Activities

သီတဂူရေဘေးအလှူတော် ဇလွန်၊ အင်္ဂပူ၊ ကျွန်းလှသို့

ဒီနေ့ (၇-၈-၂၀၁၅) “သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့” နံနက် ၆း၂၀မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် အင်္ဂပူမြို့နယ်များသို့ ကုန်တင်ကားကြီး ၄စီး၊ ကားအသေး ၂ စီတို့ဖြင့် ထွက်ခွါသွားပြီ ဖြစ်ပါသည်။

အင်္ဂပူမြို့နယ်သို့ ဒေါက်တာကိတ္တိဗလ ဦးဆောင်သော ရဟန်းတော် ၈ပါး၊ ဇလွန်မြို့နယ်သို့ ဒေါက်တာသုတာစာရာလင်္ကာရ ဦးဆောင်သော ရဟန်းတော် ၈ပါးတို့သည် ဆန် (၁၇၅)အိတ်၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်၊ သောက်ရေသန့်၊ ဆေးဝါးမျိုးစုံ၊ ငါးသေတ္တာဗူးများနှင့် တခြားစားဖွယ်များ၊ လူသုံးကုန်ပစ္စည်းများကို ကုန်ကားကြီး ၄ စီးဖြင့် သယ်ဆောင်သွားပြီ ဖြစ်သည်။

နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသ၊ မင်းလှမြို့နယ်ဘက်သို့ ဒေါက်တာအရှင်သေဋ္ဌိလ ဦးဆောင်၍ သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်းပါဦးမည်။

 

လှူဒါန်းပြီး
-------------
ကလေးမြို့၊ ကောလင်းမြို့၊ ကျွန်းလှမြို့၊ ၀န်းသို၊ မုံရွာမြို့၊ ဘားအံ့မြို့၊ ဟင်္သာတမြို့၊ ထိန်တော၊ မိုးညို၊ ပွင့်ဖြူမြို့၊ စေတုတ္တရာမြို့၊ အင်္ဂပူ၊ ဇလွန် (၁၃)နေရာသို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့သို့ ဆန်အိတ် (၂၀၀) သောက်ရေသန့်ကဒ် (၃၀၀)အပါအဝင် ဆန်အိတ် (၁၅၀၀)ကျော်၊ ကျပ် သိန်း (၁၀၀၀)တို့ကို လှူဒါန်းပြီး ဖြစ်ပါသည်။

(ကျန်ရှိနေသေးသော ရေဘေးသင့်ဒေသများသို့ ဆက်လက် သွားရောက် လှူသွားမည် ဖြစ်ပါသည်။)

သို့ဖြစ်ပါသောကြောင့် အောက်ပါဌာနများတွင် ဆက်လက် လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ရ၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်၊ ဖုန်း- 09797481944

 

ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အဝတ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
လှူဒါန်းကြသော အလှူရှင်များ၊ တပျော်တပါး ဝေယျာဝေစ္စကုသိုလ်ယူကြသူ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က အထူးကျေးဇူးတင်ပါသည်။

 

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

activities-114 activities-115 activities-116 activities-117 activities-118

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 12 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈