Myanmar

သီတဂူ နာဂတောင်တန်း သာသနာပြုခရီး

၂၀၁၄ခုနှစ် နှစ်ဦး ဇန္နဝါရီ (၁၀)ရက်နေ့တွင် သီတဂူသာသနာပြု အဖွဲ့နှင့် ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာ၀န် (၃၀)ပါသော အဖွဲ့တို့ ကျန်းမာရေးနှင့် ပညာရေးအတွက် အထူးခရီးစဉ် အဖြစ် နာဂတောင်တန်းသို့ သွားရောက်ကြမည်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

naga01naga02naga03

သီတဂူဆရာတော်၏ ဧရာ၀တီကျွန်းများဆီသို့ သာသနာပြုခရီး (၂၀၁၃)

၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်စဉ်က အသက်ခန္ဓာ အများဆုံး ဆုံးရှုံးခဲ့ရသော ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူကျွန်းပေါ်သို့ သီတဂူဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့၀င် လူကြီးများ (၂၆-၁၀-၂၀၁၃)နေ့က သွားရောက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ ပစ္ဆိမာရုံဆရာတော်နှင့် ဧရာ၀တီတိုင်း၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ရွှေစင်ကြယ်သင်္ဘောပိုင်ရှင်တို့က ကူညီ စောင့်ရှောက်ခဲ့ကြသည်။ ပြင်စလူကျွန်းသည် လပွတ္တာမြို့နယ် တောင်ဘက်အစွန်ဆုံး ပင်လယ်၀မှာ တည်ရှိသဖြင့် ကျွန်းပေါ်တွင် နေထိုင်သူ လူ (၈၀၀၀)ခန့်တို့အနက် (၆၈၀၀)ကျော် အသက်ခန္ဓာ ဆုံးရှုံးခဲ့ရပါသည်။ အသက်ရှင်လျှက် လူအယောက် (၁၂၀၀)ခန့်သာ ကျန်ရစ်ခဲ့ကြသည်။ ပျက်စီးဆုံးရှုံးခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းတို့ကို သီတဂူသာသနာပြုအဖွဲ့က အသစ်ပြန်လည် တည်ဆောက် လှူဒါန်းခဲ့ပါသည်။

သောက်သုံးရေကန် (၁၃)လုံး၊ မူလတန်း စာသင်ကျောင်း (၁)ကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့သည့်အပြင် ပြင်စလူမြို့နယ်ခွဲ ဆေးရုံအတွက် ဆေးရုံသုံး အသုံးအဆောင်ပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပါသည်။

တက်လမ်းဆောက်လုပ်ရေးပိုင်ရှင် သီတဂူဦးရှိန်၀င်းကလည်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် သောက်ရေကန်များ ဆောက်လုပ်ရာ၌ ဆောက်လုပ်ရေး လုပ်ငန်းများ အားလုံးကို ရာခိုင်နှုန်းပြည့် ကုသိုလ်ပြုခဲ့သည်။

အလှူတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်း (၁၀၀၀၀)ခန့် ရှိသော ထိုအလှူတော်ကို တစ်ညတာ တရားပွဲ ဟောပြောဆုံးမ၍ ဘ၀ပြောင်းသွားကြသော သူအားလုံးတို့အား အမျှတန်းပေးဝေခဲ့သည်။ 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

ayeyarwaddy-01ayeyarwaddy-02ayeyarwaddy-03

Missionary in Myanmar

Data will be coming soon!

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈