ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့၊ မလွန်ဆန်လှူအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခက်ခဲများကျော်လွှားနိုင်ကြစေရန်အလို့ငှါ အလှူခံပုဂ္ဂိုလ် ၁၆,၂၅၀ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ဆန်တစ်တင်း၊ ဆီ-၁ပိသာ၊ ကြက်သွန်နီ-၁ပိသာ၊ ပဲ-၁ပိသာ၊ ပြုတ်စား(ပဲ)-၂ ပိသာ၊ ဆား-၅၀သားတို့ကို ကရုဏာအထောက်အပံ့အဖြစ် ပေးပို့လှူဒါန်းခဲ့ပါသည်။
https://www.facebook.com/495974040594716/posts/1350785225113589/
စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦးတို့အတွက် ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။
https://www.facebook.com/495974040594716/posts/1351498465042265/
မူလအစီစဉ်အရ -
၁။ ၁၇-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၁ရက်နေ့)
၂။ ၁၈-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၂ရက်နေ့)
၃။ ၁၉-၄-၂၀၂၀ ရက်နေ့ (၁၃၈၂ခု၊ မြန်မာနှစ်ဆန်း-၃ရက်နေ့) တို့ကို
နှစ်ကူးအလှူတော်ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လူစုလူဝေးမဖြစ်စေရန်အတွက် ကြိုတင်လိုက်လံပို့ဆောင်ထားခဲ့ပြီဖြစ်သည်။
https://www.facebook.com/495974040594716/posts/1353280691530709/
အထက်ပါ ကရုဏာအလှူတော်အတွက် သီတဂူသာသနာပြုအဖွဲ့က ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာတို့ကိုလှူဒါန်းပေးပြီး မလွန်ဆန်လှူအသင်းကြီးက ပြုတ်စား (ပဲ) အချိန် - ၃၂,၅၀၀ ပိသာ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြက်သွန်နီအချိန်-၁၆,၂၅၀ ပိသာ၊ ပဲအချိန်-၁၆,၂၅၀ ပိသာ၊ ဆားအချိန်-၈၁၂၅ ပိသာ တို့ကို ထောက်ပံ့လှူဒါန်းပေးကြပါသည်။
ထိုအပြင် မန္တလေးကက်သလစ် သာသနာပိုင်ဝတ်ပြုကျောင်းသို့လည်းလှူဒါန်းခဲ့ပါသည် #မှတ်တမ်း
https://www.facebook.com/sitagulivedhamma/videos/1414317598773252/
၁၇-၄-၂၀၂၀ ရက်နေ့၊ ၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်း-၁ရက်နေ့ မင်္ဂလာအခါသမယ နံနက် ၈:၀၀ နာရီတွင် အလှူတော်မင်္ဂလာအစီစဉ်သို့ ၁၆,၂၅၀ ဦးရှိကြသော အလှူခံများ၏ ကိုယ်စားလှယ်များအဖြစ် စစ်ကိုင်း၊ မင်းဝံတောင်ရိုးအတွက် မြစက်ြာမှ သံဃာအပါး ၅၀၊ သကျဓီတာမှ သီလရှင်အပါး ၅၀ နှင့် မင်းကွန်းတောင်ရိုးအတွက် ရွှေစင်တိပိဋကဆရာတော် ၁ ပါး အလှူခံကြွရောက်ပေးတော်မူကြပြီး သီတဂူဆရာတော်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်များက ကာယကံမြောက်လှူဒါန်းမှု ပြုခဲ့ကြပါသည်။
https://www.facebook.com/373346706204380/posts/1343073879231653/
https://www.facebook.com/sitagulivedhamma/videos/1341465266058528/
ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။
#ကုသိုလ် - အမျှ၊ အမျှ၊ အမျှ
ယူတော်မူကြပါကုန်သော် ....
#သာဓု - သာဓု - သာဓု
#သီတဂူဆရာတော်သြဝါဒ
လူ့ဘဝတစ်ခဏတာမှာ...
၁။ သင်ဘာတွေထားခဲ့မလဲ?
၂။ သင်ဘာတွေယူသွားမလဲ?
Compassions into Action!!
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
We have 7 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈