Gazette

ကြိုဆိုပွဲ နှင့် ဗုဒ္ဓဓမ္မ ဒီပလိုမာအောင်လက်မှတ် ပေးအပ်ပွဲ (စစ်ကိုင်း)

၁၃၈၁-ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ (28/05/2019) ရက်နေ့၊ နံနက် ၈ နာရီတွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သဒ္ဓမ္မဇောတိကာ မဟာသိမ်တော်ကြီး၌ ကျောင်းသားများကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲကို ကျင်းပခဲ့သည်။ နံနက် ၁၀ နာရီတွင် သီတဂူအဓိဋ္ဌာန်ဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ထိုအခမ်းအနားသို့ သီတဂူအဓိပတိဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် မိဂဒါဝုန်ဆရာတော်၊ တိုင်းသံဃနာယက ဒုတိယဥက္ကဋ္ဌ (သုဓမ္မာ) ခေမာသီဝံဆရာတော်၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ (သုဓမ္မာ) ဆရာတော်၊ တိုင်းသံဃနာယက ဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်၊ မြို့နယ် သဃနာယက ဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်၊ စစ်ကိုင်းတောင်ရိုး ဝေဇယန္တာကျောင်းဆရာတော်၊ ဆရာတော် ဦးမဟောသဓပဏ္ဍိတ (ဝေဇယန္တာ)၊ သီတဂူ စစ်ကိုင်း စီမံအုပ်ချုပ်ရေးဆရာတော်များ၊ စာချကထိကဆရာတော်များ၊ ကျောင်းသား ကျောင်းသူများ နှင့် ဒကာ ဒကာမများ တက်ရောက်ကြသည်။

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးသည် ကျန်းမာရေးအရ မတက်ရောက်နိုင်သော်လည်း ကျောင်းသား ကျောင်းသူများအား အသံဖိုင်ဖြင့် နှုတ်ခွန်းဆက် လမ်းညွှန်သြဝါဒ ပေးတော်မူသည်။

ကြွရောက်လာကြသော ဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ အား သီတဂူဒကာ ဒကာမများက လှူဖွယ်ဝတ္ထု အစုစုကို ဆက်ကပ်လှူဒါန်းကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈