ကြီးအား သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော အဖွဲ့သွားရောက်ကြည့်ရှူ့ဖူးမျှော် ကန်တော့ခဲ့ပါသည်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော လေ့လာရေးအဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဦးတင်မောင်ဆွေ ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းမိသားစုများကလေဆိပ်မှကြိုဆိုခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02

၂၀၂၃-၂၀၂၄ ပညာသင်နှစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ်လက်ခံကြိုဆိုပွဲ အခမ်းအနား၊ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

**********

၉.၆.၂၀၂၃ရက်နေ့ ၊၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၊ ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ်လက်ခံကြိုဆိုပွဲ၊ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သန္တိဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

သီတဂူဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ ကျောင်းသားသစ်ကြိုဆိုပွဲ

**********

၅-၆-၂၀၂၃ နေ့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သီတဂူဆရာတော်ကြီး ကိုယ်တိုင် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ရဟန်းတော် သီလရှင်များနှင့် ဗုဒ္ဓဓမ္မပါဒကဒီပလိုမာ ဘွဲ့ရ ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်များ ပေးအပ်ပါသည်။

ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်ကြိးအတွက် ကျပ်သိန်း ၅၀၀
ပါမောက္ခ ကထိကများအား အလှူ ၁ သိန်းကျပ်စီ
စာသင်သားများအား ၁ သောင်းကျပ်စီ သွားတိုက်ဆေး သွားတိုက်တံ မျက်နှာသစ် ဆပ်ပြာတို့ကို လောင်းလှူကြပြီး သဲကုန်းထမင်းသုပ်ဖြင့် ဆက်ကပ် ဧည့်ခံ ကျွေးမွေးကြပါသည်။

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

20230601-02

သီတဂူဆရာတော်ကြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အခမ်းအနားတက်ရောက်ခြင်း

**********

ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ၁.၆.၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ထိုင်းနိုင်ငံ သာသနာပိုင်ဆရာတော်ဘုရားကြီးကို မြန်မာမှုလက်ရာမာဘယ်ဗုဒ္ဓဆင်းတုတော်တစ်ဆူ လက်ဆောင်ပေးခဲ့ပါသည်။

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဗုဒ္ဓနေ့အခမ်းအနားတွင် ဗုဒ္ဓနေ့မိန့်ခွန်း တက်ရောက်မိန့်ကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာတဝှမ်းလုံးရှိ ဗုဒ္ဓဘာသာနိုင်ငံပေါင်း(၅၀)ကျော်မှ ဗုဒ္ဓဘာသာခေါင်းဆောင်များတက်ရောက်ဆွေးနွေးကြပါသည်။

အပြည်ပြည်ဆိုင်ဗုဒ္ဓနေ့အခမ်းအနားမှ လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသော ကပ်ကြီးသုံးပါး(ကိုဗစ်ကပ်ရောဂါမှစ၊ နိုင်ငံရေးအကြမ်းဖက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ကမ္ဘာကြီးပူနွေးလာမှုများ၊ စွမ်းအင်အဆမတန်တိုးချဲမှုများ) ကြောင့်ကြုံတွေ့နေရသော အခက်အခဲများအား ဗုဒ္ဓဘာသာ၏ မာန်တိုင်ဖြစ်သော သစ္စာတရားဖြင့် ဖြေရှင်းသွားကြရန် ဝိုင်းဝန်းဆွေးနွေးကြပါသည်။

 

ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20230601-01

20230601-02

20230530-gazette-01

20230601-04

20230530-gazette-01

20230601-06

20230530-gazette-01

20230530-gazette-01

သီတဂူဆရာတော်ကြီး၏ တတိယအကြိမ် ရခိုင်ဒေသ လေဘေးအတွက် သွပ်အချက် ၁၀၀၀၀(တစ်သောင်း) အလှူ

**********

၃၀-၅-၂၀၂၃ မနက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ သီတဂူဆရာတော်ကြီးက ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ သွပ်အချက်ရေ တစ်သောင်းတို့ကို ရခိုင်ပြည်သူများအတွက် လှူဒါန်းပါသည်။

 

ပထမအကြိမ် ကျပ်သိန်း တစ်ထောင် (၁၀၀၀)
ဒုတိယအကြိမ် ဆန်အိတ် တစ်ထောင် (၁၀၀၀)
တတိယအကြိမ် သွပ်အချက် တစ်သောင်း (၁၀၀၀၀)
တို့ကို လှူဒါန်းခဲ့ပါသည်။

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230530-gazette-01

20230530-gazette-02

20230530-gazette-03

20230530-gazette-04

အိန္ဒိယသံအမတ်ကြီးမှဂါရဝပြုလာရောက်တွေ့ဆုံ့နှုတ်ဆက်။ (၂၃.၅.၂၀၂၃)ရက်နေ့။

**********

၃.၅.၂၀၂၃ရက်နေ့ ညနေ (၆:၀၀)နာရီအချိန်တွင်
ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr Vinny Kumarက ဂါရဝပြုလာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

 

ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20230515-01.03

20230515-01.03

20230515-01.03

20230515-01.03

ရခိုင်လေဘေးသင့်ပြည်သူများအတွက် သီတဂူဆန်အလှူတော်

**********

၂၃-၅-၂၀၂၃ နေ့၊ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးက ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သွားသော လေဘေးသင့်ပြည်သူများအတွက် ၂၃.၅.၂၀၂၃ ရက်နေ့ နေ့လည် ၂:၀၀ နာရီ၊ ဒဂုံဆိပ်ကမ်းတွင် ဆန်တစ်တင်းခွဲအိတ် အိတ်ပေါင်း(၁၀၀၀)ကို လှူဒါန်းခဲ့ပါသည်။ 

၁၅-၅-၂၀၂၃ နေ့ကလည်း ကျပ်သိန်း ၁၀၀၀ (တစ်ထောင်) လှူခဲ့ပါသည်။

 

ဤကောင်းမှုကြောင့်
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20230515-01.03

20230515-01.03

20230515-01.03

20230515-01.03

20230515-01.03

အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော်ကြီးက ရခိုင်ပြည်နယ်နှင့် အခြားဒေသများ သဘာဝဘေးရန် ကူညီရေးအတွက် ကျပ်သိန်း (၁၀၀၀) တစ်ထောင်အလှူ

**********

အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော်ကြီးက ရခိုင်ပြည်နယ်နှင့် အခြားဒေသများ သဘာဝဘေးရန် ကူညီရေးအတွက် ကျပ်သိန်း (၁၀၀၀) တစ်ထောင်လှူကို ၁၄-၅-၂၀၂၃ နေ့က လှူဒါန်းလိုက်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

20230515-01.03

(၂၃.၄.၂၀၂၃)ရက်နေ့ (ကမ္ဘောဇတိုင်းသို့လေ့လာရေး)

**********

အဘိဓဇမဟာရဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင်သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာချကထိကသံဃာတော်(၃၆)ပါးတို့သည် (၂၃.၄.၂၀၂၃)ရကနေ့ ညနေ ၄:၃၀ နာရီတွင် ကမ္ဘောဇတိုင်းသို့ရောက်ရှိခဲ့ပါသည်။

ဆရာတော်ဘုရားကြီးဦးဆောင်သော လေ့လာရေးအဖွဲ့ကို ဝပ်င်္လကာကျောင်းမှကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များ၊ မြန်မာသံအမတ်ကြီးဦးဆောင်သော သံရုံးမှဝန်းထမ်းမိသားစုတို့မှ နွေးထွေးစွာကြိုဆိုခဲ့ပါသည်။

ဆရာတော်ဘုရားကြီးဦးဆောင်သောလေ့လာရေးအဖွဲ့သည် ကမ္ဘောဇတိုင်းရှိ အန်ကောဝပ်ကျောင်းတော်ကြီးကို သွားရောက်လေ့လာမည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကင်းဝေးကြပါစေ..
မြန်မာပြည် အမြန်ဆုံးငြိမ်းချမ်းပါစေ..

 

20230425-04

20230425-01

20230425-09

20230425-10

20230425-05

20230425-06

သီတဂူဆရာတော်ကြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ (အိန္ဒိယ) တက်ရောက်

**********

သီတဂူဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Hotel Ashok မြို့၌ ၂၀၂၃ ခုနှစ် ဧပြီလ ၂၀-၂၁ ခုနှစ်တွင် ကျင်းပသော #ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ “ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်စွမ်းအား” မိန့်ခွန်းပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Shri Narendra Modi သည်လည်း ထိပ်သီးအစည်းအဝေး (GBS) ကို တက်ရောက်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဆရာတော်ကြီးအား လက်ဆောင်များ ဆက်ကပ်ပါတယ်။ နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ကြပါတယ်။

ထိပ်သီးအစည်းအဝေးကို International Buddhist Confederation (IBC)၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ အိန္ဒိယအစိုးရတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

 

#သီတဂူဆရာတော်

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230424-12

20230424-12

20230424-12

20230424-12

20230424-12

20230424-12

20230424-12

20230424-12

20230424-12

20230424-12

သီတဂူဆရာတော်ရားကြီးမိန့်ကြားသော မဂဓတက္ကသိုလ်ကျောင်းသားများအတွက် သြဝါဒ အနှစ်ချုပ် ((၂၂.၁၂.၂၀၂၂)ရက်နေ့)

**********

#မဂဓဆိုတာ
***

 

မဂဓကျောင်းသားတွေ..မဂဓဆိုတာ အိန္ဒိယပြည်မှာ အလွန်အရေးပါ အရာရောက်တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဗုဒ္ဓဟာ သက္ကတိုင်းမှာ မွေးပေမဲ့ မဂဓမှာ ဘုရားဖြစ်တယ်။ မဂဓတိုင်းဟာ ရသေ့၊ ရဟန်း၊ ယောဂီ၊ ဆာဒူ၊ ပရိဗိုဇ်၊ သူတော်ကောင်းအမည်ခံတဲ့၊ ဗုဒ္ဓဘာသာဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဂျိန်းဖြစ်ဖြစ် ဟိန္ဒူဖြစ်ဖြစ်၊ တို့ စာလိုပြောရင် သမဏရယ်၊ ဗြဟ္မဏရယ်၊ ပရိဗ္ဗာဇကရယ်၊ ပရိဗ္ဗာဇကဆိုတာ အိမ်မရှိဘဲ လျှောက်သွားနေတဲ့ ပုဂ္ဂိုလ်၊ ဒီလိုသူတော်ကောင်းအမည်ခံပြီး ငြိမ်းချမ်းရာရှာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခြေချပြီးတော့ ဗဟိုပြုတဲ့နေရာဟာ မဂဓတိုင်းဘဲ။

 

ကျန်တဲ့တိုင်းတွေက အကုန်လုံးမဂဓပဲ လာကြတယ်။ မဂဓမှာလည်း ဥုရုဝေလပဲ လာစုကြတာပဲဆိုတော့ မဂဓဟာ တကယ့် Holy Country ပေါ့။ Holy State။ ဗုဒ္ဓရှင်တော်ရဲ့ပွင့်ရာမြေ၊ အောင်မြေဟာလည်း မဂဓမှာပဲ ရှိတယ်။ ဗုဒ္ဓတဆူတည်း မကဘူး။ ဗုဒ္ဓဘယ်နှစ်ဆူပွင့်ပွင့် ဒီနေရာမှာပဲ။ ဒီမဟာဗောဓိမှာပဲနော်။ တို့ကမ္ဘာမှာပွင့်သွားတဲ့ ဘုရားလေးဆူဟာ ဒီတနေရာမှာပဲ။ အဲတော့ ကမ္ဘာမြေကြီးတစ်ခုမှာ အထူးမြတ်ဆုံးသောမြေကြီး၊ မင်းတို့ ပရိတ်ကြီးထဲမှာ ပါတယ်မလား။ ”အပရာဇိတ ပလ္လင်္ကေ” ကမ္ဘာ့သီသ ကမ္ဘာ့ဦးခေါင်း ”ပုထုဝိပုက္ခလေ“ဆိုတာက ထူးမြတ်တဲ့မြေကြီးလို့ အဓိပ္ပါယ်ရတယ်။

 

ထူးမြတ်တဲ့မြေကြီး၊ ကမ္ဘာ့ဦးခေါင်းလို့ခေါ်ရတဲ့ ဗုဒ္ဓအဆူဆူတို့ပွင့်တဲ့နေရာဟာလည်းပဲ မဂဓပဲ။ အဲတော့ မဂဓတက္ကသိုလ်ကြီးကတော့ မဂဓရဲ့ ဒီဂုဏ်သတ္တိတွေနဲ့လျော်ညီစွာ အဆင့်အတန်းဘယ်လောက်ရှိမယ် မရှိမယ်ဆိုတာ ငါတော့မသိဘူး။ မဂဓ State ရဲ့ဂုဏ်သတ္တိကတော့ သည်လောက်ကြီးတယ်။ အဲဒါကြောင့် မင်းတို့တတွေ မဂဓ State မှာနေပြီးတော့ မဂဓတက္ကသိုလ်မှာ ကျောင်းတက်ရင်း မဂဓ State ရဲ့ဂုဏ်ရည်တွေကို အပြည့်အ၀ မဂဓ State ရဲ့ဂုဏ်သတ္တိတွေကို အပြည့်အ၀ ရအောင်ကြိုးစား အားထုတ်ကြလို့ ရှေးဦးစွာ ဒါတိုက်တွန်းတယ်။

 

ကမ္ဘာဦး ဘာသာစကား
***

 

ပြီးတော့ ကမ္ဘာဦး ဘာသာစကားဟာဘဲလည်း မဂဓတိုင်းရဲ့ဘာသာစကားဘဲ။ ”သာ မာဂဓီ မူလဘာသာ၊ နရာ ယာယာဒိကပ္ပိကာ“ ဒါဘယ်ကလည်း သုဗောဓာ လင်္ကာကျမ်းကထင်တယ်နော်။ (ခုဒ္ဒသိက္ခာ-မူလသိက္ခာ ၄၆၀) ဘာသာတရားအားလုံးရဲ့မူလဘာသာဟာ မဂဓပဲဆိုတော့ မဂဓကို အထင်မသေးနဲ့။ ဘာသာစကားအားလုံးရဲ့မူလာဟာလည်း မဂဓပဲ။ ကလေးတွေ စပြောတဲ့ စကားဟာ မဂဓ စကားပဲ။ ကျေးတွေ ငှက်တွေ ပြောတာဟာလည်း မဂဓစကားပဲ။ အဲလိုရှိတယ်။ အဲတော့ ထူးမြတ်တဲ့မြေမှာ ထူးခြားတဲ့ ပုဂ္ဂိိုလ်တွေဖြစ်အောင် ကြိုးစားဘို့လိုတယ်လို့ ဒါလေးလည်း ထပ်မံ၍ တိုက်တွန်းလိုတယ်။

 

နောက်တစ်ခုက မဂဓဘာသာစကားကို သွက်သွက်လက်လက်ပြောတတ်အောင် မဂဓ Languageကို သွက်သွက်လက်လက်ဖတ်တတ်အောင် လုပ်ကြဖို့လိုတယ်။ တို့ပြောနေတဲ့ ပါဠိဆိုတဲ့ဥစ္စာဟာ မဂဓ Language ပဲနော်။ ”ဘဂဝတော ဝစနာတိ၊ ပါလေတီတိ ပါဠိ” ကို မြတ်စွာဘုရားရဲ့စကားတွေကို ထိန်းသိမ်းထားတဲ့၊ စောင့်ရှောက်ထားတဲ့ Language ဟာ ပါဠိ ခေါ်တာပဲ။ ဒါမဂဓ Language ပဲ။ အဲဒါလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်လုပ်ကြ။ မဂဓ Language ကောင်းကောင်းတတ်ရင် ပိဋကတ်ရဲ့အနှစ်သာရတွေကို နားလည်တယ်။

 

ခုဏက ငါပြောတဲ့ စကားလေးတစ်လုံး ပရိတ်ကြီးထဲက ဟုတ်လား။ ”ကပ်ပသီသ ပုထုဝိပုက္ခလ” ဟုတ်လား ဝိပုက္ခလ ဆိုတာ ဝိသေသပထဝီပဲ။ ထူးတဲ့မြေကြီးပဲ။ အဲတော့ ထူးခွန်အောင်လုပ်ကြ။ ဒါတိုက်တွန်းတယ်။ နောက်တစ်ခုက တို့စဉ်းစားကြည့်တယ်။ တို့ဗမာနိုင်ငံက ပိဋကတ်စာပေသင်ကြားတဲ့ နည်းစနစ်တွေနော် ရှေးဟောင်းဆရာတော်ဘုရားကြီးတွေ တီထွင်တော်မူခဲ့တဲ့ နည်းစနစ်တွေ ကျမ်းရင်းသုံးကျမ်းမှာ တစ်ကျမ်းမှာ စာသွားနည်း တစ်မျိုးစီတစ်မျိုးစီ အဋ္ဌသာလီနိဆိုတဲ့ စာသွားနည်း၊ သီလက္ခံစာသွားနည်းနဲ့ မတူဘူး။ အဲဒီနှစ်ကျမ်းစာသွားတဲ့နည်းနဲ့ ပါရာဇီကဏ် စာသွားတဲ့နည်းနဲ့မတူဘူး။

 

ကျမ်းသုံးကျမ်းပေါင်းလိုက်ရင် စာသွားတဲ့နည်းတွေ တို့အစုံကို အကုန်ရတယ်။ အဲဒီအစုံအကုန် ကျမ်းရင်းသုံးကျမ်းက နည်းစနစ်တွေနဲ့ ပါဠိတော်တွေကို သွားနိုင်လို့ရှိရင် မဂဓ Language နဲ့ သင်္ဂါယနာတင်ထားတဲ့ ဒီ ပိဋကတ်ဟာ တို့ ကမ္ဘာမှာ ကြာကြာတည်ဖို့ ဖြစ်လာမယ်။ သင်္ဂါယနာခြောက်တန်လုံးဟာ မဂဓ Language နဲ့ဘဲ သင်္ဂါယနာတင်တာပဲ နော်။ မဂဓ Language နဲ့ကြီးပဲ။ သာသနာနှစ်(၅၀၀)လောက်မှာလို့ ခန့်မှန်းရတယ်။ တိတိကျကျမင်းတို့ပြောနိုင်မလား မသိဘူး။ ကနိသျှကတို့လက်ထက်၊ ကနိသျှကမင်းနန်းစိုက်တာက ဒီကနေ့ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်တစ်ခု၊ ပါရှ်ဝါ။ အဲဒီမြို့ရဲ့ မူလနာမည်က ပေါက္ခရဝတီ၊ ကနိသျှကမင်း နန်းစိုက်တုန်းက မြို့တော်။ နောက်ကျတော့ မဟာပုရိဿမြို့တော်ဆိုပြီး၊ နောက်ကျတော့ နာမည်ကောင်းကောင်းမမှတ်မိဘူး၊ နာမည်ပြောင်းသွားတယ်။ နောက်ကျတော့ ပတ်ရှ့်ဝါဖြစ်သွားတယ်။

 

အဲတော့ အဲဒီ ကနိသျှကလက်ထက်မှာ သူရဲ့ အထောက်အပံ့နဲ့ ကတ်ရှ်မီးနယ်စပ်မှာ သင်္ဂါယနာတင်တယ်။ ဂန္ဓာရနဲ့ ကတ်ရှ်မီးနယ်အစပ်မှာ ဟို ဟိမဝန္တာတောင်ခြေမှာ သင်္ဂါယနာတင်တယ်။ အဲဒါ ထေရဝါဒ သင်္ဂါယနာမဟုတ်ဘူး။ မင်းတို့သိပါတယ်။ အသောကရာဇာက သာသနာနှစ်(၂၃၆)မှာ တတိယသင်္ဂါယနာတင်တော့ ထေရဝါဒကိုပဲ သူ အသိအမှတ်ပြုပြီးတော့ ကျန်တဲ့ဂိုဏ်းတွေကို အကုန်နှင်ထုတ်တာ။ နှင်ထုတ်လိုက်တဲ့ ဂိုဏ်းတွေက (၁၈)ဂိုဏ်း၊ အဲထဲမှာ အားအကောင်းဆုံးက သဗ္ဗတ္ထိဝါဒ ဂိုဏ်းက အားအကောင်းဆုံးဘဲ။

 

သဗ္ဗတ္ထိဝါဒဂိုဏ်း
***

 

သဗ္ဗတ္ထိ ဂိုဏ်းက အဲဘက်မှာလွှမ်းမိုးသွားတယ်။ ဟိမဝန္တာတောင်ခြေ ကသ္မိရလို့ခေါ်တဲ့ ကတ်ရှ့်မီးပေါ့၊ ဂန္ဓာရလို့ခေါ်တဲ့ ပါကစ္စတန်ပေါ့၊ အာဂဖန်ပေါ့၊ အဲဖက်မှာ သူက သိပ်အားကောင်းသွားတယ်။ သဗ္ဗတ္ထိ ဝါဒဂိုဏ်းက။ ကနိသျှကက သံဃာဂိုဏ်းတစ်ဂိုဏ်းစီကို နန်းတော်ထဲပင့်ပင့်ပြီးတော့ သူက တရားနာတယ်။ ဥပုသ်တစ်ပါတ် တစ်ပါးဆိုကြပါတော့။ မန္တလေး မင်းတုန်းမင်းကြီးတရားနာသလို ဥပုသ်တစ်ပတ် တစ်ပါးထားတယ်။ သဗ္ဗတ္ထိဂိုဏ်းက ဟောသွားရင်တစ်မျိုး၊ နောက် မဇ္ဇျန္တိက ဂိုဏ်းကဟောသွားရင် တစ်မျိုး၊ တစ်ဂိုဏ်းဟော တစ်မျိုး၊ တဂိုဏ်းဟောတစ်မျိုးဆိုတော့ ဘုရင်က နားရှုပ်လာတယ်။ ကိုယ်တော်တို့ ဗုဒ္ဓဘာသာဝင်ရဟန်းတွေ ဖြစ်လျက်နဲ့ ဘယ်နှယ်ကြောင့် တစ်ယောက်တစ်မျိုး ဟောသလဲ၊ အားလုံးညှိနှိုင်းတော်မူကြပါဘုရား။ ညှိနှိုင်းပြီးတော့ တစ်ဝါဒထဲဟောပါ ဆိုတော့မှ သင်္ဂါယနာ ဖြစ်သွားတာ။

 

အဲဒါဘယ်မှာဖတ်မလဲ။ ဖတ် မင်းတို့ ငါကတော့ ဖတ်ထားတယ်။ ဘယ်စာအုပ်မှာရှိလဲ။ 2500 Years of Buddha ဇယံတိ နော်။ ငါကတော့ အဲဒီက ဖတ်တာ။ ဒီပြင့်လည်း ပါမှာပေါ့နော်။ အဲတော့ ကနိသျှကမင်း ခေါင်းရှုပ်နေတော့ ညှိနှိုင်းပြီးတော့ ဟောကြပါဆိုပြီးတော့ သင်္ဂါယနာဖြစ်သွားတာ။ အဲတော့ သင်္ဂါယနာဆိုပြီးတော့ ခေါ်လိုက်တယ် သဗ္ဗတ္ထိ ဝါဒဂိုဏ်းက ခေါင်းဆောင်ခေါ်တယ်။ သင်္ဂါယနာရဲ့ခေါင်းဆောင်မထေရ်နာမည် ဘယ်သူမှတ်မိလဲ၊ အဿကမထေရ်၊ သူကခေါင်းဆောင်ပြီး သင်္ဂါယနာတင်တော့ သဗ္ဗတ္ထိ ဂိုဏ်းကအားကောင်းနေတော့၊ သဗ္ဗတ္ထိဂိုဏ်းရဲ့အယူအဆအတိုင်းလုပ် လုပ်ချလိုက်တာနော်၊ ဗမာနိုင်ငံမှာလည်း အဲဒီသဘောလေးတွေ တစ်ခါတစ်ခါ နည်းနည်းပါးပါးရှိတယ်။ သုဓမ္မာရယ်၊ ရွှေကျင်ရယ်၊ ဒွါရရယ်၊ ဆဋ္ဌသင်္ဂါယနာမှာနော်၊ အားလုံး သုဓမ္မာဆရာတော်တွေကြီးဘဲ နေရာကြီးကြီးမှာ ယူသွားတယ်၊ ရွှေကျင်တွေဆိုတွဲဘက်မှာ ရတယ်၊ ဒွါရတွေလည်း ဒီလိုဘဲ တွဲဘက်မှာရတယ်။ Main နေရာတွေမှာ နေရာမရဘူး။ အဲဒါတွေဟာ ရှေးထဲကရှိတာ။

 

အဲဒါကို စင်ပြိုင်သင်္ဂါယနာလို့ခေါ်တာပေါ့။ တောင်တွင်းကြီးဆရာတော်ဦးဥက္ကဋ္ဌရေးတာက စင်ပြိုင်သင်္ဂါယနာဆိုပြီးတော့ စာအုပ်တစ်အုပ်ရှိတယ်။ ငယ်ငယ်တုန်းက အဲဒီစာအုပ်တွေ ဖတ်ရတယ်။ အင်္ဂလိပ်လိုနည်းနည်းပါးပါး ဖတ်တတ်တော့မှပဲ မင်းပြောတဲ့ 2500 Years ဖတ်ဖြစ်တာ။ သိပ်ကောင်းတယ်ကွာ အဲစာအုပ်။ ကုလားစာရေးဆရာပေါင်းများစွာ တစ်ယောက်ကို Article တစ်ခုစီ ရေးသွားပြီးတော့ ပေါင်းထုပ်တာနော်။ ဒီလိုစာအုပ်ထုတ်နည်းမျိုးကလည်း တို့သံဃာတော်တွေ ထုတ်သင့်တယ်။ မင်းတို့လည်းဘဲ တစ်ပါးArticle တစ်ခု၊ တစ်ခုရေးပြီးပေါင်းထုတ်လိုက်ရင် ကောင်းတာပေါ့။ သူက မဂ္ဂဇင်းကြီးလိုဘဲ။

 

တကယ်တော့ History of Buddhism ဘဲ။ 2500 Years History of Buddhism ဘဲ။ အဲဒီမှာပါတယ်လို့ ငါဖတ်ဖူးတဲ့ ကျမ်းညွှန်းက အဲဒါပါပဲ။ အဲဒီမှာသုံးထားတာ စင်ပြိုင်သံဃာယနာကို တောင်တွင်းကြီးအရှင်ဥက္ကဋ္ဌက အဲဒါလေးကို စာအုပ်ကလေး ရေးထားတာ။ ပြောမှာကဘာလဲဆိုတော့ သဗ္ဗတ္ထိဝါဒက အားကောင်းတဲ့အတွက်ကြောင့် သူတို့ အယူအဆတွေဘဲ တင်သွင်းပြီးတော့ ကျန်တဲ့ဂိုဏ်းငယ်လေးတွေက ပြောဆိုတဲ့နေရာမှာ အရာမရောက်ဘူး။ အဲတော့ဘာလုပ်သွားသလဲ ဆိုတော့ တို့ မဂဓနဲ့ သင်္ဂါယနာတင်ထားတဲ့ သင်္ဂါယနာသုံးတန် First Council က ရာဂျ်ဂီရိ၊ Second Council က ဝေသာလီ၊ Third Council က ပတ္တနား၊ အဲဒီ Council သုံးခုက တင်ခဲ့တဲ့ပိဋိကတ်တွေကို အကုန်ပြင်တာနော်၊ အကုန်ပြင်ပြစ်တာ။ အကုန်ပြင်ပြစ်ပြီးမှ ပိဋကတ်ကို အသစ်ပြန်ရေးတာ။

 

အဲတော့ ဘုရားဟော Original မဟုတ်တော့ဘူး။ အသစ်ပြန်ပြီး အကုန်ရေးပြစ်တာ။ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ အယူအဆနဲ့ အသစ်ပြန်ရေးပစ်တာ။ ရေးပစ်လိုက်ပြီးတော့ အက္ခရာပါ ပြောင်းပြစ်တာ။ မဂဓ Language ကနေပြီးတော့ သည်လိုပြောရင်တော့ကောင်းမယ်ထင်တယ်၊ ပါဠိLaunguage ကနေ Sanskrit Language ကိုပြောင်းပြစ်တယ်။ အဲတော့ Sanskrit Buddhism ဆိုပြီးတော့ဖြစ်သွားတယ်။ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ အာဘော်တွေချည်းဘဲ။ ဝိဘာသာခေါ်တဲ့ ဂါထာပုဒ်ပေါင်း သန်းနဲ့ချီပြီးတော့ သုတ္တန်ကို ဘယ်နှစ်သန်း၊ ဝိနည်း ဘယ်နှစ်သိန်း၊ အဘိဓမ္မာမှာက ဘယ်နှစ်သန်းဆိုပြီးတော့ အဲလိုရေးပြစ်တယ်၊ အဲဒီဂဏာန်းတွေ ငါကောင်းကောင်းမမှတ်မိဘူး။

 

သန်းပေါင်းများစွာ ဂါထာပုဒ်တွေနဲ့ ရေးသွားတာ လုပ်ပြစ်တယ်။ နောက်ပြီးတော့ ဘာဖြစ်သွားလဲဆိုတော့ ပါဠိBuddhism နဲ့ Sanskrit Buddhism ဆိုပြီးတော့ နှစ်ဂိုဏ်းကွဲသွားတယ်။ Sanskrit Buddhism ကြီးက ဟိမဝန္တာကျော်ပြီးတော့ မြောက်ဘက်ရောက်သွားတယ်။ အဲဒါ ဘိက္ခုဗောဓိသယ်သွားတာ။ ဟုတ်တယ်မလား။ ဘိက္ခုဗောဓိဆိုတာ တမိလ်နာဒူသား၊ အိန္ဒိယသား ကုလားကြီး။ သိပ်တော်တယ်။ သူသယ်သွားတာ တိဗက်တို့၊ တရုတ်တို့၊ ကိုးရီးယားတို့၊ မွန်ဂိုလီးယားတို့ အကုန်ရောက်သွားတာဘဲ။ ဘိက္ခုဗောဓိက အဲဒီမြောက်ဘက်တစ်ခွင် ဗုဒ္ဓဘာသာကျောင်းတွေမှာ ဗုဒ္ဓဘာသာဂိုဏ်းတွေမှာ သူ့ကဘုရားဘဲ။ သူတို့ရဲ့ ဘုရားဘဲနော်။ Sanskrit Buddhism အဲဒီပြောင်းသွားတယ်။ အဝလောကီဒိရှရွတ်က နာမည်ပြောင်းပြီး ဟိုဘက်ရောက်သွားတာ။ အိန္ဒိယက နတ် အဝလောကီဒိရှရွတ် လောကကြီးအပေါ်စီးကြည့်နေတယ် ဒါကြောင့် မင်းတို့ နီပေါလ်ရောက်ဖူးတယ်မလား။ ဘုရားတွေမှာ မျက်လုံးကြီးတွေနဲ့လေ အဝလောကီဒိရှရွတ်ရဲ့ Sign တွေ။

 

အဝလောကီဒိရှရှတ်ကို တိဗက်Language နဲ့ဘာခေါ်သလဲ။ ကြားဖူးလား။ ငါမေးကြည့်ဖူးတယ်။ တိဗက်Language နဲ့တစ်မျိုး၊ တရုတ်Language နဲ့တစ်မျိုး၊ ဂျပန်နဲ့တစ်မျိုး၊ ဂျပန်အထိရောက်သွားတယ်။ တိဗက်Language နဲ့ခေါ်တာက ဂွမ်နင်း၊ ဟိန္ဒူနတ်ကြီး၊ အဲတော့ အဲဒီ Rivals Councilက အာမနာတမ်းပြောရမယ်ဆိုရင် သန့်ရှင်းတဲ့တကယ့်Council မဟုတ်ဘူး။ Hinduism တွေအများကြီးပြန်ထည့်ထားတာ။ အဝလောကီဒိရှရွတ်ကို သူတို့က ကိုးကွယ်စရာ ဂွမ်နင်း၊ တရုတ်ပြည်ရောက်သွားတော့ ကွမ်ရင်၊ အရှေ့ဘက်ရွှေ့သွားတော့ ဂျပန်ရောက်တော့ ကန်နွန်၊ ငါတော့ အဲလိုဖတ်ထားတယ်။

 

အဲတော့ မင်းတို့တစ်တွေ အဲဒီလို Comparative Study of Buddhism ပေါ့။ ကိုယ့်ဗုဒ္ဓဘာသာကိုပင်လ ျှင် တစ်ခုနဲ့တစ်ခု Compare လုပ်ပြီးတော့ လေ့လာကြဖို့ရန် ငါတိုက်တွန်းလိုတယ်နော်၊ တိုက်တွန်းလိုတယ်။ Pure Buddhism ဆိုတာ မရှိသလောက်ရှားသွားပြီ။ တို့ထေရဝါဒထဲမှာကို ယောယှက်နေတာတွေ ရှိတယ်။ အဲတော့ တို့မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်လိုက်။ ခုဏကိစ္စတွေထဲ ပြောဖို့တစ်ခုကျန်သေးတယ်။ ဘာဘုရင်လက်ထက်လဲ သင်္ဂါယနာတင်တာ။ ကနိသျှက၊ ကနိသျှကရှေးက ဘုရင်တစ်ပါးရှိသေးတယ်။ ကုသျှန်၊ ပါဠိရေးတော့ ကုသနလို့ရေးတယ်။ ကနိသျှကကိုလည်း ကနိသကလို့လည်းရေးတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ အိန္ဒိယသားတွေမဟုတ်ဘူး။ ပါကစ္စတန်သားတွေ မဟုတ်ဘူး။ ကရှ်မီးသားတွေ မဟုတ်ဘူး။ ဂရိတွေ။

 

ဂရိတွေက အစောကြီး ပထမစန္ဒဂုတ်မင်းရဲ့ မတိုင်မီကတည်းက ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ Central Asia တစ်ခုလုံး လွှမ်းမိုးပြီးတော့ အိန္ဒိယမြောက်ပိုင်းကြီးတစ်ခုလုံး သိမ်းထားတာ။ ဂရိတွေ။ အဲဒါတွေကို စန္ဒာရဂုတ္တားလို့ခေါ်တဲ့ ပထမမင်းက တိုက်တာ။ အဲတော့ တစ်ခါတည်း အဲဒီကောင်တွေ အကုန်လုံးပြန်ပြေးကြတယ်။ ဒုတိယစန္ဒရဂုတ္တားမင်းတိုက်တယ် ပြန်ပြေးကြတယ်၊ ပြီးတော့ ပြန်ဝင်လာကြတယ်။ အဲဒီဒုတိယ စန္ဒရဂုတ္တားမင်း၊ နောက်တစ်ခါ တတိယစန္ဒရဂုတ္တားမင်းတိုက်တယ် ပြေးကြတယ်၊ ပြန်ရောက်လာတယ်။ အာသောကရဲ့လက်ထက်ကျတော့ အာသောကမင်းတရားက စစ်တင်မတိုက်ဘဲ Missionတွေပါ လွှတ်လိုက်တာ။ ပါရာဇိကာအဋ္ဌကထာမှာ ပါတယ်လေ။ Mission ကိုးဖွဲ့လွှတ်တာ။ အဲဒီမဇ္ဈိမ မစ်ဇန်ဒိကမထေရ်တို့ အဲဒီ ဂန္ဓာရကြွတာဘဲ။ အဲတော့ ဘာပြောမှာလဲဆိုတော့ အဲဒီဂရိဘုရင်တွေဟာ အာသောကမင်း လွှတ်လိုက်တဲ့ Mission တွေရဲ့ဗုဒ္ဓဘာသာတရားကို နာပြီးတော့ အကုန်လုံး Buddhist တွေဖြစ်ကုန်တယ်။

 

Missionary
***

 

စွမ်းတယ်နော်။ မင်းတို့အိန္ဒိယမှာ မြန်မာသံဃာ ဘယ်နှစ်ရာလောက်ရှိမလဲ။ ငါးရာလောက်ရှိရင် ရှိမှာပေါ့။ ကုလားဘယ်နှစ်ရောက်ဗုဒ္ဓဘာသာဖြစ်အောင် လုပ်ပြီးပြီလဲ၊ လိုတယ်။ လုပ်ကြ။ ငါတော့ အမေရိကန်မှာ (၃)နှစ်လောက်နေလာတာ။ အမေရိကန် အစိတ်လောက် ဗုဒ္ဓဘာသာဖြစ်တယ်။ ရင်းရင်းနှီးနှီး ဆွေလို မျိုးလို သားလို သမီးလို တစ်ရင်းတစ်နှီးဖြစ်သွားတာ အမေရိကန်တွေ သုံးနှစ်လောက် ငါသွားနေတာ။ ဗိုလ်သန်းရွှေက လွှတ်လိုက်တာလေ။ 88တုန်းကလေ။ သံဃာတွေ သိမ်းကြုံးဖမ်း၊ ဘာလုပ်၊ ညာလုပ်ဆိုတော့ အများကြီးပြေးကြတယ်မလား။ အဲဒီထွက်ပြေးတဲ့အထဲ ငါလည်းပါတာဘဲ။

 

ငါသုံးနှစ်လောက်နီးနီး အဲဒီသွားနေတာ။ နက်ရှ်ဗီးမှာ ဆင်းဆင်းရဲရဲနဲ့။ အဲဒီမှာ ငါ့ Supporterက ကျောက်ဆည်သားဘဲ။ ဒကာသန်းရွှေတို့နဲ့ကျောင်းနေဘက် ပရော်ဖက်ဆာဝင်းမြင့်၊ ဝင်းမြင့်က ဦးနုက လွှတ်လိုက်တဲ့ပညာသင်။ အမေရိကန်မနဲ့ညားပြီးတော့ မြန်မာပြည် မပြန်ဘဲနဲ့ အမေရိကန်သားခံပြီး နေနေတာ။ နက်ရှ်ဗီးရောက်တော့ သူက အမေရိကန်မ ကွာရှင်းပြီးတော့ ထိုင်းမ ယူလိုက်ပြန်ရော။ ထိုင်းက Buddhistဆိုတော့ စီးပွားက သိပ်ဖြစ်တယ်။ ထိုင်းမက ဆိုင်ဖွင့်တယ်။ သူကလည်း ပရော်ဖက်ဆာ တက်နက်စီ ပြည်နယ်မှာ ပရော်ဖက်ဆာ။ အဲဒါနဲ့သူက နှစ်ပေါင်း(၈၀)လောက်ဟောင်းနေတဲ့ Church ဟောင်းကြီးကို ဒေါ်လာရှစ်သိန်းနဲ့ ဝယ်လိုက်ပြီးတော့ အဲဒီမှာ Cross ကြီးကို ဖြုတ်ချပြီးတော့ Buddhist Center ဆိုပြီးတော့ လုပ်တာ။

 

ငါအဲဒီမှာသွားနေတာ။ အဲဒီဝင်းမြင်နဲ့ နောက်ထမင်းဆိုင်ထောင်ထားတဲ့ ဝင်းဆွေ။ မြန်မာနှစ်ယောက်ဘဲ ရှိတာ။ နှစ်ယောက်တည်း မတည့်ဘူး။ ဗမာက အဲလို။ ဝင်းမြင့်ကကျောင်းလာမယ်ဆို တယ်လီဖုန်းဆက်တယ်။ ဆရာတော်ဟိုလူကြီးရှိလား။ မရှိဘူးဆိုရင်လာတယ်။ ရှိတယ်ဆို သူမလာဘူး။ ဝင်းဆွေကလည်း ဒီလိုဘဲ။ ကျောင်းလာချင်ရင် တယ်လီဖုန်းဆက်တယ်။ ဝင်းဆွေကလည်း ညနေတိုင်း ခေါက်ဆွဲကြော်တွေ၊ ကြာဇံကြော်တွေ၊ လာလာပို့တယ်။ လာပို့တယ်။ ရေခဲသေတ္တာမှာထား၊ မနက်ကျ နွေးပြီး အဲဒါလေးစားပေါ့။ ဝင်းမြင့်ကတော့ ဘူးတွေ၊ ပလုံးတွေ၊ သံဗူးမျိုးစုံ၊ စားစရာတွေ ယူလာတယ်။ သူတို့နှစ်ယောက်ထဲနဲ့ ငါနေတာ (၃)နှစ်ကြာတယ်။ အဲဒီ Church အအိုကြီးမှာ။ (၂၅)ယောက်အမေရိကန်တွေ Buddhist ဖြစ်တယ်။

 

တစ်ရင်းတစ်နှီး ဆွေလိုမျိုးလိုကို ခင်မင်ပြီးနေနေတာ ခုထိ အမေရိကန်တွေဟာ ငါ့အနားမှာရှိတယ်။ အဲတော့ ဝင်းမြင့်လည်းသေပြီ၊ ဝင်းဆွေလည်း သေပြီ။ မရှိတော့ဘူး။ မရှိတော့ အဲဒီကျောင်းကြီးလည်း ပျက်သွားတယ်။ ဒါပေမဲ့ ဝင်းမြင့်က ကျောင်းမပျက်စေချင်တော့ ဘာလုပ်လည်း ဆိုတော့ အဲဒီကျောင်းအအိုကြီးကို နှစ်(၁၀၀)ပြည့်တော့ အမေရိကန်အစိုးရက ဒါကြီးကို ဖြိုရမယ်တဲ့။ ဖြိုရင်လျော်ကြေးပေး၊ သူကလည်း လူလည်။ သူ့အနားမှာ ကျောင်းရဲ့ Board of Director ထဲမှာ Secretary က ရှေ့နေကြီး။ အမေရိကန်ရှေ့နေကြီး ဂျူးဂျွန်စတန်ဆိုတဲ့ လူကြီး၊ ရှေ့နေကြီး၊ ငါအင်္ဂလိပ်လေး မတောက်တစ်ခေါက်နဲ့ သူက အတ္တနဲ့အနတ္တ မေးတာ ငါကောင်းကောင်း မဖြေနိုင်ခဲ့ဘူး။ ခုထိ မကြေဘူး။

 

ခုတစ်ခေါက်ပြန်သွားရင် တွေ့ရင်ပြောအုန်းမယ်။ မသေသေဘူး။ (၈၀)ကျော်ပြီ၊ ဂျူးဂျွန်စတန်က။ ဂျူးဂျွန်စတန်က ရှေ့နေအလိုက်ကောင်းတော့ အမေရိကန်က ဖြိုပစ်မယ်ဆိုတဲ့ဥစ္စာကြီးက လျော်ကြေးရတယ်။ အဲဒီရတဲ့ လျော်ကြေးလေးနဲ့ မြေလေး တစ်ဧကလောက်ရှိမဲ့နေရာမှာ အိမ်လေး တစ်လုံးဝယ်ပြီးတော့ အမေရိကန် နက်ရှ်ဗီးက Buddhsit Centerဆိုတာ ခုထိရှိတယ်။ မပျက်ဘူး။ ငါထိန်းထားတယ်။ ငါတပည့်တစ်ယောက် ဒေါက်တာအဂ္ဂဉာဏဆိုတာ ငါလွှတ်ထားတယ်။ လွှတ်ထားတယ်ရှိတယ်။

20221221-gazette-01

20221221-gazette-02

 

အဲတော့ Missionary ဆိုတာ ဖြစ်သလိုဒီလိုဘဲ လုပ်ကြရတယ်။ တရားဝင်နိုင်ငံတော်ကနေ Support ကဘာမှ မရှိဘူး။ သာသနာရေးဝန်ကြီးဌာနရဲ့တရားဝင် Supportလည်း ဘာမှ မရှိဘူးနော်၊ ကိုယ့်ဒူးကိုယ်ချွန်။ တို့ဆရာတော်အနီးစခန်းပြောသလိုပြောရင် ကိုယ့်ဒူးကိုယ်ချွန်၊ ဒူးတင်မကဘူးကွ ပေါင်ပါချွန်ရမယ်တဲ့။ ဒူးချွန်ပေါင်ချွန် ထူးထူးချွန်ချွန် ဖြစ်အောင်ချကြဆိုပြီးတော့။

 

မစ်ဇန်ဒိကမထေရ်ပြန်ဆက်လိုက်နော်၊ ဂရိဘုရင်တွေကို ဗုဒ္ဓဘာသာဖြစ်အောင် လုပ်သွားတာ။ သူ။ အဲဒါကြောင့် ကုသျှန်ခောတ်မှ ဘုရား၊ ပုထိုးတွေ အများကြီးတည်သွားတယ်။ မင်းတို့သွားရင် ကုသိနာရုံလမ်းမှာ စေတီကြီးတစ်ခုရှိတယ်လေ။ ရွှေတိဂုံလိုဘဲ အကြီးကြီး။ ကေဿရိယ ကုသျှန်နော် ကုသျှန်။ ကုသျှန်ခောတ်က တည်သွားတာ။ နောက်တစ်ခုက မင်းတို့မရောက်ဘူး။ တို့ရောက်ခဲ့တယ်။ လောကီရနန္ဒာ၊ ကုလားတွေကတော့ လောကီရနန္ဒာလို့ ဖတ်တယ်။ တကယ်တော့ လောကနန္ဒာဖြစ်မှာပေါ့။ စေတီကြီးတစ်ဆူရှိသေးတယ်။ အဲဒီကုသိနာရုံကနေအရှေ့ကို တစ်မနက်နီးနီးမောင်းရတယ်။ အဲဒါလည်း ကုသျှန်ခောတ်က တည်သွားတာ။ ဂရိမင်းတွေနော် ဗုဒ္ဓာဘာသာဖြစ်ပြီးတော့ ဘုရားတည်ကြတယ်။ ဂရိတွေဆိုတာ နတ်ကိုးကွယ်တဲ့လူတွေဘဲ။ ခရစ်ယာန်မှ မပေါ်သေးဘဲ။

 

အဲတော့ Missionaryလုပ်ငန်းကို ရသလိုလုပ်ကြလို့ ဒါလေးလည်း ပြောချင်ပါတယ်။ ကုလားပြည်မှာနေပြီးတော့ ကုလားသင်တဲ့ ပညာကိုယူပြီးတော့ ကုလားတစ်ယောက် နှစ်ယောက်ကို ဗုဒ္ဓာဘာသာ ဖြစ်အောင်ပြန်လုပ်နိုင်ရင် မင်းတို့ကို ငါဆုပေးမယ်။ လုပ်ကြ။ ငါတော့ အမေရိကန်(၃)နှစ်နေခဲ့တာ တော်တော်ပေါက်တယ်။ တော်တော်ပေါက်သွားတယ်။ ခုလောက် အင်္ဂလိပ်စာလေး မတောက်တစ်ခေါက် ပြောနေနိုင်တာ အဲဒီမှာ (၃)နှစ်နေခဲ့တယ် ကျေးဇူးပဲ။

 

အဲတော့ ခုဏက Rivals Council ပြန်စလိုက်။ အပြိုင် သင်္ဂါယနာက ဘာလုပ်သွားလဲ၊ ပါဠိBusshism ကို Sanskrit Buddhism လုပ်သွားတယ်။ Sanskrit Buddhistတစ်ခုလုံးကို ဘိက္ခုဗောဓိက မြောက်ပိုင်းတစ်ခုလုံးကို အကုန်သယ်သွားတာ ဂျပန်ရောက်တယ်။ ဘာပဲ ဖြစ်ဖြစ် ဘုရားမဟုတ်၊ တရားမဟုတ်၊ သံဃာမဟုတ်၊ လုပ်ချင်ရာလုပ်နေတဲ့ ဟိမဝန္တာရဲ့မြောက်ပိုင်းကြီး တစ်ပိုင်းလုံးဟာ ဗုဒ္ဓဘာသာဖြစ်လာတာဟာ မဟာယာနပဲ ဖြစ်ဖြစ်၊ ဘာယာနဘဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ်၊ ဗုဒ္ဓဘာသာဖြစ်နေသေးတယ်ဆိုတာ တော်တော်ကောင်းတာ။ ဘာမှ မဖြစ်လိုက်ရဘဲ ဘာသာမဲ့ဘဝရောက်သွားမှာ စိုးရိမ်ရတယ်။

 

အဲတော့ ဒီဘက်ပြန်လိုက်၊ ဒီဘက်ပြန်လိုက်တော့ တို့တိုင်းပြည်ရဲ့ဒီနေ့ ပါဠိပညာရေး အခြေအနေဟာနော် တဖြည်းဖြည်းနဲ့ ကျဆင်းသွားပြီ။ ကျဆင်းသွားပြီ။ ပါဠိဘာသာ သင်ကြားရေစနစ်ဟာ ပါဠိတကယ်မတတ်တော့ဘူး။ ပါဠိတကယ်မတတ်တော့ ဘာဖြစ်လဲ။ ပိဋိကတ်သုံးပုံကို မသွားနိုင်ဘူး။ အဲလိုတွေဖြစ်လာတယ်။ အဲလိုတွေ ဖြစ်လာတဲ့အချိန်မှာ မင်းတို့ဗမာနိုင်ငံမှာ နာမည်တစ်ခုရှိသေးတယ်လေ ပါဠိတက္ကသိုလ်။ ဒီနာမည်တွေ ဦးနုအစိုးရလက်ထက်က စခဲ့တာ။ နောက်ဦးနေဝင်း အစိုးရ။ နောက် ဦးသန်းရွှေအစိုးရ လက်ထက် ဒါတွေဟာ နာမည်ရှိပဲတယ်။ ပါဠိတက္ကသိုလ်ဆိုတဲ့ နာမည်နဲ့လျော်ညီစွာ ပါဠိကို တက္ကသိုလ် သင်ကြားရေးစနစ်မျိုးနဲ့သင်တဲ့ ဥစ္စာဟာလည်း မရှိတော့ဘူး။

 

တတ်လည်း မတတ်တော့ဘူး။ ကျမ်းရင်းသုံကျမ်း အောင်တဲ့ကိုယ်တော်တွေဆိုတာ နုတ်နဲ့မှတ်စုနဲ့သွားတာဘဲ ရှိတော့တယ်။ ပါဠိဘာသာ ပညာရေးတွေ တဖြည်းဖြည်းကျဆင်းသွားတော့မဲ့ အနေအထား ရောက်သွားပြီ။ အဲတော့ ငါက ဘာတိုက်တွန်းချင်လဲဆိုတော့ မဂဓတိုင်းပြည်မှာ မင်းတို့ ပညာသင်ကြားနေကြပြီးတော့ Ph.D ဘွဲ့ယူကြတဲ့ အရှင်မြတ်တွေ ပါဠိပိဋိကတ်ကို ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့လာဖို့ ငါတိုက်တွန်းလိုတယ်။ အဲတော့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ပြီးတော့ တက္ကသိုလ်တွေမှာ အိန္ဒိယပြည်က နာလန္ဒာရော၊ မဂဓရော၊ ပုဏ္ဏတိုရဲ့မြို့က ဘာလဲ၊ ပူးနေရ်ဘဲမလား။ ပုဏ္ဏားညီအစ်ကိုနှစ်ယောက်ရဲ့မြို့ ဟာ ပူးနေရ်းလေ။ ဗမာနိုင်ငံကတော့ Adaptation တွေအကုန်လုပ်ထားတယ်။ အဲတော့ ပုဏ္ဏားတို့ရဲ့ မြို့မှာ၊ ဒီမဂဓဆိုတဲ့ တိုင်းပြည်မှာ၊ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့မွေးရာ ဘာလဲ နာလန္ဒာမှာ။ ဒီမှာ ပညာသင်ကြပြီးတော့ ဗမာပြည် ပြန်လာပြီးတော့ ဗမာပြည်ရဲ့တက္ကသိုလ်တွေ ပါဠိတက္ကသိုလ်တွေကို Upgrade ပေါ့လေ။ အင်တာနေရှင်နယ်လိုက်ဇ် Upgrade လုပ်ကြပါလို့ အပြီးသတ် ငါအဲဒါ တိုက်တွန်းလိုပါတယ်။

 

အားလုံးကျန်းကျန်းမာမာ အသက်ရှည်ကြပါစေ...

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

photo-Sitagu Kyaw San Win, Sitagu Aung Than Win.

သီတဂူဆရာတော်ကြီး International Buddhist Monk Training School ကျောင်းသို့ ကြွရောက်အားပေးခြင်းချီးမြှောက်ခြင်း

**********

(၁၇-၁၂-၂၀၂၂)

 

ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ဂယာမြို့ရှိ Buddha International Welfare Mission ကျောင်းတည်ထောင်သူ Venerable B.Ayiyapala Bhikkhu ၏ ဖိတ်ကြားင်ချက်အရ ညနေ(၃:၀၀)နာရီတွင် မဟာဗောဓိပရဟိတကျောင်းမှ ထွက်ခွါခဲ့ပါသည်။

 

ထိုနောက် (၃:၁၅)နာရီတွင် ထိုကျောင်းသို့ရောက်ရှိခဲ့ပါသည်။

 

ထိုနောက် Ven. B. Ayiyapala Bhikkhu နှင့်ကျောင်းရှိသံဃာတော်များ၊ ကိုရင်လေးများမှ နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။

 

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို ဩကာဿ ကန့်တော့ချိုးဖြင့် ရှိခိုးကန့်တော့ခဲ့ကြပါသည်။

 

သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဩဝါဒမိန့်ကြားခဲ့ပါသည်။ သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ကျောင်းတိုက်တာဝန်ခံဆရာတော် Ven. B. Ayiyapala Bhikkhu ကို သာသနာတော်အတွက် ကိုရင်လေးများသည် အရေးကြီးကြောင်း၊ ကိုရင်လေးများမှ ရဟန်းဘဝသို့၊ ရဟန်းဘဝမှသည် ကမ္ဘာ့သာသနာပြုအကျော်များအဖြစ်သို့ ရောက်နိုင်အောင်ပြုစုပျိုးထောင်ပေးပြီး မင်္ဂလာသုတ်၊ မေတ္တာသုတ်၊ မဟာဗုဒ္ဓဝင်၊ ပရာဘဝသုတ်များ သင်ကြားပေးရန် မိန့်ကြားခဲ့ပါသည်။

 

ဩဝါဒမိန့်ကြားပြီနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

 

ညနေ (၄:၀၀)နာရီတွင် International Buddhist Monk Training School မှ မဟာဗောဓိပရဟိတကျောင်းသို့ ပြန်လည်ကြွရောက်ခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ..
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ….
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

photo-Sitagu Kyaw San Win, Sitagu Aung Than Win.

 

မျှဝေပါသည်။
သီတဂူစတား

20221217-gazette-01

20221217-gazette-02

20221217-gazette-03

20221217-gazette-04

20221217-gazette-05

20221217-gazette-06

20221217-gazette-07

20221217-gazette-08

သီတဂူဆရာတော်ကြီး အိန္ဒိယမြေမြတ်မဟာမှာ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနား

**********

၁၆.၁၂.၂၀၂၂ ရက်နေ့

 

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမြေမြတ်မဟာ၊ မဟာဗောဓိပရဟိတကျောင်း၌ တည်ထားကိုးကွယ်သော ရွှေစည်းခုံစေတီတော်ကို စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားဖြစ်ပါသည်။

 

အခမ်းအနားကို မင်္ဂလာအချိန် နံနက်(၈:၀၀)နာရီ တိတိ တွင်စတင်ခဲ့ပါသည်။

 

ပထမဦးစွာ သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို နားနေဆောင်မှ တင်လှူမည့်နေရာသို့ သံဃာတော်များ ခြံရံလျက်ပင့်ဆောင်လာခဲ့ပါသည်။

 

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်မည့်ဒကာများကို သီလခံယူစေပါသည်။

 

သီလခံယူပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်(၇)ပါးတို့မှ မေတ္တာသုတ် နှင့် အာနန္ဒာဋိယသုတ်ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

 

ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ သံဃာတော်တစ်ပါးကို စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို လက်ဆင့်ကမ်းပင့်ဆောင်စေခဲ့ပါသည်။

 

ထို့နောက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို သံဃာတော်များမှ လှေကားပေါ်တွင် အဆင့်ဆင့်လက်ဆင့်ကမ်း၍ စေတီပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။

 

ထိုနောက် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို ပန်းရံဆရာမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို တပ်ဆင်ခဲ့ပါသည်။

 

စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တပ်ဆင်ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ဇယံတော ဗောဓိယာ အစရှိသော ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

ထိုကြောင့် ဗုဒ္ဓဂယာမြေမြတ်မဟာတွင် သာသနာတော် အတွက် ရွှေစည်းခုံစေတီတော်တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်လာပြီဖြစ်ကြောင်း ဗုဒ္ဓဘာသာသူတော်စင်များကို သတင်းစကားပါးလိုက်ပါသည်။

 

စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် အလှူရှင် - အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး

 

ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

photo-Sitagu Kyaw San Win, Sitagu Aung Than Win.

 

မျှဝေပါသည်။
သီတဂူစတား

20221216-gazette-01

20221216-gazette-02

20221216-gazette-03

20221216-gazette-04

20221216-gazette-05

20221216-gazette-06

20221216-gazette-07

ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ ကရုဏာအလှူတော်

**********

၂၄-၁၁-၂၀၂၂ နေ့

 

မြန်မာနိုင်ငံ လုပ်သား ၄၃ ယောက်တို့သည် အိန္ဒိယနယ်နမိတ် ပင်လည်ထဲသို့ နယ်ကျွန်ကာ ငါးဖန်းကြသဖြင့် အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ ၄ နှစ်ကျော်ကြာ ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ကြပါသည်၊ တချို့လည်း ၃ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ကြပါသည်။ အများစုက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဖြစ်ကြသည်။

 

ထောင်သက်တမ်းပြည့်၍ မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေကြသော မြန်မာနိုင်ငံသား ၄၃ ယောက်ကို ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ အရောက်ခေါ်ခဲ့သည်၊ ရန်ကုန်မှ မိမိတို့ နေရပ်ပြန်နိုင်ရန် လမ်းစရိတ် ၂ သောင်းကျပ်စီ လှူပေးခဲ့ပါသည်။ ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဓမ္မိက နှင့် သီတဂူကပ္ပိယအချို့တို့က ကြိုဆိုနှုတ်ဆက် လမ်းစရိတ်များ ပေးအပ်ခဲ့ပါသည်။

 

၂၀၁၃ ခုနှစ်က မလေးရှားနိုင်ငံ အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား (၂၀၀၀) ခန့်ကို လေယာဉ် အစီး ၁၂ ခေါက်ဖြင့် ကယ်ထုတ်ခဲ့ဖူးသည်။

 

၂၀၁၀ ခုနှစ်ကလည်း သီရိလင်္ကာနိုင်ငံသို့ အကြောင်းအမျိုးမျိူးကြောင့် ရောက်နေကြပြီး ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား ကိုရင်ငယ်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း ၅၀ ခန့်ကို လေယာဉ်စရိတ် ပေးလှူကာ ကယ်တင်ခဲ့ဖူးသည်။

 

ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် "ငါသည် သူတပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ပါရစေ။ သူတပါးတို့ကလည်း ငါ၏အကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေ။" ဟုသော ခံယူချက်ဖြင့် ကရုဏာအလှူတော်များကို ပြုလုပ်နေခြင်းဖြစ်ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

20221124-gazette-01

20221124-gazette-02

20221124-gazette-03

20221124-gazette-04

20221124-gazette-05

20221124-gazette-06

20221124-gazette-07

မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံတော်ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေ ကျပ်သိန်း(၅၀၀)လှူဒါန်း

**********

မြိတ် နိုဝင်ဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော် မှ အလှူတော်ငွေကျပ်သိန်း(၅၀၀)ကို နိုဝင် ဘာ(၁၈)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။

 

ဆေးရုံတော် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ကိုယ်စား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်းပေးအပ်ရာ ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်း က လက်ခံရယူခဲ့သည်။

 

ထိုနောက် သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ က မြိတ်မြို့ရှိ ဆရာတော်များနှင့် ဆေးရုံ တော်စီမံစောင့်ရှောက်ရေးအဖွဲ့အား ဆေးရုံတော်အလုပ်အမှုဆောင်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ဆောင် ရွက်ကြရန် မိန့်ကြားသည်။ မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး ဆေးရုံတော်အတွင်း ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူ ဆရာတော် ဦးဆောင်သည့် အထူးကု ဆရာဝန်ကြီး များမှ မျက်စိရောဂါ ဝေဒနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၄၅၀၀)ကျော်နှင့် ဆေးရုံတော်အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်း သည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁)သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော် မှ အလှူတော်ငွေ ထပ်မံလှူဒါန်း ခြင်းဖြစ် ကြောင်း သိရသည်။

20221118-gazette-01

20221118-gazette-02

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈