သီတဂူ ဆရာတော်ကြီး သင်္ကြန်အတွင်း မိုးကုတ်မြို့ သီတဂူ ဓမ္မဝိဟာရတွင် သီတင်းသုံးတော်မူသည်။ ဒီကနေ့ (၁၄-၄-၂၀၁၅) သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့၊ သီတဂူဓမ္မဝိဟာရ ကျောင်းတိုက်အတွင်း တည်ထား ပူဇော်အပ်သော ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ရွှေင်ထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်သည်။
၇-၄-၂၀၁၅ နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင် သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်သည်။
၂၇.၃.၂၀၁၅ (တပ်မတော်နေ့) တွင် သီတဂူဆရာတော်ကြီးက သုခကုသိုလ်ဖြစ် မျက်စိဆေးရုံအတွက် အမေရိကန်ဒေါ်လာ (၃၀၀၀၀) သုံးသောင်း ( ကျပ်ငွေ သိန်းသုံးရာကျော်) တန်ဖိုးရှိ မျက်စိခွဲစိပ်ရာ အသုံးပြုသော Operation Microscope တစ်စုံကို လှူဒါန်းသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ဒုတိယအကြိမ် အဖြစ် (၂၇-၃-၂၀၁၅)နေ့ကစပြီး မျက်စိ စမ်းသပ် ခွဲစိပ် ကုသခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်နေပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဖားကန့်ဒေသတွင် ဓမ္မခရီးရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၁၉-၃-၂၀၁၅ နေ့က ဖားကန့်မြို့နယ်၊ လုံးခင်အုပ်စု ကန်ဆီးဟော် (ဒူးဝါး)ရွာတွင် စာသင်ကျောင်း ဆောက်လုပ်ရာဝယ် ကျပ်သိန်းပေါင်း (၁၀၀) တစ်ရာကို လှူဒါန်းခဲ့သည်။
သီတဂူဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတွင် ၂၀၁၅-ဇန်နဝါရီလ-၃၁ရက်နေ့မှ စတင်၍ မျက်စိစမ်းသပ် ကုသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read more: ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ မျက်စိကုသမှု
We have 4 guests and no members online
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။
Read More...
ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။
Read More...
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို
Read More...
တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ
Read More...
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈