Activities

သီတရေဘေးအလှူတော် (၁၃-၈-၂၀၁၅ am)

သီတဂူရဲ့ ရေဘေးကယ်ဆယ်ရေးလှုပ်ရှားမှုတို့သည် ရေဘေးသင့်ဒေသများဆီ သို့ အလုံးစုံ ရောက်ပြီး ဖြစ်ပါသည်။ သီတဂူအဖွဲ့ မရောက်သည့်နေရာ မရှိသလောက်ပင်ဖြစ်ပါသည်။ နေ့စဉ်နဲ့အမျှ ကုန်ကားကြီး ၃ စီးတို့ဖြင့် အဆက်မပြတ် ရေဘေးသင့်ဒေသတွေဆီသို့ အရောက်သွားနေပါသည်။ တချို့နေရာတွေ ၂ ခေါက်၊ တချို့နေရာတွေ ၃ ခေါက်အထိတောင် ရှိနေပါပြီ။

ဒီနေ့ (၁၃-၈-၂၀၁၅)နေ့ မနက်စောစောက ဒေါက်တာအရှင်သီဟညာဏာဘိ၀ံသနှင့် ဒေါက်တာခေမာစာရာလင်္ကာရတို့ ဦးဆောင်၍ ဆန်အိတ် (၁၄၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့ကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းအပိုင်း ပန်းတနော်မြို့အနီးက အိမ်ထောင်စု (၈၀၀)ကျော်ရှိသော ရွာ ၅ခုဆီသို့ ကုန်တင်ကားကြီး ၂ စီးဖြင့် သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

ဒီကနေ့အထိ သီတဂူရေဘေးအလှူတော်မှာ မြို့နယ်ပေါင်း (၄၀)ကျော်၊ ရွာပေါင်း (၁၄၉)၊ တို့ဆီသို့ ဆန်အိတ်ပေါင်း (၅၃၃၃)တို့ကို ကုန်တင်ကားကြီး (၇၃)တို့ဖြင့် သယ်ယူပို့ဆောင် လှူဒါန်းပြီး ဖြစ်ပါသည်။

၂၃-၈-၂၀၁၅ နေ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်သွားမည့် ရခိုင်ပြည်နယ်သို့ ဆန်အိတ် (၂၀၀၀) သင်္ဘောဖြင့် တင်ပို့လျက်ရှိသည်။


အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၈-၂၀၁၅
www.sitagustar2020.net

 

activities-162 activities-163 activities-164 activities-165 activities-166 activities-167

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈