Gazette

သီတဂူဆရာတော် ရုရှားရဟန်းခံပွဲ ချီးမြှင့်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ကြွရောက်တော်မူလာသော ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည်

၂၀၁၉ ခု သြဂတ်လ ၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရသို့ကြွရောက်တော်မူပြီး ရုရှားလူမျိုးဗုဒ္ဓဘာသာတစ်ယောက်အပါဝင် ရဟန်းလောင်း ၁၂ ပါးတို့ကို မြင့်မြတ်သောရဟန်းအဖြစ်သို့ ပို့ဆောင်ပေးတော်မူခဲ့ပါသည်။

ထို့နောက် ---

  • ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားအား စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း နှင့် ဇနီးမိသားစုတို့က ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
  • ရုရှားလူမျိုးဗုဒ္ဓဘာသာဝင်များအား ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် လုပ်ဆောင်နေဆဲ သာသနာပြုလုပ်ငန်းများကို ဆရာတော်ဘုရားကြီးကိုယ်တိုင် ရှင်းလင်းပြောကြားခြင်း နှင့်
  • ဆရာတော်ဘုရားကြီးအား သိလိုရာများ ရုရှားဗုဒ္ဓဘာသာဝင်များက မေးမြန်းလျှောက်ကြားခြင်းများပြုလုပ်ကြပါသည်။

ရဟန်းဒါယကာ + ရဟန်းဒါယိကာမများ

စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် ဇနီးအမှူးပြုသော

စစ်တက္ကသိုလ် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များမိသားစု။

သတင်း ဓာတ်ပုံ။ ။သီတဂူဒေါက်တာ အရှင်အစ္ဆရိယ

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈