သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၃၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။
၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍
-တောင်ဒဂုံ
-မြောက်ဒဂုံ
-အရှေ့ဒဂုံ
-တောင်ဥက္ကလာ
-မြောက်ဥက္ကလာ
-သာကေတ
၆ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါမည်။
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။
ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Compassions into Action!!
.
#သီတဂူ #sitagu #ဆန်အလှူတော်
#ရန်ကုန်တိုင်း #ကရုဏာအလှူတော်
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
သီတဂူသာသနာပြုအဖွဲ့
==========================
Posted by သီတဂူသတင်း
Photo - သီတဂူကျော်ဆန်းဝင်း
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈