သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
Read more: "သီတဂူဆရာတော် ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၃၇၇ပိသာတို့ကိုလှူဒါန်းရန်စတင်ပြင်ဆင်နေခြင်း” (2)
ဂန္တဝင်မြောက်အိမ်အပြန်ခရီး"
Quarantine > check out < Round-2
ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၃ ဦးတို့ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီး သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် community based facility quarantine ကို ၁၇-၅-၂၀၂၀ ရက်နေ့မှ ၆-၆-၂၀၂၀ ရက်နေ့အထိ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုထားရှိခဲ့ပါသည်။
Read more: သီရိလင်္ကာနှင့် မော်လဒိုက်ပြန် Quarantine ပြီးဆုံး နှုတ်ဆက်ပွဲ
ကိုးရီးယားနိုင်ငံအခြေစိုက် ဆင်ဖြူတော်ဖေါင်ဒေးရှင်းမှ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးထံသို့ ပေးပို့လှူဒါန်းသော အဝတ်အစားများကို ၂၀၂၀ ခုနှစ် မေလ-၂၆ ရက်နေ့နံနက်ပိုင်းအချိန် ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ခန်းမဆောင်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သက်ဆိုင်ရာ နေရာဒေသများသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် လှူဒါန်းခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
Read more: ကျပ်သိန်း (၃၀၀၀) ဖိုး နာဂတောင်တန်း၊ ချင်းတောင်တန်းများသို့ အဝတ်အထည်များ လှူဒါန်းခြင်း
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈