Gazette

"ဆန်-၁၀၀ အိတ်၊ ဆီ-၁၀၀ ပိသာ၊ US-10,000$ လှူဒါန်းခြင်းကရုဏာအလှူတော်"

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၆-၄-၂၀၂၀ ရက်နေ့ ညနေခင်း ၅:၀၀ နာရီအချိန်တွင် မန္တလေးမြို့၊ ၈၂ လမ်း ၂၅x၂၆ ကြား၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင် ဆရာတော်ကြီး မာ့ခ်တင်ဝင်း၏ ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းသို့ ကြွရောက်ပြီး Covid-19 Stay@Home ကာလအတွက် ဆန်-၁၀၀ တင်း၊ ဆီ-၁၀၀ ပိသာ၊ ပဲ-၅ အိတ်၊ ကြက်သွန်နီ-၂အိတ်၊ ပြုတ်စားပဲ-၁ အိတ်၊ ဆား-၅၀ ပိသာတို့ကို ကရုဏာအထောက်အပံ့အဖြစ် လှူဒါန်းခဲ့ပါသည်။

သီတဂူဆရာတော်နှင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး မာ့ခ်တင်ဝင်းတို့သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကာလတွင် ဗုဒ္ဓဘာသာဝင်နှင့် ခရိယာန်ဘာသာဝင်တို့သည် ကရုဏာပလက်ဖေါင်းပေါ်တွင် အတူတကွတွဲလျှောက်ခဲ့ကြသည့် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသည်။ ဗာတီကန်မှ ပေးသော အကူအညီများသည်လည်း ဧရာဝတီတိုင်းဒေသကြီးကို ပြန်လည်တည့်မတ် ပေးခဲ့ကြသည့် ဒေါက်တိုင်ကောင်းများဖြစ်ခဲ့သည်။

 

ယခုအခါတွင် ကျရောက်နေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြီးကြောင့် ဒုက္ခအဖုံဖုံ ရင်ဆိုင်နေကြရသည့် နိုင်ငံများထဲမှ အီတလီနိုင်ငံသည် လက်ရှိအခြေအနေအရ အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေသည်ကို အများက သိရှိနေကြပြီဖြစ်သည်။

 

သီတဂူဆရာတော်နှင့် ဆရာတော်မာ့ခ်တင်ဝင်းတို့ ရင်းနှီးချစ်ကြည်စွာ ပြောဆိုကြပြီးသည့်နောက် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးဖရန်ုစစ် တည်ထောင် မတည်ခဲ့သော ကိုဗစ်-၁၉ ရံပုံငွေသို့ ကရုဏာအလှူအဖြစ် US-10,000$ ကို မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော်ကြီး မာ့ခ်တင်ဝင်းမှ တဆင့် လှူဒါန်းခဲ့ပါသည်။

 

သီတဂူဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် မိန့်ကြားရာတွင် ယခုလို ကပ်ရောဂါဘေး အခြေအနေတွင် ဘာသာတရားများ မခွဲခြားဘဲ အတူတကွ ကရုဏာရေး လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါသည်။

 

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာ့ခ်တင်ဝင်းမှလည်း ယခုကဲ့သို့ ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်းနှင့် အမှတ်တရပစ္စည်းပြန်လည် ဆက်ကပ်ခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့

 

20200416-news-0720200416-news-1420200416-news-1520200416-news-0820200416-news-0920200416-news-1020200416-news-1120200416-news-1220200416-news-13

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈