Home

သီတဂူရေဘေးအလှူတော် (၁၅-၈-၂၀၁၅)

ဒီနေ့ ဧရာဝတီတိုင်း၊ ထူးကြီးမြို့အတွက် ကုန်ကား ၁ စီး၊ ညောင်တုန်းမြိုနယ် အိမ်ထောင်စု ၁၂၁၂နှင့် မယ်ဇလီရွာအတွက် ကုန်းကား ၃ စီး၊ တိုက်ကြီးမြို့နယ်အနောက်ခြမ်း ကျေးရွာ ၁၈အတွက် ကုန်တင်ကားကြီး ၂ စီး၊ စစ်ကိုင်းအတွက် ကုန်တင်ကားကြီး ၁ စီး၊ စုစုပေါင်း ကုန်တင်ကားကြီး (၅)စီးဖြင့် ဆန်၊ ပဲ၊ ငါးသေတ္တာ၊ အဝတ်အထည်စသော ပစ္စည်းများကို သယ်ဆောင်လျက် ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်တိက္ခသာရ၊ အရှင်ဝါယာမတို့ ဦးဆောင်ပြီး ထိုမြို့ ထိုဒေသများဆီသို့ မနက်စောစော ထွက်သွားကြပြီ ဖြစ်ပါသည်။

Read more: သီတဂူရေဘေးအလှူတော် (၁၅-၈-၂၀၁၅)

သီတရေဘေးအလှူတော် (၁၃-၈-၂၀၁၅ am)

သီတဂူရဲ့ ရေဘေးကယ်ဆယ်ရေးလှုပ်ရှားမှုတို့သည် ရေဘေးသင့်ဒေသများဆီ သို့ အလုံးစုံ ရောက်ပြီး ဖြစ်ပါသည်။ သီတဂူအဖွဲ့ မရောက်သည့်နေရာ မရှိသလောက်ပင်ဖြစ်ပါသည်။ နေ့စဉ်နဲ့အမျှ ကုန်ကားကြီး ၃ စီးတို့ဖြင့် အဆက်မပြတ် ရေဘေးသင့်ဒေသတွေဆီသို့ အရောက်သွားနေပါသည်။ တချို့နေရာတွေ ၂ ခေါက်၊ တချို့နေရာတွေ ၃ ခေါက်အထိတောင် ရှိနေပါပြီ။

Read more: သီတရေဘေးအလှူတော် (၁၃-၈-၂၀၁၅ am)

နေ့စဉ်အဆက်မပြတ်သွားနေတဲ့ သီတဂူရေဘေးအလှူတော် (၁၂-၈-၂၀၁၅ am)

သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့သည် တစ်ရက်ကလေးမှ မနားဘဲ နေ့စဉ် တစ်နေ့ ကုန်ကားကြိး (၄)စီးလောက်ဖြင့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ခေါက်ဆွဲ၊ ပဲ၊ အဝတ်အထည် စသော အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်လျှက် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်သွားလျက်ရှိပါသည်။

Read more: နေ့စဉ်အဆက်မပြတ်သွားနေတဲ့ သီတဂူရေဘေးအလှူတော် (၁၂-၈-၂၀၁၅ am)

သီတဂူရေဘေးအလှူတော် (၁၁-၈-၂၀၁၅ AM)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ (အထက်-အောက်မြန်မာ)တို့သည် နေ့စဉ် အနဲဆုံး ကုန်တင်ကားကြီး ၃စီး၊ ၄စီးတို့ဖြင့် ရေဘေးသင့်နေရာများသို့ အဆက်မပြတ် ပို့ဆောင်လျက်ရှိသည်။

Read more: သီတဂူရေဘေးအလှူတော် (၁၁-၈-၂၀၁၅ AM)

သီတဂူ ရေဘေးလှုပ်ရှားမှု (၁၀-၈-၂၀၁၅ ညနေပိုင်းသတင်း)

ဒီကနေ့ မနက်စောစောပိုင်းမှာတော့ သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့သည် ညောင်တုန်း၊ ငါးသိုင်းချာင်း၊ လေးမျက်နှာ မြို့များသို့ ကုန်တင်ကားကြီး ၃ စီးဖြင့် ဆန်အိတ်၊ သောက်ရေသန့်၊ ပဲအိတ်၊ အဝတ်အထည် စားစရာအမျိုးမျိုး၊ ဆေးဝါးများကို သယ်ဆောင်ပြီး လှူဒါန်းခဲ့သည်။

Read more: သီတဂူ ရေဘေးလှုပ်ရှားမှု (၁၀-၈-၂၀၁၅ ညနေပိုင်းသတင်း)

သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့ (၉-၈-၂၀၁၅)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ ကုန်တင်ကားကြီး (၈)စီးတို့ဖြင့် အင်္ဂပူ (ဒုတိယခေါက်-ကား ၄ စီး)၊ ဟင်္သာတ (ကား ၃ စီး)နှင့် လက်ပန်တန်း (ကား ၁ စီး) တို့ဆီသို့ ထွက်မည်ဖြစ်သည်။

Read more: သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့ (၉-၈-၂၀၁၅)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 6 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈