Foreign

သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါပြီး (၁၉-၁၁-၂၀၁၃)ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) သို့ ရောက်ရှိကာ (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပမည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စကားပြောကြားမည် ဖြစ်သည်။

Read more: သီတဂူဆရာတော်ကြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ထိပ်သီးအစည်းဝေး တက်ရောက် မိန့်ခွန်းပြော

မလေးရှားရောက် သီတဂူဆရာတော် သြဝါဒ

ဒီကနေ့ မလေးရှား ကွာလာလမ်ပူကို ရောက်လာတာဟာ ဟိုအရင်နှစ်တွေက ရောက်လာသလို တရားဟောဖို့ လာတာ မဟုတ်ဘူး၊ အရင်ခေါက်တွေ ရောက်တုန်းကတော့ မလေးရှားရောက် တပည့်တွေ ဒကာ ဒကာမတွေ အထူးသဖြင့်တော့ လူငယ် လူရွယ်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မနဲ့ ဝေးသွားမှာစိုးလို့၊ “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ချိတ်ဆိုတဲ့ ကပ်တဲ့ အစေးလေးတစ်မျိုးဟာ မီးနဲ့ခဏခဏ တွေ့မှ အပူပေးမှ ပျော့ပျော့ပြောင်းပြောင်း ဖြစ်တာ၊ မီးနဲ့ အထိတွေ့ မရရှိတဲ့ ချိတ်ဟာ မာကျွတ်ပြီး ဘယ်မှာမှ အထိမ်းကွပ်မရှိပြီး အကွဲအပြဲ ဖြစ်တတ်တယ်။

စာအိပ်တွေမှာ ချိတ်နဲ့ပို့တယ်ဆိုတာ၊ မီးနဲ့အပူပေးပြီး ကပ်တာ၊ အဲဒီတော့ “မီးဝေး ချိတ်မာ” ဒီစကားလိုပဲ ဗုဒ္ဓဓမ္မနဲ့ ဝေးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မာကျောကျော ဖြစ်ပြီး ကွဲကွဲပြားပြား ဖြစ်ကုန်မှာစိုးလို့ တရား လာလာ ဟောပြပါတယ်။

Read more: မလေးရှားရောက် သီတဂူဆရာတော် သြဝါဒ

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈