Activities

သီတဂူ ရေဘေးလှုပ်ရှားမှု (၁၀-၈-၂၀၁၅ ညနေပိုင်းသတင်း)

ဒီကနေ့ မနက်စောစောပိုင်းမှာတော့ သီတဂူရေဘေးသင့်ပြည်သူ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့တို့သည် ညောင်တုန်း၊ ငါးသိုင်းချာင်း၊ လေးမျက်နှာ မြို့များသို့ ကုန်တင်ကားကြီး ၃ စီးဖြင့် ဆန်အိတ်၊ သောက်ရေသန့်၊ ပဲအိတ်၊ အဝတ်အထည် စားစရာအမျိုးမျိုး၊ ဆေးဝါးများကို သယ်ဆောင်ပြီး လှူဒါန်းခဲ့သည်။

နေ့လည်ပိုင်းမှာတော့ သဲကုန်းမြို့ သီတဂူရေးဘေးကယ်ဆယ်ရေးအဖွဲ့ဆီသို့ ကုန်တင်ကားကြီးတစ်စီးတိုက် ဆန်၊ဆီ၊ပဲ၊ အဝတ်အထည်၊ စားစရာ၊ အိမ်သုံးပစ္စည်းများကို ဒေါက်တာသုတာစာရာလင်္ကာရက သယ်ဆောင်သွားပြီး ဖြစ်သည်။

ထိုနေ့နေ့လည်မှာပဲ သာပေါင်းမြို့နယ်များဆီသို့ အရှင်ကိတ္တိသာရဦးဆောင်သောအဖွဲ့က ကုန်တင်ကားကြီး ၂စီးဖြင့် ဆန်၊ ဆီ၊ ပဲ၊ အဝတ်အထည်၊ စသော ပစ္စည်းများကို သယ်ဆောင်သွားပြီ ဖြစ်သည်။ သာပေါင်းမြို့သို့သွားဖို့ရန် အခက်အခဲရှိသည်ဟု ကြားနေရသည်၊ သွားလမ်းများ ရေကျော်နေသည်။

၁၀-၈-၂၀၁၅နေ့ တစ်နေ့တည်းမှာပင် ကားကြီး (၆)စီးဖြင့် (၅)နေရာသို့ သီတဂူရေးဘေးကယ်ရေးအထောက်ကူပြု ပစ္စည်းများကို သွားရောက် လှူဒါန်းသည်။
လှူဒါန်းပြီး
(၃-၈-၂၀၁၅)နေ့မှ (၁၀-၈-၂၀၁၅)နေ့အထိ မြို့နယ် (၄၅)၊ ကျေးရွာ (၁၀၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၃၀)၊ ဆန်အိတ်ပေါင်း (၃၁၅၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၄၃)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အဝတ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၀-၈-၂၀၁၅
www.sitagustar2020.net

 

activities-143 activities-144 activities-145 activities-146 activities-147activities-148

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 7 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈