Activities

ယနေ့ သီတဂူအလှူတော်

၆-၈-၂၀၁၅ နေ့နံနက်စောစော ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ထိန်တော၊ မိုးညိုသို့ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘုန်းကြီးဦးကောဝိဒ၊ ဦးသေဋ္ဌိလဦးစီးပြီး ကုန်ကား နှစ်စီးဖြင့် ဆန်အိတ် (၁၇၅)အိတ်၊ သောက်ရေသန့် (၂၀၀)ကဒ်၊ ကျပ်ငွေ သိန်း (၁၀၀)နှင့်အတူ အဝတ်အထည် စားစရာများစွာတို့ သယ်ဆောင်သွားကြပြီဖြစ်သည်။

စစ်ကိုင်းသီတဂူအဖွဲ့အလှူ
----------------------
သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဒေါက်တာအရှင်ကုမာရ၊ ဒေါက်တာအရှင်သဇ္ဇနတို့ ဦးစီးပြီ မကွေးတိုင်းဒေသကြီး၊ စေတုတ္တဘက်ဆီသို့ ကုန်ကားကြီးတစ်စီးဖြင့် ဆန်အိတ် (၁၀၀)၊ အလှူငွေကျပ် သိန်း (၁၀၀)နှင့်အတူ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို သယ်ဆောင်သွားပြီဖြစ်သည်။

 

ညနေပိုင်းတွင်ကျောင်းကုန်းသို့
-------------
သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့ ဒေါက်တာသုန္ဒရနှင့် ေးါက်တာခေမာစာရာလင်္ကာရတို့ ဦးစီး၍ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့သို့ ကျပ်ငွေ သိန်း (၁၀၀)နှင့်အတူ ကုန်ကားကြီးတစ်စီးဖြင့် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်စသော လူသုံးကုန်ပစ္စည်းကို ကားကြီးတစ်စီးအပြည့်ဖြင့် သယ်ဆောင်သွားမည် ဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးက အမေရိကမှ တယ်လီဖုန်းဖြင့် လမ်းညွှန်ကြားသည်မှာ “မိမိတို့အဖွဲ့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်နဲ့ အလုပ်လုပ်ကြဖို့၊ အတန်းကြီးသင်တန်းများကို ခေတ္တပိတ်ပြီး ကျောင်းသားရဟန်းတော်များကို လုပ်အားပေးခေါ်ထားဖို့၊ မိန့်သည်၊ ဆရာတော်ကြီးကိုယ်တိုင် ၂၃-၈-၂၀၁၅ နေ့မှာ ဆန်အိတ် (၂၀၀၀)ကိုသယ်ဆောင်၍ လေယာဉ်နှစ်စီးဖြင့် ရခိုင်ပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း” မိန့်သည်။

မနက်ဖန် (၇-၈-၂၀၁၅)နေ့ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူနှင့် ဇလွန်မြို့နယ်တို့သို့သွားကြမည်ဖြစ်ပါသည်။

 

လှူဒါန်းပြီး
-------------
ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့ (၁၁)နေရာသို့ ဆန်အိတ် (၁၀၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)နှင့် မဘသ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ဆန်အိတ် (၂၀၀) သောက်ရေသန့်ကဒ် (၃၀၀)တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။

(ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

 

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။

လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၈-၂၀၁၅
www.sitagustar2020.net

 

activities-110 activities-111 activities-112 activities-113

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈