ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့၊ မလွန်ဆန်လှူအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခက်ခဲများကျော်လွှားနိုင်ကြစေရန်အလို့ငှါ အလှူခံပုဂ္ဂိုလ် ၁၆,၂၅၀ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ဆန်တစ်တင်း၊ ဆီ-၁ပိသာ၊ ကြက်သွန်နီ-၁ပိသာ၊ ပဲ-၁ပိသာ၊ ပြုတ်စား(ပဲ)-၂ ပိသာ၊ ဆား-၅၀သားတို့ကို ကရုဏာအထောက်အပံ့အဖြစ် ပေးပို့လှူဒါန်းခဲ့ပါသည်။
Read more: "Covid-19 Stay@Home ကာလအတွက် မြန်မာ့နှစ်သစ်ကူးကရုဏာအလှူတော်"
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၆-၄-၂၀၂၀ ရက်နေ့ ညနေခင်း ၅:၀၀ နာရီအချိန်တွင် မန္တလေးမြို့၊ ၈၂ လမ်း ၂၅x၂၆ ကြား၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင် ဆရာတော်ကြီး မာ့ခ်တင်ဝင်း၏ ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းသို့ ကြွရောက်ပြီး Covid-19 Stay@Home ကာလအတွက် ဆန်-၁၀၀ တင်း၊ ဆီ-၁၀၀ ပိသာ၊ ပဲ-၅ အိတ်၊ ကြက်သွန်နီ-၂အိတ်၊ ပြုတ်စားပဲ-၁ အိတ်၊ ဆား-၅၀ ပိသာတို့ကို ကရုဏာအထောက်အပံ့အဖြစ် လှူဒါန်းခဲ့ပါသည်။
Read more: "ဆန်-၁၀၀ အိတ်၊ ဆီ-၁၀၀ ပိသာ၊ US-10,000$ လှူဒါန်းခြင်းကရုဏာအလှူတော်"
၁၆-၄-၂၀၂၀နေ့၊ သီတဂူဆရာတော် ဦးဆောင်သော သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့က Covid19 ကာကွယ်ရေးမှာ ရှေ့တန်းတိုက်စစ်အဖွဲ့ ကိုဗစ်၁၉ ရောဂါကာကွယ်ရေးတားဆီးရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့အား ကျပ်ငွေ (၉၅) သိန်း လှူဒါန်းပါသည်။
Read more: သီတဂူရဲ့ Covid19 ကာကွယ်ရေး ၉၅ သိန်းကျပ် အလှူတော် (ရန်ကုန်)
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈