ကိုးရီးယားနိုင်ငံအခြေစိုက် ဆင်ဖြူတော်ဖေါင်ဒေးရှင်းမှ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးထံသို့ ပေးပို့လှူဒါန်းသော အဝတ်အစားများကို ၂၀၂၀ ခုနှစ် မေလ-၂၆ ရက်နေ့နံနက်ပိုင်းအချိန် ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ခန်းမဆောင်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သက်ဆိုင်ရာ နေရာဒေသများသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် လှူဒါန်းခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်ပြီး လှူဒါန်းပေးကာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များက အလှူတော်ကိုတက်ရောက်လက်ခံရယူပေးကြပါသည်။
.
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
.
#သီတဂူ #sitagu
=======================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူသာသနာပြုအဖွဲ့
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈