Gazette

သီတဂူဆရာတော် ဓမ္မဒူတခရီးစဉ်

(သီရိလင်္ကာနိုင်ငံ၊ ကိုလံဘို-၂၀၁၉)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၂-၈-၂၀၁၉ ရက်နေ့၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ သာသနာပြုခရီးစဉ်သတင်းများ။

#ရာမညနိကာယဂိုဏ်းသို့ကြွရောက်

https://www.facebook.com/189920130276/posts/10162069446820277?sfns=mo

#နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
သီရိလင်္ကာနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mr. Kari Jayasuriya M.P မှ သီတဂူဆရာတော်ကြီးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားတော်နာယူကြည်ညိုခြင်း။

#ကေလေနိယတက္ကသိုလ်သို့
နေ့ဆွမ်းအပြီးတွင် ကေလေနိယျတက္ကသိုလ်ဘွဲ့လွန်ပါဋ္ဌိတက္ကသိုလ်သို့ ကြွရောက်ပါသည်။ တက္ကသိုလ်မှ ဒါရိုက်တာပရော်ဖက်ဆာ အနုနာယကရာဟုလာ (Postgraduate Institute of Pâli and Buddhist Studies, University of Kelaniya, Director, Senior Prof. Dr. Ven. Kotapitiye Rahula Anunayaka Thera.) က မြန်မာပညာသင် ကျောင်းသားများ၊ သာသနာရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြပါသည်။

#သတင်းဓါတ်ပုံကြည့်ရန်
https://www.facebook.com/373346706204380/posts/1135681919970851?sfns=mo

#မကုဋာရာမမြန်မာကျောင်းသို့
နေ့လည်ခင်းတွင် မကုဋာရာမမြန်မာကျောင်းတိုက်သို့ ကြွရောက်ပြီး သီရိလင်္ကာနိုင်ငံတွင် ပညာသင်ယူနေကြသည့် မြန်မာနိုင်ငံမှ ရဟန်းတော်များကို သြဝါဒချီးမြှင့်ပေးပြီးနောက် ကျောင်းတိုက်တွင် လိုအပ်နေသော ရေစင်ဆောက်လုပ်နိုင်ရန် USD-15,000$ လှူဒါန်းပေးတော်မူပါသည်။

#မကုဋာရာမမြန်မာကျောင်း
မကုဋာရာမကျောင်းတိုက်သည် ဆရာတော်ဦးဝိနယ တည်ထောင်တော်မူခဲ့ပြီး နှစ်ပေါင်း-၁၀၀ ကျော် သက်တမ်းရှိသည့် မြန်မာထေရဝါဒ ကျောင်းတိုက်ဖြစ်ပါသည်။

သီတဂူဆရာတော်ကြီးနှင့်အတူ သာသနာပြုခရီးလိုက်ပါသွားသည့် သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူးဦးကျော်မိုးနိုင်မှ ဆရာတော်ကြီးကိုယ်စား လှူဒါန်းမှုကို ဆောင်ရွက်ပြီး သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဟန်သူမှ လက်ခံရယူပါသည်။

#သတင်းဓါတ်ပုံကြည့်ရန်
https://www.facebook.com/189920130276/posts/10162070210885277?sfns=mo

ထို့အပြင် ရေစင်နှင့် ကျောင်းတိုက်အခြားလိုအပ်ချက်များအတွက် အသုံးပြုနိုင်ရန် ကွယ်လွန်သူကျောင်းဒကာကြီး ဦးခင်ဦးအောင်အား ရည်စူး၍ သီတဂူကျောင်းအစ်မကြီး ဒေါ်မြင့်မြင့်အုန်း၊ သား၊ သမီး၊ မြေး၊ မြစ်များ (အောင်ပြည်တန်ကုမ္ပဏီမိသားစု) က USD-5,000$ လှူဒါန်းကြပါသည်။

#ကိုလံဘိုရောက်ရှိ-သတင်း
https://www.facebook.com/373346706204380/posts/1135098433362533?sfns=mo

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈