Gazette

သီတဂူဆရာတော်ကြီးခရီးစဉ်သတင်း

(ထိုင်းနိုင်ငံ ဖယောင်းမြို့၊ ရွှေတိဂုံပုံတူစေတီ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲကြွရောက်)

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ကြီးဦးဆောင်သောသီတဂူအဖွဲ့သည် ၂၀၁၉ ခု ဇန်နဝါရီလ ၃၁ နေ့လည်ပိုင်းတွင်ထိုင်းနိုင်ငံချင်းမိုင်မြို့မှဖယောင်းမြို့သို့ ကြွရောက်ရှိရာ ဖယေင်းမြို့သို့ည ၇ နာရီ အချိန်တွင်ရောက်ရှိလာရာကျောင်းထိုင်ဆရာတော်ဦးဓမ္မာစိဏ္ဏ နှင့်ချင်းမိုင်ဝပ်ဆိုင်မွန်း မြန်မာကျောင်းထိုင်ဆရာတော်ဦးကောဏ္ဌညတို့ ဦးဆောင်သောအဖွဲ့မှခရီးဦးကြိုဆိုကြပါသည်။

ထိုမှတဆင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖယောင်းမြို့ရှိဝပ်ဆီချုန်းရူရမ်ကျောင်းရှိ ရွှေတိဂုံပုံတူထီးတော်တင်လှူပွဲသို့ကြွရောက်ကာ သီတဂူဆရာတော်နှင့်တပည့်များစုပေါင်းလှူဒါန်းသော စိန်းဖူးတော်နှင့် ငှက်မြတ်နားတော်တို့အားတပ်ဆင်ပူဇော်ခြင်းအခမ်းအနားတွင် ရေစက်ချတရားဟောကြားတော်မူပါသည်။ ထို့နောက်မြန်မာ၊ထိုင်းတပည့်များမှနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။

ဝပ်ဆီချုန်းရူရမ်ကျောင်းသည် ထိုင်းနိုင်ငံရှိအနည်းငယ်မျှသာကျန်ရှိတော့သော မြန်မာဘုန်းတော်ကြီးကျောင်းထိုင် အဖြစ်တည်နေသောကျာင်းများထဲမှ တစ်ကျောင်းဖြစ်ပါသည်။ ထိုကျောင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းမြို့တွင်တည်ရှိကာ ကျောင်းထိုင်ဆရာတော်ဦးဓမ္မာစိဏ (သက်တော် ၈၁ ဝါတော် ၆၁ဝါ) မှလွှန်ခဲ့သော ၄၉ နှစ်တွင်ရောက်ရှိခဲ့ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-626 gazette-627 gazette-628 gazette-629 gazette-630 gazette-631

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 19 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈