Activities

သီတဂူဇလွန်ခရီး

၇-၈-၂၀၁၅ နေ့က ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော သီတဂူရေဘေးကယ်ဆယ်ရေးအဖွဲ့သည် ဇလွန်မြို့သို့ ရောက်ခဲ့သည်။ ဖြစ်တဖက်ခြမ်းရှိ ရေမြုပ်နေသော မြစ်ဝရွာ၊ ချောင်းကြီးရွာ၊ ထုံးတဖိုရွာ၊ ရေလဲရွာ ကျွန်းပုလုရွာ၊ ရေလယ်သောင် (အိမ်ထောင်စု-၁၀၀၀)တို့ဆီ ဆန်အိတ် (၁၁၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါစသည်တို့ကို ကုန်ကားကြီး ၂ စီးဖြင့် သွားရောက်လှူခဲ့သည်။

(၃-၈-၂၀၁၅)နေ့မှ (၇-၈-၂၀၁၅)နေ့အထိ မြို့နယ် (၃၉)၊ ကျေးရွ (၇၀)တို့ဆီသို့ ကျပ်ငွေ သိန်း (၁၅၂၀)၊ ဆန်အိတ်ပေါင်း (၂၁၈၀)နှင့် အဝတ်အထည်၊ စားစရာအမျိုးမျိုး၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်စသည် ပါသော ကုန်ကားကြီး (၃၂)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများဆီသို့ အရောက်ပို့ခဲ့သည်။

(ပြန်လည်ထူထောင်ရေးနှင့် ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသော အလှူရှင်များသည် အဝတ်အထည် အဟောင်းများအစား စားစရာများ ပိုမိုလှူလျှင် ပိုမိုသင့်ပါသည်။

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅

(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂

(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၈-၂၀၁၅
www.sitagustar2020.net

 

activities-126 activities-127 activities-128 activities-129activities-130

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈