ဒီကနေ့ (၁၀-၈-၂၀၁၅) သီတဂူ ရေးဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငါးသိုင်းချောင်၊ လေးမျက်နှာ သို့ ကုန်တင်ကားကြီး (၃)စီးဖြင့် ဆန်အိတ် (၃၀၀) သောက်ရေသန့်ကဒ် (၃၂၀) ပဲအိတ်၊ ငါးသေတ္တာ၊ အဝတ်အထည် စသော လူသုံးကုန်ပစ္စည်းများကို ဒေါက်သီဟဉာဏာလင်္ကာရ၊ ကပ္ပိယ ဦးတင်အေး၊ ဦးရွှေနီ စသော ကပ္ပိယ တို့ဦးဆောင်ပြီး သယ်ဆောင်သွားပြီ ဖြစ်ပါသည်။
၇-၈-၂၀၁၅ နေ့က ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့သည် ဇလွန်မြို့သို့ ရောက်ခဲ့သည်။ ဖြစ်တဖက်ခြမ်းရှိ ရေမြုပ်နေသော မြစ်ဝရွာ၊ ချောင်းကြီးရွာ၊ ထုံးတဖိုရွာ၊ ရေလဲရွာ ကျွန်းပုလုရွာ၊ ရေလယ်သောင် (အိမ်ထောင်စု-၁၀၀၀)တို့ဆီ ဆန်အိတ် (၁၁၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို ကုန်ကားကြီး ၂ စီးဖြင့် သွားရောက်လှူခဲ့သည်။
(၇-၈-၂၀၁၅) ညနေပိုင်းသတင်း
(7-8-2015) နေ့ အထက်-အောက် မြန်မာပြည်ရှိ သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့၏ လှုပ်ရှား သည် တစ်နေ့တည်း တစ်ချိန်တည်း နေရာအနှံ့အပြားဆီသို့ အရောက်ပို့သည်။
အထက်-အောက် မြန်မာပြည် သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့သည် (၃-၈-၂၀၁၅)နေ့က စပြီး ယနေ့ (၇-၈-၂၀၁၅)နေ့အထိ သွားရောက် လှူပြီးသည်မှာ--
၆-၈-၂၀၁၅ နေ့နံနက်စောစော ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ထိန်တော၊ မိုးညိုသို့ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘုန်းကြီးဦးကောဝိဒ၊ ဦးသေဋ္ဌိလဦးစီးပြီး ကုန်ကား နှစ်စီးဖြင့် ဆန်အိတ် (၁၇၅)အိတ်၊ သောက်ရေသန့် (၂၀၀)ကဒ်၊ ကျပ်ငွေ သိန်း (၁၀၀)နှင့်အတူ အဝတ်အထည် စားစရာများစွာတို့ သယ်ဆောင်သွားကြပြီဖြစ်သည်။
ဒီနေ့ (၇-၈-၂၀၁၅) “သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့” နံနက် ၆း၂၀မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် အင်္ဂပူမြို့နယ်များသို့ ကုန်တင်ကားကြီး ၄စီး၊ ကားအသေး ၂ စီတို့ဖြင့် ထွက်ခွါသွားပြီ ဖြစ်ပါသည်။
We have 4 guests and no members online
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။
Read More...
ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။
Read More...
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို
Read More...
တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ
Read More...
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈