Activities

သီတဂူရေဘေးအလှူတော် (၁၅-၈-၂၀၁၅)

ဒီနေ့ ဧရာဝတီတိုင်း၊ ထူးကြီးမြို့အတွက် ကုန်ကား ၁ စီး၊ ညောင်တုန်းမြိုနယ် အိမ်ထောင်စု ၁၂၁၂နှင့် မယ်ဇလီရွာအတွက် ကုန်းကား ၃ စီး၊ တိုက်ကြီးမြို့နယ်အနောက်ခြမ်း ကျေးရွာ ၁၈အတွက် ကုန်တင်ကားကြီး ၂ စီး၊ စစ်ကိုင်းအတွက် ကုန်တင်ကားကြီး ၁ စီး၊ စုစုပေါင်း ကုန်တင်ကားကြီး (၅)စီးဖြင့် ဆန်၊ ပဲ၊ ငါးသေတ္တာ၊ အဝတ်အထည်စသော ပစ္စည်းများကို သယ်ဆောင်လျက် ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်တိက္ခသာရ၊ အရှင်ဝါယာမတို့ ဦးဆောင်ပြီး ထိုမြို့ ထိုဒေသများဆီသို့ မနက်စောစော ထွက်သွားကြပြီ ဖြစ်ပါသည်။

တိုက်ကြီးမြို့နှင့် ညောင်တုန်းမြို့သည် တတိယအကြိမ် သွားရောက်လှူခြင်းဖြစ်ပါသည်။

ဒီကနေ့အထိ သီတဂူရေဘေးအလှူတော်မှာ မြို့နယ်ပေါင်း (၄၂)ကျော်၊ ရွာပေါင်း (၁၅၂)၊ တို့ဆီသို့ ဆန်အိတ်ပေါင်း (၅၇၃၃)တို့ကို ကုန်တင်ကားကြီး (၇၃)တို့ဖြင့် သယ်ယူပို့ဆောင် လှူဒါန်းပြီး ဖြစ်ပါသည်။
၂၃-၈-၂၀၁၅ နေ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်သွားမည့် ရခိုင်ပြည်နယ်သို့ ဆန်အိတ် (၁၀၀၀) သင်္ဘောဖြင့် တင်ပို့ပြီးဖြစ်သည်၊ နောက်ထက်(၁၀၀၀) ပို့ရန်ပြင်ဆင်လျက်ရှိသည်။
စုစုပေါင်း လှူပြီး ဆန်အိတ် (၆၇၃၃)ဖြစ်ပါသည်။

အလှူရှင်များသို့ ပန်ကြားခြင်း
---------------------
ယနေ့အထိ အထည်အမျိုးမျိုး၊ စာစရာအမျိုး၊ ဆေးဝါအမျိုးတို့ကို ရေဘေးသင့်ပြည်သူအား လှူဒါန်းကြ၍လည်း အထူး ကျေးဇူးတင်လှပါသည်၊ ၀မ်းလည်းသာရပါသည်။ ယခုအခါ အထည်အဟောင်းများ ပြည့်လျှံနေသည်ဖြစ်၍ ထိုအစား ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆန် စတဲ့ စားစရာများ တိုး၍လှူဒါန်းစေလိုပါသည်။ အထည်အသစ်တွေကိုတော့ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၈-၂၀၁၅
www.sitagustar2020.net

 

activities-168 activities-169 activities-170 activities-171 activities-172activities-173

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈