Gazette

သီတဂူဆရာတော်ကြီး အိန္ဒိယမြေမြတ်မဟာမှာ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနား

**********

၁၆.၁၂.၂၀၂၂ ရက်နေ့

 

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမြေမြတ်မဟာ၊ မဟာဗောဓိပရဟိတကျောင်း၌ တည်ထားကိုးကွယ်သော ရွှေစည်းခုံစေတီတော်ကို စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားဖြစ်ပါသည်။

 

အခမ်းအနားကို မင်္ဂလာအချိန် နံနက်(၈:၀၀)နာရီ တိတိ တွင်စတင်ခဲ့ပါသည်။

 

ပထမဦးစွာ သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို နားနေဆောင်မှ တင်လှူမည့်နေရာသို့ သံဃာတော်များ ခြံရံလျက်ပင့်ဆောင်လာခဲ့ပါသည်။

 

ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်မည့်ဒကာများကို သီလခံယူစေပါသည်။

 

သီလခံယူပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်(၇)ပါးတို့မှ မေတ္တာသုတ် နှင့် အာနန္ဒာဋိယသုတ်ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

 

ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ သံဃာတော်တစ်ပါးကို စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို လက်ဆင့်ကမ်းပင့်ဆောင်စေခဲ့ပါသည်။

 

ထို့နောက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို သံဃာတော်များမှ လှေကားပေါ်တွင် အဆင့်ဆင့်လက်ဆင့်ကမ်း၍ စေတီပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။

 

ထိုနောက် စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို ပန်းရံဆရာမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို တပ်ဆင်ခဲ့ပါသည်။

 

စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် တပ်ဆင်ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ဇယံတော ဗောဓိယာ အစရှိသော ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

ထိုကြောင့် ဗုဒ္ဓဂယာမြေမြတ်မဟာတွင် သာသနာတော် အတွက် ရွှေစည်းခုံစေတီတော်တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်လာပြီဖြစ်ကြောင်း ဗုဒ္ဓဘာသာသူတော်စင်များကို သတင်းစကားပါးလိုက်ပါသည်။

 

စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် အလှူရှင် - အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး

 

ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

photo-Sitagu Kyaw San Win, Sitagu Aung Than Win.

 

မျှဝေပါသည်။
သီတဂူစတား

20221216-gazette-01

20221216-gazette-02

20221216-gazette-03

20221216-gazette-04

20221216-gazette-05

20221216-gazette-06

20221216-gazette-07

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈