Hospitals

List of Sitagu Hospitals

သီတဂူဆေးရုံတော်များ (ဖွင့်လှစ်ပြီး)


၁။ သီတဂူအာယုဒါနဆေးရုံ
၁၉၈၉ ခုနှစ် စစ်ကိုင်းတောင်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းဒေသ၊ ဖွင့်လှစ်သည်။

၂။ သီတဂူမြမေတ္တာ စက္ခုဒါန ဆေးရုံ
၂၀၀၈ ခုနှစ်တွင် ပန်းတနော်၊ ဧရာ၀တီတိုင်းဒေသ၊ ဖွင့်လှစ်သည်။

၃။ သီတဂူစက္ခုဒါနဆေးရုံ
၂၀၀၈ နှစ်တွင် သီပေါမြို့၊ ရှမ်းပြည်နယ်၊ ဖွင့်လှစ်သည်။

၄။ သီတဂူစက္ခုဒါနဆေးရုံ
၂၀၀၉ ခုနှစ်တွင် ကလေးမြို့၊ စစ်ကိုင်းတိုင်း၊ ဖွင့်လှစ်သည်။

၅။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၁ နှစ်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၊ မန္တလေးတိုင်းဒေသ ဖွင့်လှစ်သည်။

၆။ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် နတ်မောက်မြို့၊ မကွေးတိုင်းဒေသ၊ ဖွင့်လှစ်သည်။

၇။ သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ
၂၀၁၀ ခုနှစ်တွင် ဆားတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖွင့်လှစ်သည်။

၈ ။ သီတဂူအာရောဂျဒါနဆေးရုံ
၂၀၁၀ ခုနှစ်တွင် ရင်းငြိမ်၊ မွန်ပြည်နယ်၊ ဖွင့်လှစ်သည်။

၉။ သီတဂူတက်လမ်းစက္ခုဒါနဆေးရုံ
၂၇-၁၂-၂၀၁၀ ခုနှစ်၊ မင်းတပ်မြို့၊ ချင်းပြည်နယ်တွင် ဖွင့်လှစ်သည်။

၁၀။ သီတဂူအာရောဂျဒါနဆေးရုံ
၁၂-၂-၂၀၁၁ နေ့၊ ထား၀ယ်မြို့၊ တနင်္သာရီတိုင်းဒေသ ဖွင့်လှစ်သည်။

၁၁။ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ
၂၇-၄ ၂၀၁၁ ခုနှစ် ရန်ကုန်တွင် ဖွင့်လှစ်သည်။

၁၂။ သီတဂူမေတ္တာဆေးရုံ
အင်းလေးဒေသ၊ ဟဲယားရွာမ၊ ရှမ်းပြည်နယ်။

၁၃။ အမှတ်စဉ် (၁၃) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော် (မြိုင်ကြီးငူ)
၂၀၁၁၊ နို၀င်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင် ဖွင့်လှစ်ခဲ့သည်။

၁၄။ အမှတ်စဉ် (၁၄) သီတဂူအာယုပါလဆေးခန်း (မြင်းခြံ)
၁၃၇၄ ခု (၁-၉-၂၀၁၂)  မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဖွင့်လှစ် လှူဒါန်းခဲ့သည်။

၁၅။ အမှတ်စဉ် (၁၅) သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
 ၀၂-၁၁-၂၀၁၁-ရက်နေ့ ဖွင့်လှစ်သည်ည်။(၀၅-၁၁-၁၁)-ရက်နေ့တွင် ကချင်ပြည်နယ်, ပူတာအို  ဆေးရုံတွင် ဆေးရုံပစ္စည်းများ လှူဒါန်းသည်။

၁၆။ အမှတ်စဉ် (၁၆) သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)  
၂၀-၁၂-၂၀၁၁နေ့၊ ကယားပြည်နယ် လွိုင်ကော်မြို့ ဖွင့်လှစ်သည်။

၁၇။ သီတဂူစက္ခုဒါနဆေးရုံ (မင်းတပ်)
၂၇-၁၂-၂၀၁၁ နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

၁၈။ အမှတ်စဉ် (၁၈) သီတဂူစက္ခုဒါနဆေးရုံ
၁၄-၁၁-၂၀၁၂-နေ ့၊ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဖွင့်လှစ်သည်။

၉။ အမှတ်စဉ် (၁၉) သီတဂူအာရောဂျဒါန ဆေးရုံ (ရပ်စောက်)
၃၁.၃.၂၀၁၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်သည်။

၂၀၊ အမှတ်စဉ် (၂၀) သီတဂူလှဆန်းယဉ်စက္ခုဒါနဆေးရုံ
၇-၄-၂၀၁၃ ရက်နေ့ ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် ဖွင့်လှစ်သည်။

၂၁။ အမှတ်စဉ် (၂၁) သီတဂူစက္ခုဒါန ဆေးရုံ (လဟယ်)
၁၉-၄-၂၀၁၃ ရက်၊ ခန္တီးခရိုင်၊ လဟယ် ဒေသ၊ စစ်ကိုင်းတိုင်းဒေသ တွင် ဖွင့်လှစ်သည်။

၂၂။ အမှတ်စဉ် (၂၂) သီတဂူသုမေဓာဆေးရုံ
၂၃-၄-၂၀၁၃ ရက်၊ ပန်းတနော်မြို့ အစုကြီးကျေးရွာတွင် သီတဂူသုမေဓာဆေးရုံ ဖွင့်လှစ်သည်။

၂၃၊ အမှတ်စဉ် (၂၃) သီတဂူ အာရောဂျဒါနဆေးရုံ
၂၈- ၅- ၂၀၁၃ ရက်နေ့ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ သီတဂူအာရောဂျဒါနဆေးရုံ၊ ဖွင့်လှစ်သည်။

သဲကုန်း သီတဂူစက္ခုဒါနဆေးရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ပန္နပ်ချမင်္ဂလာကျင်းပခဲ့။

 

 

Appearing First Sitagu Hospital

သီတဂူဆေးရုံတော်များ စတင်ပေါ်ပေါက်လာခြင်း

စတင်တည်ဆောက်ဖို့ အကြံဖြစ်ခြင်း

ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။

မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။

ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။
ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။

ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။

ဒုတိယမ္ပိ ကြံစည်မိ

သီတဂူဆရာတော်သည် သီတဂူကျောင်းတိုက်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ နှစ်စဉ် တော် သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် သီတဂူကျောင်းတိုက်သို့ တည်းခိုကြ၏။

ဧရာဝတီတိုင်း မလွန်ဆန် လှူအသင်းထောက်တစ်ခုမှ လူကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှော လေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့်် ရော၍တိုက်လေသည်။

ထို့နောင် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ် သွားရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုးမှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်သည်။

တတိယမ္ပိ ကြံစည်မိ

ရှမ်းပြည်တောင်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တ0x100သ ငေးမောကြည့်ရှုပြီး ``ငါတို့ရဟန်းတော်များ လည်း အခုလို ဆေးရုံ တည်ဆောက်နိုင်ရင် ကောင်းမှာပဲ´´ဟု အတွေးဝင်ခဲ့သည်။

သီတဂူအရှင် အူကျရောဂါဖြစ်တုန်းက ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ ``အမျိုး ဘာသာ သာသနာစိတ်´´ဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။

ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။

ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၂-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။

ယနေ့သီတဂူဆေးရုံ

ယနေ့အချိန်၌ ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဆင်းရဲသားတို့ အားကိုးရာဖြစ်သည့် သီတဂူ အထူးကုဆေးရုံကြီးသည် မြန်မာပြည်တွင် ထင်ပေါ်ကျော်ကြားလျက် ရှိ၏။ ရန်ကုန်, မန္တလေးမြို့မှ အထူးကု ဆရာဝန်ကြီးများက နေ့စဉ်လုပ်အားဒါနပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။
ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ လုပ်အား ဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။

ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈