ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ရောက်ခြင်း နှစ် (၅၀ဝ) ပြည့်ပွဲအခမ်းအနား ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ

ဝမ်းမြောက်ဂုဏ်ပြုသဝဏ်လွှာ
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာပြည်သို့ရောက်ခြင်း
နှစ် (၅၀ဝ) ပြည့်ပွဲအခမ်းအနား
သုဝဏ္ဏကွင်း၊ ရန်ကုန်
၂၀၁၄ နိုဝင်ဘာလ ၂၃ ရက်

ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ညီအစ်ကိုမောင်နှမများ၏ မြန်မာပြည်ရောက်ခြင်း နှစ်(၅၀ဝ) ပြည့်ပွဲ အခမ်းအနားကြီးမှာ ခရစ်ယာန်ဘာသာဝင် များကိုသာမက အခြားသောဘာသာဝင်များနှင့်ပါ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့်၊ စကားပြောခွင့်ရတဲ့အတွက်ကြောင့် အလွန်ဝမ်းမြောက်ဂုဏ်ယူပါတယ်။

မြတ်ဗုဒ္ဓကဟောတော်မူထားသော စာတစ်ပိုဒ်ရှိပါတယ်- အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဝုဎ္ဍိယေဝ ဘဝိဿန္တိ၊ နောပရိဟာနိ - (“As long as the monks hold regular and frequent assemblies, they may be expected to prosper and not decline.”) မြတ်ဗုဒ္ဓရဲ့မိန့်တော်မူချက်အရ ဘာသာရေးခေါင်းဆောင်များအချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင်များ အချင်းချင်း၊ လူမှုရေးခေါင်းဆောင်များအချင်းချင်း၊ ပညာရေးခေါင်းဆောင်များအချင်းချင်း၊ စိတ်ဓာတ်ရေးခေါင်းဆောင်းများ အချင်းချင်း မပြတ်မပြတ် တွေ့ဆုံခြင်းဟာ အကျိုးများစွာရှိပါတယ်။ အချင်းချင်း ချစ်ခင်ရင်းနှီး ခွင့်ရပါတယ်။ (mutual friendship) တစ်ယောက်နှင့်တစ်ယောက် နားလည်ခွင့် ရတယ်။ ဘာသာတရားတခု၏အကြောင်းကို အခြားဘာသာ ဝင်များက နားလည်ခွင့် ရပါတယ်။ (mutual understanding) ချစ်ခင်ရင်းနှီးခြင်း အပြန်အလှန် နားလည်ခြင်း ဆိုတဲ့ အကျိုးတရားတွေက အချင်းချင်းအပြန်အလှန် ရိုသေလေးစားခြင်းဆိုတဲ့ (Mutual respect) ကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီနှစ် (၅၀ဝ) ပြည့်ပွဲအခမ်း အနားကြီးဟာ အထက်ပါအကျိုးတရားတွေကို များစွာဖြစ်စေနိုင်လိမ့်မယ်လို့- ယုံကြည်မျှော်လင့်ပါတယ်။

atw-001atw-002atw-003atw-004

ဆက်လက်ဖတ်ရှုရန်

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈