Activities

သီတဂူဟုမ္မလင်း မျက်စိအထူးကုအဖွဲ့

၁၂၊၁၃၊၁၄-၈-၂၀၁၄ နေ့များတွင် သီတဂူမျက်စိအထူးကု အဖွဲ့သည် စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့၊ သီတဂူစက္ခုဒါနဆေးရုံ၌ လူနာ (၉၁၃) ယောက်ကို စမ်းသပ်ပြီးစီးသည့်အခါ  မျက်စိဝေဒနာရှင် (၇၂) ယောက်ကိုတော့ ခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်။


နောက်ထက်ရောက်လာကြမည့် မျက်စိဝေဒနာရှင်များကိုလည်း ယခုလ (၁၆) ရက်နေ့အထိ စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read more: သီတဂူဟုမ္မလင်း မျက်စိအထူးကုအဖွဲ့

သီတဂူဆရာတော်ကြီး ပျဉ်းမနားမျက်စိဆေးရုံ ဖွင့်ပွဲတက်ရောက်

သီတဂူဆရာတော်ကြီးသည် ၅-၈-၂၀၁၄ (အင်္ဂါနေ့)တွင် ပျဉ်းမနားမြို့ ဇီဝိတဒါနသံဃာ့ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

၄-၈-၂၀၁၄ နေ့မှစ၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ခြင်းများကို သီတဂူသာသနာပြုအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သော မျက်စိအထူးကုဆရာဝန်ကြီး ပရော်ဖက်ဆာဒေါက်တာ မြအောင်ဦးဆောင်ကာ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာလှမောင်ဒင်၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာစဂျေလွင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခက်ခက်မျိုး၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ညွန့်အောင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်မောင်သန့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းသန်းထိုက်တို့မှ အလင်းလုပ်အားဒါနပြု ဆောင်ရွက်နေကြပါသည်။

Read more: သီတဂူဆရာတော်ကြီး ပျဉ်းမနားမျက်စိဆေးရုံ ဖွင့်ပွဲတက်ရောက်

သီတဂူဆရာတော်နှင့် ကရုဏာ (Mercy Ship) ဆေးရုံသင်္ဘောကြီးအဖွဲ့တို့ တွေ့ဆုံခြင်း

အချိန် =   ၂၀၁၄-ဂျူလိုင်လ၂၈-ရက် နံနက် ၉:၀၀ - ၁၀:၃၀ နာရီ

 နေရာ =   အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် Lindale မြို့

             ဧက-၄၀၀ ရှိ ခြံဝင်းကြီးအတွင်း (Mercy Ship )                              

             ဆေးရုံသင်္ဘောကြီး အဖွဲ့ရုံးချုပ်

 

သီတဂူဆရာတော်သည် သူ၏ ကိုယ်ရေးအတွင်းရေးမှုး စတီဗင်ဆင် (ဘုန်းကြီးကျောင်းသားလေး) နှင့်အတူ Mercy Ship ၏အဖွဲ့ချုပ်တည်ရာ Lindale ရုံးချုပ်သို့ရောက်ရှိသွားရာ Mercy Ship အပြည်ပြည်ဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့ကြီး၏ ဒုတိယဥက္ကဋ္ဌ Mr. Jim Paterson နှင့်ရုံးအဖွဲ့က ဆီးကြို နှုတ်ဆက်၍ လက်ခံကာ တွေ့ဆုံပါသည်။

သီတဂူအဖွဲ့၊ မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် Mercy Ship အဖွဲ့ ပူးတွဲ၍ မြန်မာပြည်တွင် အထွေထွေကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ အထွေထွေခွဲစိတ်၊ မျက်စိခွဲစိတ်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မှု စသော အထူးကျန်းမာရေးစောင့်ရှောက်မှု ကုသမှုအစီအစဉ်တရပ် ပြုလုပ်ရန် သဘောတူ ကြသည်။

Read more: သီတဂူဆရာတော်နှင့် ကရုဏာ (Mercy Ship) ဆေးရုံသင်္ဘောကြီးအဖွဲ့တို့ တွေ့ဆုံခြင်း

သီတဂူ ဆေးရုံပစ္စည်း အလှူတော်

၂၇-၇-၂၀၁၄ နေ့က သီတဂူဆရာတော်ကြီးသည် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သံဃာ့ဘေသဇ္ဇဌာန ဝိဟာရ (ဆေးရုံကြီး) သို့ ဆေးရုံးသုံးပစ္စည်း (မျက်စိခွဲစိပ်ပစ္စည်း)များကို ပေးအပ်လှူဒါန်းခဲ့သည်။

အမေရိကရောက်နေသော ဆရာတော်ကြီး၏ ကိုယ်စား သီတဂူသာသနာပြုအဖွဲ့ ကပ္ပိယ အတွင်းရေးမှူး သီတဂူဦးဟန်၊ သီတဂူ ဦးမြအောင် (မျက်စိအထူးကုဆရာဝန်ကြီး)၊ ဒေါက်တာခင်မောင်ဇော် (သီတဂူအာယုဒါနဆေးရုံအုပ်)နှင့် သီတဂူသာသနာပြုအဖွဲ့တို့က သွားရောက် လှူဒါန်းကြသည်။ ဆေးရုံသုံးပစ္စည်း၏ တန်ဖိုး- အမေရိကန်ဒေါ်လာ (၈၀၁၂၄) ရှစ်သောင်းကျော် ရှိသည်၊ မြန်မာကျပ်ငွေ သိန်း ရှစ်ရာနီးပါးဖြစ်သည်။

 

Read more: သီတဂူ ဆေးရုံပစ္စည်း အလှူတော်

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈