Activities

သီတဂူရေဘေးအလှူတော် (၁၁-၈-၂၀၁၅ AM)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့ (အထက်-အောက်မြန်မာ)တို့သည် နေ့စဉ် အနဲဆုံး ကုန်တင်ကားကြီး ၃စီး၊ ၄စီးတို့ဖြင့် ရေဘေးသင့်နေရာများသို့ အဆက်မပြတ် ပို့ဆောင်လျက်ရှိသည်။

ဒီနေ့ (၁၁-၈-၂၀၁၅ AM)မှာတော့ ရန်ကုန်တိုင်းဒေသ၊ တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီနှင့် ဧရာဝတီတိုင်းဒေသ မြန်အောင်၊ ကနောင်မြို့များဆီသို့ ကုန်တင်ကားကြီး (၄)စီးဖြင့် ဒေါက်တာအရှင်သီဟဉာဏာလင်္ကာရ၊ သီတဂူကျောင်းသား ရဟန်းတော်များ ဦးစီးပြီး ဆန်၊ ဆီ၊ ပဲ၊ ဆေးဝါး၊ စားစရာအမျိုးမျိုး၊ သောက်ရေသန့်၊ အဝတ်အထည်အမျိုးမျိုးတို့ကို သယ်ဆောင်သွားကြပြီ ဖြစ်သည်။

အထက်မြန်မာပြည် သီတဂူအဖွဲ့ကလည်း ကလေးမြို့အတွက် ဆန်၊ အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို မုံရွာဆိပ်ကမ်းကနေ ကလေးဝဆိပ်ကမ်းသို့ သင်္ဘောဖြင့် သယ်ဆောင်ရန် ကုန်တင်ကားကြီးများဖြင့် ထွက်သွားကြပြီ ဖြစ်ပါသည်။


လှူဒါန်းပြီး
--------------
(၃-၈-၂၀၁၅)နေ့မှ (၁၁-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၇)၊ ကျေးရွာ (၁၁၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၃၃၀၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၅)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အဝတ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၁-၈-၂၀၁၅
www.sitagustar2020.net

 

activities-149 activities-150 activities-151 activities-152 activities-153 activities-154 activities-155

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈