Gazette

သီရိလင်္ကာနှင့် မော်လဒိုက်ပြန် Quarantine ပြီးဆုံး နှုတ်ဆက်ပွဲ

ဂန္တဝင်မြောက်အိမ်အပြန်ခရီး"

Quarantine > check out < Round-2

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၃ ဦးတို့ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီး သီတဂူဝိပဿနာအကယ်ဒမီနှင့် သီတဂူဗုဒ္ဓတက္ကသိုလ်တို့တွင် community based facility quarantine ကို ၁၇-၅-၂၀၂၀ ရက်နေ့မှ ၆-၆-၂၀၂၀ ရက်နေ့အထိ၂၁ ရက်တာ စောင့်ရှောက်ကြည့်ရှုထားရှိခဲ့ပါသည်။

၆-၆-၂၀၂၀ ညနေ ၅ နာရီအချိန်တွင် သီတဂူဆရာတော်ကြီးနှင့်တကွ ဝန်ဆောင်သံဃာတော်များ၊ ဝေယျာဝစ္စပရိသတ်များက ကွာရင်တင်း ၂၁ ရက်နေထိုင် သီတင်းသုံးကြသော သံဃာတော်များကို နှုတ်ဆက်ခြင်း အခမ်းအနားပြုလုပ်ပေးခဲ့ပြီး နေရပ်ဌာနေအသီးသီး သို့ ၇-၅-၂၀၂၀ ရက်နေ့ နံနက်တွင် ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

ဒုတိအသုတ် သီရိလင်္ကာပြန်ကျောင်းသား သံဃာတော်တစ်ပါးလျှင် ကျပ်ငွေ ၂ သိန်းနှင့်အမေရိကန်ဒေါ်လာ ၂၅၀ စီ လှူဒါန်းပေးခဲ့ကြပါသည်။


သီတဂူဆရာတော်ကြီးနှင့်အတူ လက်တွဲညီညာ ဆောင်ရွက်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်း၊ အလှူရှင်အပေါင်း၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါသည်။


*သူလည်းဝမ်းသာ-ငါလည်းရွှင်ပြုံး*
#နှုတ်ဆက်ပွဲအခမ်းအနား
https://www.facebook.com/sitagulivedhamma/videos/771433263599096/?vh=e&d=n


သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်းမြင်ဝါဒ ထွန်းကားပါစေ။
#ဓါတ်ပုံသတင်း
#သီတဂူ #sitagu
#ကိုဗစ်-၁၉ #Covid-19 #Missionary

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

2020-06-08-01 2020-06-08-02 2020-06-08-03 2020-06-08-04 2020-06-08-05 2020-06-08-06 2020-06-08-072020-06-08-08 2020-06-08-09

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 2 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈