Activities

သီတဂူဆရာတော်နှင့် ကရုဏာ (Mercy Ship) ဆေးရုံသင်္ဘောကြီးအဖွဲ့တို့ တွေ့ဆုံခြင်း

အချိန် =   ၂၀၁၄-ဂျူလိုင်လ၂၈-ရက် နံနက် ၉:၀၀ - ၁၀:၃၀ နာရီ

 နေရာ =   အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် Lindale မြို့

             ဧက-၄၀၀ ရှိ ခြံဝင်းကြီးအတွင်း (Mercy Ship )                              

             ဆေးရုံသင်္ဘောကြီး အဖွဲ့ရုံးချုပ်

 

သီတဂူဆရာတော်သည် သူ၏ ကိုယ်ရေးအတွင်းရေးမှုး စတီဗင်ဆင် (ဘုန်းကြီးကျောင်းသားလေး) နှင့်အတူ Mercy Ship ၏အဖွဲ့ချုပ်တည်ရာ Lindale ရုံးချုပ်သို့ရောက်ရှိသွားရာ Mercy Ship အပြည်ပြည်ဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့ကြီး၏ ဒုတိယဥက္ကဋ္ဌ Mr. Jim Paterson နှင့်ရုံးအဖွဲ့က ဆီးကြို နှုတ်ဆက်၍ လက်ခံကာ တွေ့ဆုံပါသည်။

သီတဂူအဖွဲ့၊ မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် Mercy Ship အဖွဲ့ ပူးတွဲ၍ မြန်မာပြည်တွင် အထွေထွေကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ အထွေထွေခွဲစိတ်၊ မျက်စိခွဲစိတ်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မှု စသော အထူးကျန်းမာရေးစောင့်ရှောက်မှု ကုသမှုအစီအစဉ်တရပ် ပြုလုပ်ရန် သဘောတူ ကြသည်။

 

တည်ထောင်သူ

Mercy Ship ကို အမေရိကန်လူမျိုး Mr. Don Stephen က ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံး၏ ကျန်းမာရေးဆိုင်ရာ ပရဟိတလုပ်ငန်းကို ကုသိုလ်ဖြစ် လုပ်ဆောင် နေသော အဖွဲ့ကြီးတခုဖြစ်သည်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော စေတနာရှင် ကရုဏာရှင် ကုမ္ပဏီသူဋ္ဌေးများက ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းသော အဖွဲ့ကြီးဖြစ်သည်။

သင်္ဘောကြီး

သင်္ဘောကြီး ၃စင်း ရှိသည်။ လေးထပ်သင်္ဘောကြီးများဖြစ်သည်။ သင်္ဘောပေါ်တွင် ခွဲစိတ်ခန်း ၅ ခုပါရှိသည်။ သင်္ဘောသားနှင့် ဆရာဝန်သူနာပြု ဝန်ထမ်းပေါင်း ၂၀၀ မှ ၄၀၀ ထိ ရှိသည်။

နိုင်ငံပေါင်း ရ၀ ကျော်သို့ သွားရောက်၍ လူနာပေါင်း မြောက်များစွာကို ကရုဏာဖြင့် ကုသိုလ်ဖြစ် ကုသခွဲစိတ်ပေးခဲ့ပြီးဖြစ်သည်။

သီတဂူဆရာတော်နှင့် Mr Jim Paterson တို့သည် သီတဂူနှင့် ကရုဏာ (Mercy) တို့လက်တွဲ၍ မြန်မာပြည်တွင် မလုပ်ဘူးသေးသော ဆေးရုံသင်္ဘောဖြင့် ဆေးကုသမှု အလုပ်ကို လုပ်ကိုင်ဆောင်ရွက်ရန်၊ မြန်မာ၊ အမေရိကန်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာတို့ လက်တွဲလျောက်ရန် Common Platformမှာ ကရုဏာ (Mercy) ဖြစ်ကြောင်း သဘောတူကြသည်။ လက်တွေ့လုပ်ငန်း မဆောင်ရွက်သေးမှီ ရှေ့ပြေးအဖွဲ့များ လာရောက်၍ သင်္ဘောရပ်နားဆိုက်ကပ်ရန် နေရာစီစစ်ရေး၊ လူနာများစုဆောင်း စီစဉ်ရေး၊ သင်္ဘောပေါ်ပါ ဝန်ထမ်းများ ဗီဇာကိစ္စများ၊ အိမ်ရှင်က Mercyကို ကူညီ လက်တွဲရေးကိစ္စများ၊ ဆွေးနွေးရန်တို့ကို တိုင်ပင်ညှိနိုင်းခဲ့ကြသည်။

 

We Believe in Better care for Better Health.

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူသာသနာပြုအဖွဲ့

20140730-1

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈